တိုခုတေးဂီနိုးဗီဇာဖြင့် ဂျပန်တွင် အလုပ်ထွက်ပါကလုပ်ဆောင်ရန်လုပ်ထုံးလုပ်နည်းများ?ဂျပန်တွင်အလုပ်ဆက်လက်လုပ်ကိုင်နိုင်ရန် အရေးကြီးသော အချက် ၃ ချက်ကိုရှင်းပြပါမည်!

ဂျပန်တွင်အလုပ်လုပ်ခြင်း

ဂျပန်တွင်အလုပ်ထွက်မည်ဆိုပါက၊မည်သို့သောလုပ်ထုံးလုပ်နည်းများလုပ်ရသည်ကိုသိပါသလား?

ယခုတစ်ကြိမ်တွင်၊နိုင်ငံမပြန်ပဲဂျပန်မှာဆက်လက်အလုပ်လုပ်သည့်အခြေနေများနှင့်ပတ်သတ်ပြီးရေးသားဖော်ပြပေးပါမည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

အလုပ်ထွက်သွားသည့်အခါ ကုမ္ပဏီဘက်မှလက်ခံရမည့် စာရွက်စာတမ်းများ
အလုပ်ထွက်သောအခါ အလုပ်အာမခံထိုးထားသူ၏လက်မှတ် (雇用保険被保険者証)၊ တစ်နှစ်တာဝင်ငွေစာရွက် (源泉徴収票)၊ အခြေခံပင်စင်နံပါတ်အသိပေးစာ (基礎年金番号通知書)၊ အလုပ်ထွက်လွှာ (離職票) နှင့် အလုပ်ထွက်ခြင်းအတည်ပြုလွှာ (退職証明書) စသည့်စာရွက်စာတမ်းများကို ရယူရပါမည်။  ယခုရှင်းပြသွားသည့်စာရွက်များသည့်အလုပ်ပြောင်းခြင်းနှင့်လုပ်ထုံးလုပ်နည်းအမျိုးမျိုးအတွက်လိုအပ်သောကြောင့်သေချာစွာသိမ်းထားပေးပါ။

အလုပ်ထုတ်ခံရပါက “ အလုပ်ထုတ်ခြင်းအကြောင်းပြချက်စာရွက် (解雇理由証明書)” ကိုလည်း တောင်းဆိုနိုင်ပါသည်။

■ကုမ္ပဏီဘက်သို့ ပြန်အပ်ရမည့်အရာများ
ကျန်းမာရေးအာမခံကတ်၊ ဝန်ထမ်းကတ်၊ နာမည်ကတ်၊ သော့ စသည့်ကုမ္ပဏီပိုင်ပစ္စည်းများကို ပြန်အပ်ရပါမည်။ 

ကုမ္ပဏီအ‌ဆောင်တွင်နေထိုင်နေခဲ့သူများ
အနေဖြင့်၊ အိမ်မှထွက်ခွာသည့်အခါ**အိမ်ထွက်သည့်အခါကုန်ကျစရိတ်များ တောင်းဆိုလာနိုင်သည်ဖြစ်ပါ၍၊ကြိုတင်ပြီးစည်းမျဥ်းစည်းကမ်းများကိုအတည်ပြုထားစေချင်ပါသည်။ 

■နေထိုင်ခွန် (住民税) ပေးချေရမည့်အကြောင်း
အလုပ်ထွက်သွားပြီးနောက်ပိုင်းတွင်လည်း နေထိုင်ခွန် ကို ဆက်လက်ပေးချေရမည်ဖြစ်သည်။ 

-အလုပ်ထွက်သည့်အချိန်ကာလပေါ်မူတည်ပြီး၊ နောက်ဆုံးလစာမှတစ်ခါတည်း နုတ်ယူခံရနိုင်ခြင်းသို့မဟုတ်အခွန်ဆောင်ရမည့်စာရွက်ဖြင့်ပေးချေရခြင်းများလိုအပ်ပါသည်။

