သတ်မှတ်ကျွမ်းကျင်မှုဖြင့် အလုပ်အသစ်ရှာဖွေရန် မှာ?အသုံးပြုနိုင်သောဝန်ဆောင်မှုများနှင့်သတိပြုရန်အချက်များကိုရှင်းပြပါမည်!

ဂျပန်တွင်အလုပ်လုပ်ခြင်း

“ ဂျပန်မှာ အလုပ်အသစ်ပြောင်းချင်ပေမဲ့အလုပ်မရှာတက်ဘူး?” ဆိုပြီး စိုးရိမ်နေသူများလည်း ရှိနိုင်ပါသည်။ 

ယခုတစ်ကြိမ်တွင် တိုခုတေးဂိနိုးဖြင့် အလုပ်ပြောင်းလိုသူများအတွက် အလုပ်ရှာဖွေရေးနည်းလမ်းများနှင့် သတိပြုရမည့်အချက်များကို မိတ်ဆက်ပေးပါမည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

① Hello Work ကို အသုံးပြုခြင်း
Hello Work (公共職業安定所) သည် ဂျပန်အစိုးရမှ အလုပ်ရှာဖွေရေးအတွက် ပံ့ပိုးပေးသောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ စီးပွားရေးလုပ်ငန်းအများစုရဲ့အလုပ်ခေါ်သည့်အချက်လက်များမှတ်တမ်းတင်ထားလျက်ရှိပြီးနိုင်ငံခြားသားများအတွက် အလုပ်အကိုင်များလည်း တဖြည်းဖြည်းပိုများလာနေသည်။ 

Hello Work သည် ဂျပန်နိုင်ငံအနှံ့တွင် ရှိပြီး အလုပ်ရှာဖွေရေးဆိုင်ရာ အကြံဉာဏ်ပေးမှုများနှင့် အလုပ်အကိုင်များကို မည်သည့်ကုန်ကျစရိတ်မှမလိုဘဲ တိုင်ပင်ရှာဖွေနိုင်ပါသည်။ 

သို့သော်စကားပြန်ဘာသာပြန်များမရှိတက်သည့်အခါများလည်းကြုံရနိုင်သည်မို့ဂျပန်ဘာသာစကားကိုအနေထားတစ်ခုလောက်ပြောနိုင်ရန်လိုအပ်သည်။ တိုကျို၊ နာဂိုယာ၊ အိုဆာကာ၊ ဖူကိုအိုကာကဲ့သို့ မြို့ကြီးများတွင်「နိုင်ငံခြားသားအလုပ်အကိုင်ဝန်ဆောင်မှုစင်တာ」 များရှိပြီး အလုပ်ရှာဖွေရေးအတွက် ပံ့ပိုးမှုရရှိနိုင်ပါသည်။

②SNS ကို အသုံးပြုခြင်း
Facebook ကဲ့သို့သော SNS တွင်လည်း အလုပ်ခေါ်စာများရှာဖွေနိုင်သည်။ တိုခုတေးဂိနိုးကျွမ်းကျင်မှုအလုပ်အကိုင်များ ကြော်ငြာထားသည့် Group များနှင့် Community များတွင် ပါဝင်ခြင်းဖြင့် အလုပ်အကိုင်ဆိုင်ရာ နောက်ဆုံးသတင်းများကို လွယ်ကူစွာ ရရှိနိုင်ပါသည်။ 

သို့သော် SNS အသုံးပြုရာတွင် သတိထားရန် လိုအပ်သည်။ အချို့သောမကောင်းသောလုပ်ငန်းရှင်များ သို့မဟုတ်တစ်စုံတစ်ဦးမှငွေကြေးအမြောက်အမြားတောင်းခံမှု့များလည်းရှိတက်သောကြောင့်သတိပြုရန်လိုအပ်ပါသည်။ဂျပန်ဥပဒေအရ အလုပ်ရှာနေသူများထံမှ အခကြေးငွေကောက်ခံခြင်းကို တားမြစ်ထားပါသည်။

