အထူးကျွမ်းကျင်မှု (Tokutei Ginou) ဖြင့် အလုပ်ပြောင်းလို့ရနိုင်ပါသလား? အခြေခံစည်းမျဉ်းများနှင့် သတိပြုရမည့်အချက်များ

ဂျပန်တွင်အလုပ်လုပ်ခြင်း

အထူးကျွမ်းကျင်မှု (Tokutei Ginou) ဖြင့် အလုပ်ပြောင်းနိုင်ကြောင်း သိပါသလား?

အလုပ်ပြောင်း၍လစာနှင့်ခံစားခွင့်များပိုမိုကောင်းမွန်လာမယ်ဆိုပါကပြောင်းကြည့်ချင်ကြသည်မဟုတ်ပါလား။ သို့သော် အထူးကျွမ်းကျင်မှု(Tokutei Ginou) ဖြင့် အလုပ်ပြောင်းရန် အောက်ပါအချက်များကို သတိပြုရမည်ဖြစ်သည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

တူညီသောလုပ်ငန်းနယ်ပယ်၊လုပ်ငန်းအမျိုးစား၌ပင် အလုပ်ပြောင်းခြင်း
အထူးကျွမ်းကျင်မှု (Tokutei Ginou) ဖြင့် အလုပ်လုပ်နိုင်သည့်အလုပ်များမှာဘိုးဘွားစောင့်ရှောက်မှု (介護)、နှင့်ဆောက်လုပ်ရေး (建設) အစရှိသည့်ထဲမှတိုခုတေးစာမေးပွဲအောင်မြင်ထားသောနယ်ပယ်ပင်ဖြစ်သည်။ 

– တူညီသောလုပ်ငန်းန ယ်ပယ်အတွင်း (Industry) နှင့် တူညီသော အလုပ်အကိုင်(Job Category) တွင် ပြောင်းလဲခြင်းဖြင့် စွမ်းရည်စစ်ဆေးမှုတိုခုတေးစာမေးပွဲဖြေဆိုရန် (技能試験) မလိုအပ်ပါ။ 
– သို့သော် မတူညီသောလုပ်ငန်းသို့ ပြောင်းလဲလိုပါက၊ ထပ်မံ၍စွမ်းရည်စစ်ဆေးမှု (技能試験) ဖြေဆိုရန် လိုအပ်ပါသည်။

→「ကျွမ်းကျင်မှုနယ်ပယ် 16 ခု၏ အလုပ်အကြောင်းအရာကို ရှင်းပြခြင်း။ သင်နဲ့ ကိုက်ညီတဲ့ လုပ်ငန်းကို ရွေးပါ။  」

အလုပ်ခန့်ပေးမည့်ကုမ္ပဏီ၏စံနှုန်းကိုရှာဖွေခြင်း
အလုပ်ပြောင်းမည့်ကုမ္ပဏီသည် အထူးကျွမ်းကျင်မှု (Tokutei Ginou) နိုင်ငံခြားသားများကို လက်ခံနိုင်ရန် အစိုးရ၏ စံချိန်စံညွှန်းများနှင့်ကိုက်ညီရမည်။ယေဘုယျအားဖြင့် 

– နိုင်ငံခြားသားအလုပ်သမားများအား သင့်လျော်သော အလုပ်သင်ကြားမှု့နှင့် ပံ့ပိုးမှု ရှိရမည်။ 
– လစာနှင့်ခံစားခွင့်များသည် ဂျပန်သားများနှင့်ညီမျှစွာဖြစ်နေသင့်ပါသည်။

③ နေထိုင်ခွင့်ပြုမိန့် ပြောင်းလဲ လျှောက်ထားရန်
အလုပ်ပြောင်းရန်ဆုံးဖြတ်ပြီးပါက၊ **ပြည်ထဲရေးနှင့်ဝန်ကြီးဌာန (出入国在留管理庁)လဝက** သို့ **နေထိုင်ခွင့်ပြုမိန့်ပြောင်းလဲမှု (在留資格変更許可申請)**ကို လျှောက်ထားရမည်။ 

– လျှောက်ထားရန် လိုအပ်သောစာရွက်စာတမ်းများတွင် **ယခင်ကုမ္ပဏီနှင့် ပြောင်းမည့်ကုမ္ပဏီနှစ်ခုလုံး၏ထောက်ခံစာများ ပါဝင်ပြီးလျှောက်ထားချိန် ၂ လခန့် ကြာမြင့်တက်ပါသည်။ခွင့်ပြုချက်မရခင်ကာလအတွင်းကုမ္ပဏီအသစ်တွင်အလုပ်လုပ်ခြင်းနှင့်အချိန် ပိုင်းအလုပ်လုပ်ခြင်းများပြုလုပ်မရပါ။

④ လစာမရနိုင်သည့် ကာလအတွက် ကြိုတင်ပြင်ဆင်ရန်
နေထိုင်ခွင့်ပြုမိန့် မကျသေးသည့်ကာလသည်ဝင်ငွေမရှိနိုင်သည်ကာလဖြစ်သောကြောင့် ၂~၃ လစာ အသုံးစရိတ်ကို ကြိုတင်စုဆောင်းထားမှသာ စိတ်ချရနိုင်သည်။ 
– အလုပ်မလုပ်နိုင်သည့် အချိန်ကာလသည် ၃ လကျော်သွားပါက၊ နေထိုင်ခွင့်ဖျက်သိမ်းခြင်း (在留資格取消) ဖြစ်နိုင်သောကြောင့်သတိပြုရန်လိုအပ်ပါသည်**။

⑤ အလုပ်ရှာဖွေရေးကုမ္ပဏီများ၏ ဝန်ဆောင်မှု အသုံးပြုခြင်း
ယခုအချိန်တွင် **နိုင်ငံခြားသားများအတွက်အလုပ်ရှာဖွေရေးကုမ္ပဏီများ** များလာသည်။ 

– ထိုကုမ္ပဏီများသည် **အလုပ်ပြောင်းခြင်း လုပ်ငန်းစဉ်မှ စ၍ နေထိုင်ခွင့်ပြုမိန့် လျှောက်ထားခြင်း** အထိ ပံ့ပိုးကူညီပေးနိုင်သည်။ 

– သို့သော် အဆင်ပြေချောမွေ့စွာမဖြစ်မြောက်ပါက **အနစ်နာမှု့များ** ရှိနိုင်သဖြင့်၊ အလုပ်ရှာဖွေရေးကုမ္ပဏီရွေးချယ်ရာတွင် သေချာစဉ်းစားရွေးချယ်ပါ။  အထူးကျွမ်းကျင်မှု (Tokutei Ginou) ဖြင့် အလုပ်ပြောင်းလိုပါက၊ အထက်ပါအချက်များကို သေချာလေ့လာပြီး၊ သင့်လျော်သည့် ပြင်ဆင်မှုများ ပြုလုပ်ပါ။

ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စုံစမ်းရေးဖောင်