■ အလုပ်ထွက်ပြီးနောက် လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများ
①လဝကရုံးသို့ အကြောင်းကြားခြင်း
အလုပ်ထွက်ပြီး ၁၄ ရက်အတွင်း “ လုပ်ငန်းအဖွဲ့အစည်း ပြောင်းလဲမှုအသိပေးခြင်း (所属機関に関する届出)” ကို ပြုလုပ်ရမည်။

– အလုပ်အသစ်** ရရှိပြီးသားဖြစ်ပါက “ ဗီဇာပြောင်းလဲမှုအတွက် ခွင့်ပြုချက်လျှောက်ထားခြင်း (在留資格変更許可申請)” ပြုလုပ်နိုင်သည်။
– အလုပ်အသစ် မရှိသေး၍ ဗီဇာသက်တမ်းလည်း တိုနေပါက” အထူးလှုပ်ရှားမှုဗီဇာ (特定活動・就労可・6カ月)” **သို့ ပြောင်းလဲနိုင်သည်။

သတိပြုရန်

“ အထူးလှုပ်ရှားမှုဗီဇာ” သည် သတ်မှတ်ကျွမ်းကျင်မှုဗီဇာ (Tokutei Ginou) ၅ နှစ်စာရင်းထဲတွင် ပါဝင်သည်။ 

ဗီဇာသက်တမ်း လုံလောက်စွာ ရှိပါက “ အထူးလှုပ်ရှားမှုဗီဇာ” လျှောက်ထားမှု ပယ်ချခံရနိုင်သည်။ 

②ကျန်းမာရေးအာမခံနှင့် ပင်စင် အမျိုးအစားအပြောင်းအလဲလုပ်ခြင်း
အလုပ်ထွက်ပြီး ၁၄ ရက်အတွင်း မြို့နယ်ရုံး (市役所) တွင် အမျိုးသားကျန်းမာရေးအာမခံ (国民健康保険) နှင့် အမျိုးသားပင်စင် (国民年金) လျှောက်ထားရမည်။ 

– ကျန်းမာရေးအာမခံ သည် ယခင်အလုပ်လုပ်ခဲ့သည့်ကုမ္ပဏီမှာထည့်သွင်းသည့်အတိုင်းဆက်လက်ထည့်သွင်းသည့်စနစ်လည်းရှိသည်။ပေးချေဖို့ခက်ခဲသည့်အခါကင်းလွတ်ခွင့်စနစ်ကိုအသုံးပြုနိုင်သည်။

အလုပ်ထွက်ပါကလူမှုဖူလုံရေးအာမခံသည်မည်သို့ဖြစ်မည်နည်း?အမျိုးသားကျန်းမာရေးအာမခံနှင့်အမျိုးသားပင်စင်အာမခံအကြောင်း 

③အလုပ်လက်မဲ့ထောက်ပံ့ကြေး (失業手当) လျှောက်ထားခြင်း
အလုပ်အာမခံ (雇用保険) ထည့်ဝင်ထားသည့်အချိန်ကာလ သတ်မှတ်ချက်များ ပြည့်မှီပါက “ Hello Work” တွင် အလုပ်လက်မဲ့ထောက်ပံ့ကြေး (失業手当) ကို လျှောက်ထားနိုင်သည်။ 

-ရရှိနိုင်သည့်ထောက်ပံ့ကြေးပမာဏသည်အလုပ်မထွက်ခင်ရခဲ့သည့်လစာ၏50-80ရာခိုင်နှုန်းဖြစ်ပြီး လျှောက်ထားပြီး ၁-၂ လအတွင်း အလုပ်လက်မဲ့ထောက်ပံ့ကြေး ရရှိနိုင်သည်။

အလုပ်ထွက်ပြီးနောက် လုပ်ဆောင်ရမည့်လုပ်ထုံးလုပ်နည်းများကိုပေါ့လျော့ပါက

ဗီဇာပြောင်းလဲခြင်းနှင့်သက်တမ်းတိုးခြင်းများပြုလုပ်၍မရသည့်အခြေနေများဖြစ်တက်ပါသည်။ **အခက်အခဲရှိပါက မှတ်ပုံတင်ထားသော ကူညီထောက်ပံ့ပေးသည့်အဖွဲ့အစည်း(登録支援機関)နှင့် တိုင်ပင်ပါ။

ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စုံစမ်းရေးဖောင်