③အလုပ်မိတ်ဆက်ပေးသည့်အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ (Agent) ကို အသုံးပြုခြင်း
ဂျပန်တွင်နိုင်ငံခြားသားများအတွက်သီးသန့်အလုပ်ကိုင်မိတ်ဆက်ပေးသည့်အလုပ်ရှာဖွေရေးကုမ္ပဏီများစွာ ရှိပါသည်။ သင့်လိုအပ်ချက်နှင့် ကိုက်ညီသော အလုပ်အကိုင်ရှာဖွေမှု၊ အင်တာဗျူးညှိနှိုင်းမှုများ၊ အလုပ်စတင်ပြီးနောက် ပံ့ပိုးမှုများကို အခမဲ့ရယူနိုင်ပါသည်။  အေးဂျင့်ကိုရွေးချယ်သည့်အခါကုမ္ပဏီ၏ရလဒ်နှင့်မိခင်ဘာသာစကားပံ့ပိုးမှု့ရှိမရှိအတည်ပြုရန်မှာအရေးကြီးသည်။ကုမ္ပဏီအချို့သည် “ မှတ်ပုံတင်စာရင်းသွင်းထားသောပံ့ပိုးမှုအဖွဲ့” အဖြစ်တည်ရှိနေပြီး၊ အလုပ်အကိုင်သာမက လူနေမှု့ဘဝအတွက်လည်း အထောက်အပံ့များပေးနေပါသည်။

→「(Specific Skills)ဂျပန်နိုင်ငံတွင် စိတ်ချစွာ အလုပ်လုပ်နိုင်ရန် ကူညီပံ့ပိုးပေးသည့် စနစ် (၁၀) ဆိုသည်မှာ  」

တဖန်၊အလုပ်ပြောင်းရာတွင် သတိပြုရန် အချက်များ
– တိုခုတေးဂိနိုးကျွမ်းကျင်မှုဖြင့် အလုပ်ပြောင်းခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ပါ။ လျှောက်ထားမှုလုပ်ငန်းစဉ်ကြောင့် လအနည်းငယ် ဝင်ငွေရမရှိနိုင်ခြင်းဖြစ်နိုင်သည်။ 

– စာချုပ်အချိန်ကာလသတ်မှတ်ထားသောအလုပ်ကိုတစ်ဝက်တစ်ပျက်ဖြင့်ထွက်၍မရပါ။

– အလုပ်ထွက်လိုပါက အနည်းဆုံး ၂ ပတ် – ၁ လ ကြိုတင်အသိပေးရန် လိုအပ်ပါသည်။

အလုပ်ပြောင်းဖို့စဥ်းစားနေပါက၊ပထမဦးစွာ登録支援機関ဆိုသည့်မှတ်ပုံတင်စာရင်းသွင်းထားသည့်ထောက်ပံ့ပေးသည့်အဖွဲ့အစည်းမှတာဝန်ရှိသူနှင့်တိုင်ပင်ရန်အကြံပြုပါသည်။လက်ရှိအလုပ်တွင်မကျေနပ်မှု့ရှိသည့်အခါတွင်လည်းခံစားခွင့်များကိုပြင်ဆင်ပေးဖို့တောင်းဆိုနိုင်သည့်အခါများလည်းရှိတက်ပါသည်။

တိုခုတေးဂိနိုးကျွမ်းကျင်မှု အမှတ်စဥ်၁ သည် နိုင်ငံခြားသားများအတွက် အများဆုံး ၅ နှစ် သက်တမ်းရှိသည်။ တစ်နေရာတည်းတွင် လုပ်သက်အတွေ့အကြုံ ရယူပြီးကျွမ်းကျင်မှု့ရှိလာပါကနေထိုင်ခွင့်အချိန်ကာလကန့်သတ်မထားသည့်တိုခုတေးဂိနိုး ကျွမ်းကျင်မှု အမှတ်စဥ်၂ သို့ကူးပြောင်းနိုင်ပါသည်။

အလုပ်ပြောင်းလိုပါက တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်ခြင်းမပြုဘဲ၊ မဖြစ်မနေ ယုံကြည်စိတ်ချရသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့် တိုင်ပင်ပါ။

ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စုံစမ်းရေးဖောင်