အလုပ်ထွက်ပါကလူမှုဖူလုံရေးအာမခံသည်မည်သို့ဖြစ်မည်နည်း?အမျိုးသားကျန်းမာရေးအာမခံနှင့်အမျိုးသားပင်စင်အာမခံအကြောင်း 

လူမှု့ဖူလုံရေးအာမခံ

ဂျပန်နိုင်ငံတွင် အလုပ်လုပ်ပါက လူမှုဖူလုံရေးအာမခံသည် အလိုအလျောက် ပေးဆောင်ရသည့်အရာဖြစ်သည်။ သို့သော် အလုပ်ထွက်ပါက ၄င်းအာမခံသည် ပျောက်ပျယ်သွားပါမည်။ နိုင်ငံမပြန်ပဲ ဂျပန်တွင် အလုပ်သစ်ဆက်ရှာမည်ဆိုပါက မည်သို့လုပ်သင့်သည်ဟုထင်ပါသလဲ? 

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

အဖြေမှာ အောက်ပါနည်းလမ်းနှစ်ခုအတိုင်းဖြစ်ပါသည်။ 

1. လူမှုဖူလုံရေးအာမခံအားမိမိသဘောနှင့်ဆက်လက်ပေး‌ဆောင်ခြင်း။ 
2. အမျိုးသားကျန်းမာရေးအာမခံနှင့် အမျိုးသားပင်စင်အာမခံထဲသို့ ပေးသွင်းခြင်း။ 

ဂျပန်နိုင်ငံတွင်လူမှုဖူလုံရေးအာမခံမဝင်ထားသောသူများသည်အမျိုးသားကျန်းမာရေးအာမခံနှင့်အမျိုးသားပင်စင်အာမခံအားပေးဆောင်ရပါမည်။၄င်းကိုမပြုလုပ်ပဲပေါ့ဆနေပါကနေထိုင်ခွင့်ကဒ်ပြောင်းလဲခြင်းနှင့်သက်တမ်းတိုးသည့်အခါပြောင်းလဲမရခြင်းတိုး၍မရခြင်းများဖြစ်တက်ပါသည်။ 

**1. လူမှုဖူလုံရေးအာမခံအားဆက်လက်ပေးဆောင်သည့်အခါ**အလုပ်ထွက်ပြီးနောက်နေ့မှ ၂၀ ရက်အတွင်း နေထိုင်ရာဒေသ၏ တစ်နိုင်ငံလုံးဆိုင်ရာကျန်းမာရေးအာမခံအဖွဲ့သို့ လျှောက်ထားရပါမည်။ အလုပ်သစ်ရသည့်အချိန်ထိ အာမခံကြေးများကို ကိုယ်တိုင်ပေးဆောင်ရပါမည်။

**2. အမျိုးသားကျန်းမာရေးအာမခံနှင့် အမျိုးသားပင်စင်အာမခံ သို့‌ပြောင်းရွေ့ပါဝင်သည့်အခါ**: အလုပ်ထွက်သည့်နေ့မှစ၍ ၁၄ ရက်အတွင်း နေထိုင်ရာဒေသ၏ ရပ်ကွက်ရုံးနှင့်မြို့နယ်ရုံးများသို့ လျှောက်ထားရပါမည်။ အလုပ်သစ်ရ၍လူမှုဖူလုံရေးအာမခံသို့ ပြန်လည်ပေးသွင်းနိုင်သည့်အချိန်အထိ အာမခံကြေးများကို ကိုယ်တိုင်ပေးဆောင်ရပါမည်။

အမျိုးသားကျန်းမာရေးအာမခံသည် ဒဏ်ရာရသောအခါနှင့် ရောဂါဖြစ်သောအခါလိုအပ်၍ အမျိုးသားပင်စင်အာမခံ သည် အသက်အရွယ်အိုမင်းခြင်း၏ကြိုတင်ပြင်ဆင်မှု့အတွက် လိုအပ်ပါသည်။ သို့သော် အလုပ်ထွက်ပြီး ဝင်ငွေမရှိသောအခါတွင် ပေးဆောင်ခြင်းမှာ ခက်ခဲပါသည်။ 

စီးပွားရေးအခြေအနေမကောင်းသောအခါ အမျိုးသားကျန်းမာရေးအာမခံသည် အာမခံကြေးလျှော့ပေးခြင်း သို့မဟုတ်ကင်းလွတ်ခွင့်ပေးခြင်းနှင့်၊ အမျိုးသားပင်စင်အာမခံ သည် ပေးဆောင်မှု့ရက်ချိန်းတိုးခြင်း သို့မဟုတ် ကင်းလွတ်ခွင့်များကိုရနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက အမျိုးသားကျန်းမာရေးအာမခံသည် နေထိုင်ရာဒေသ၏ရပ်ကွက်ရုံးများ၊အမျိုးသားပင်စင်အာမခံသည်ပင်စင်အာမခံရုံးသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

လူမှုဖူလုံရေးအာမခံအားမိမိသဘောနှင့်ဆက်လက်ပေး‌ဆောင်မည်ဆိုပါကအခြေခံအားဖြင့်ပေးဆောင်ဖို့ရက်ချိန်းတိုးပေးခြင်းများနှင့်အာမခံကြေးလျှော့ပေးခြင်းတို့ မရှိပါ။ 

ထို့ပြင်အမျိုးသားပင်စင်အာမခံသည်လူမှုဖူလုံရေးအာမခံ၏ပင်စင်အာမခံနှင့်တူညီစွာ“တစ်ကြိမ်နုတ်ထွက်၍ငွေထုတ်ယူခြင်း”စနစ်ကိုအသုံးပြုပြီး နိုင်ငံပြန်သည့်အခါချေထားခဲ့သည့်ပမာဏအားလုံးနီးပါးပြန်ရ 

ပါသည်။ 

ပင်စင်ခွန်အာမခံနှင့်ပတ်သတ်သည့်ဆောင်းပါးလင့်ခ် 

ပုံမှန်အားဖြင့်လူမှု့ဖူလုံ‌ရေးအာမခံသည်လစာထဲမှအလိုလျောက်ဖြတ်သော်လည်း၊အလုပ်လက်မဲ့ဖြစ်၍မိမိသဘောနှင့်ပေးဆောင်သည့်လူမှု့ဖူလုံ‌ရေးအာမခံနှင့်အမျိုးသားကျန်းမာရေးအာမခံ၊အမျိုးသားပင်စင်အာမခံသည်ကိုယ်တိုင်လုပ်ထုံးလုပ်နည်းများကိုဆောင်ရွက်၍ပေးဆောင်ဖို့လိုအပ်ပါသည်။ဂျပန်နိုင်ငံတွင်ရင်ကော့၍ နေထိုင်ဖို့ရန်အတွက်သတ်မှတ်ထားသောကာလအတွင်းပေးဆောင်ခြင်းများပြု 

လုပ်ရန် သတိပြုပါ။ 

ဤဆောင်းပါးသည် ဂျပန်နိုင်ငံတွင် နေထိုင်သူများအတွက် အသိပညာနှင့် အချက်အလက်များကို တင်ဆက်ပေးပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်။ 


ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်