အထူးကျွမ်းကျင်မှု (Tokutei Ginou) ဖြင့် အလုပ်လုပ်နေစဉ် ရုတ်တရက်အလုပ်ထုတ်ခံရပါက မည်သို့ဆောင်ရွက်သင့်သည်ဟု ထင်ပါသလဲ?
ဂျပန်နိုင်ငံတွင် အကြောင်းအရင်း မရှိဘဲ အလုပ်ထုတ်ခြင်းကို နဂိုမူလကတည်းက ဥပဒေနှင့် တရားဝင် တားမြစ်ထားသည်။
ကိုယ်ဝန်ဆောင်ခြင်း သို့မဟုတ် မီးဖွားခြင်း၊ ဒဏ်ရာရခြင်း သို့မဟုတ် ဖျားနာမှု့ကြောင့် အလုပ်မလုပ်နိုင်သည့်အခါမျိုးတွင်အလုပ်ထုတ်၍မရပါ။
စာချုပ်သက်တမ်းပြည့်၍၊စာချုပ်ဆက်မချုပ်ခြင်းကိုလည်းလွယ်ကူစွာပြုလုပ်ခြင်းမပြုရန်သတ်မှတ်ထားသည်။
မိမိတွင်အမှားမရှိပါက၊ အလုပ်ထုတ်ခံရခြင်း နှင့်စာချုပ်ချုပ်ဆိုမှု့ရပ်တန့်လိုက်ခြင်းကို ပယ်ဖျက်ရန်ကုမ္ပဏီနှင့် ဆွေးနွေးနိုင်သည်။
သို့သော်လည်း အလုပ်ထွက်ရန် ဖြစ်လာပါက အောက်ပါအချက်များကို ကုမ္ပဏီအားအတည်ပြုပါ။
■အလုပ်ထုတ်ခြင်းအကြောင်းပြချက် ထောက်ခံစာ (解雇理由証明書) ရယူရန်
ကုမ္ပဏီက သင့်အား အလုပ်ထုတ်ရသည့် အကြောင်းပြချက်ကို အတည်ပြုထားသည့် စာရွက်စာတမ်းဖြစ်သည်။
ဤစာရွက်စာတမ်းသည် အလုပ်သစ် ရှာဖွေရာတွင် သို့မဟုတ် အလုပ်လက်မဲ့ဖြစ်စဉ် ထောက်ပံ့မှုများ ရယူသည့်အခါ လိုအပ်ခြင်းမျိုးရှိနိုင်သည်။ ကုမ္ပဏီထံမှ တောင်းယူထားပါ။
■အလုပ်ထွက်ရမည့် ရက်စွဲနှင့် အလုပ်ထုတ်ခြင်းကြိုတင် အသိပေးထောက်ပံ့ငွေ (解雇予告手当) စစ်ဆေးရန်
ဂျပန်နိုင်ငံ ဥပဒေအရ အလုပ်ထုတ်ခြင်းကို ၃၀ ရက် ကြိုတင် အသိပေးရမည်ဟု ပြဌာန်းထားသည်။
မိမိအနေဖြင့်တစ်စုံတစ်ခုအမှား အကြောင်းအရာ မရှိခြင်း၊ ရက် ၃၀ ကြိုတင် အသိပေးခြင်း မရှိဘဲ အလုပ်ထုတ်ခံရပါက အလုပ်ထုတ်ခြင်းကြိုတင် အသိပေးထောက်ပံ့ကြေး (解雇予告手当) အဖြစ် အနည်းဆုံး ရက်၃၀ စာ လစာကို တောင်းဆိုနိုင်သည်။
■ မရသေးသည့် လစာအား (未払い賃金) တောင်းဆိုရန်
ကုမ္ပဏီထံမှ မရသေးသော လစာများကို တောင်းဆိုရမည်။
မတရားအလုပ်ထုတ်ခံရမှု့ဖြစ်ပါက အလုပ်ထုတ်ခံရပြီးသည့်နောက်ပိုင်းရက်များအတွက်လစာကိုလည်း တောင်းဆိုနိုင်သည်။
လက်ခံနားလည်မပေးနိုင်သောအကြောင်းပြချက်ဖြင့်အလုပ်ထုတ်ခံရခြင်း၊စာချုပ်သက်တမ်းထပ်တိုးခြင်းမျိုးမရှိတော့သည့်အခါမျိုးတွင်၊ အောက်ဖော်ပြပါနေရာများတွင် အကြံဥာဏ်တောင်းဆို မေးမြန်းနိုင်သည်။
– မှတ်ပုံတင်ထားသော နိုင်ငံခြားသား ကူညီမှု့အဖွဲ့အစည်း (登録支援機関)
– အလုပ်သမားစံနှုန်းများစစ်ဆေးရေးဌာန (労働基準監督署)
– ရှေ့နေ(弁護士)
ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။