အကယ်၍အလုပ်လုပ်နေစဉ်သို့မဟုတ်အလုပ်အသွားအပြန်အချိန်တွင်ဒဏ်ရာအနာတရရရှိပါကမည်သို့လုပ်ဆောင်မည်နည်း။
အဖြေမှာ “ လုပ်ငန်းခွင်အတွင်းထိခိုက်မှု့အာမခံ ကို အသုံးပြု၍ ဆေးကုသမှု့ခံယူခြင်း” ဖြစ်သည်။
လုပ်ငန်းခွင်အတွင်းထိခိုက်မှု့အာမခံသည် ဂျပန်၏ လူမှုဖူလုံရေးအာမခံတစ်ခုဖြစ်သည်။ အလုပ်ကြောင့် ထိခိုက်မှု သို့မဟုတ် ရောဂါဖြစ်ပွားပါက ဆေးကုသစရိတ်ကို ကာကွယ်ပေးမည့်အာမခံဖြစ်သည်။
ကျန်းမာရေးအာမခံနှင့် ဆင်တူပေမယ့် ကျန်းမာရေးအာမခံသည် မိမိကိုယ်ပိုင်အချိန်တွင်ဖြစ်သည့် ထိခိုက်ဒဏ်ရာရမှု့သို့မဟုတ်ရောဂါများကိုကာကွယ်ပေးသော်လည်းလုပ်ငန်းခွင်အတွင်းထိခိုက်မှု့အာမခံသည်အလုပ်လုပ်နေစဉ်သို့မဟုတ်အလုပ်အသွားအပြန်အချိန်တွင်သာကာကွယ်ပေးသည်။ အခြေခံအားဖြင့် လုပ်ငန်းခွင်အတွင်းထိခိုက်မှု့အာမခံတွင်အကျုံးဝင်သော ထိခိုက်မှု့ သို့မဟုတ် ရောဂါများအတွက် ကျန်းမာရေးအာမခံကို အသုံးမပြုနိုင်ပါ။
ကျန်းမာရေးအာမခံတွင်ဆေးကုသစရိတ်၏ ၃၀ ရာခိုင်နှုန်းကို ကိုယ်တိုင်ပေးဆောင်ရမည်ဖြစ်သော်လည်း လုပ်ငန်းခွင်အတွင်းထိခိုက်မှု့အာမခံတွင်ကာယကံရှင်၏ကုန်ကျစရိတ်မှာသုညဖြစ်သည်။ ရောဂါကုသရန်လိုအပ်သော အရာအားလုံး (ဆေးကုသစရိတ်၊ ဆေးဝါးကုန်ကျစရိတ်၊ ဆေးရုံတက်ခများ)ကို အာမခံက ပေးချေပါသည်။ ထိခိုက်ရောဂါကြောင့် အလုပ်လုပ်၍မရပဲလစာမရရှိနိုင်ခြင်း၊ထိခိုက်ဒဏ်ရာကျန်ရှိခြင်း၊သေဆုံးခြင်းတို့ဖြစ်လျှင်ထောက်ပံ့ငွေပေးချေသောကြောင့်ဤ အာမခံသည် အထိရောက်ဆုံး ကာကွယ်မှုဖြစ်သည်။
ဥပမာမည်သည့်အချိန်တွင်လုပ်ငန်းခွင်အတွင်းထိခိုက်မှု့အာမခံ၏အကျုံးဝင်သူဖြစ်မည်ဆိုသည်ကိုအခြေခံအားဖြင့်အောက်ပါအချက်များဖြင့်ကြည့်ပါ။
■ လုပ်ငန်းခွင်အတွင်းထိခိုက်မှု့အာမခံ၏အကျုံးဝင်သူဖြစ်သည့် အကြောင်းအရာများ
・ ဂိုဒေါင်တွင်း အလုပ်လုပ်နေစဥ်အတွင်းအပူရှပ်သွားခြင်း။
・စက်ရုံထဲ၌အလုပ်လုပ်နေစဥ်စက်ထဲတွင်လက်ညှပ်မိ၍ထိခိုက်ဒဏ်ရာရရှိခြင်း။
・ ခိုင်းဂေါ့စောင့်ရှောက်မှု့လုပ်ငန်းတွင် လူနာကိုကူညီပေးရင်း ကျောကိုထိခိုက်ခြင်း။
・စက်ဘီးဖြင့်အလုပ်သွားစဥ်စက်ဘီးလဲကျကာခန္ဓာကိုယ်တစ်ခုလုံးလမ်းနှင့်ရိုက်မိခြင်း။
・အလုပ်ခွင်အတွင်းဆိုးရွားလှသောစိတ်ဆင်းရဲမှု့ပေးခြင်းနှင့်အနိုင်ကျင့်ခြင်းများကြောင့်စိတ်ကျရောဂါ
ခံစားရခြင်း။
အထက်ပါဖြစ်ရပ်များသည်လုပ်ငန်းခွင်အတွင်းထိခိုက်မှု့အာမခံ၏အကျုံးဝင်သောအချက်များဖြစ်သည်။
လုပ်ငန်းခွင်အတွင်းထိခိုက်မှု့အာမခံနှင့် ပတ်သက်သည့်သတိပြုရန်အချက်များကိုကြည့်ပါ။
■ လုပ်ငန်းခွင်အတွင်းထိခိုက်မှု့အာမခံနှင့် ပတ်သက်၍ သတိပြုရန် အချက်များ
1.လုပ်ငန်းခွင်ထိခိုက်မှု့များအတွက် ဆေးရုံသို့မဟုတ် လုပ်ငန်းခွင်ထိခိုက်မှု့အတွက်သတ်မှတ်ထားသော ကျန်းမာရေးဆေးကုသမှု့နယ်ပယ်တွင်ဆေးကုသမှု့ခံယူရမည်။
လုပ်ငန်းခွင်ထိခိုက်မှု့အာမခံအားအသုံးပြုကာ အခမဲ့ဆေးကုသမှု့ကို ရရှိရန် လုပ်ငန်းခွင်ထိခိုက်မှု့များအတွက် ဆေးရုံသို့မဟုတ် လုပ်ငန်းခွင်ထိခိုက်မှု့အတွက်သတ်မှတ်ထားသော ကျန်းမာရေးဆေးကုသမှု့နယ်ပယ်တွင်ဆေးကုသမှု့ခံယူရန်လိုအပ်သည်။အခြားကျန်းမာရေးဆေးကုသမှု့နယ်ပယ်တွင်ဆေးကုသမှု့ခံယူပါကဆေးကုသမှုစရိတ်ကိုကာယကံရှင်မှစိုက်၍ပေးချေထားရပြီးနောက်၊လုပ်ထုံးလုပ်နည်းများဆောင်ရွက်ကာငွေပမာဏအားလုံးပြန်ရနိုင်သည်။
2. လုပ်ငန်းခွင်ထိခိုက်မှု့အာမခံထဲတွင်အကျုုံးမဝင်သည့်အခြေအနေများလည်းရှိသည်
အလုပ်လုပ်နေစဥ်အချောင်ခိုခြင်းနှင့်အလုပ်အသွားအပြန်အချိန်တွင်အိမ်တန်းမပြန်ပဲဟိုဝင်ဒီဝင်လုပ်ခြင်း၊အိမ်ပြန်လမ်းမဟုတ်သောလမ်းမှပြန်ခြင်းစသည့်တို့မှဖြစ်ပေါ်သောထိခိုက်မှု့သို့မဟုတ်ရောဂါများသည် မိမိ၏လုပ်ဆောင်မှု့နှင့်သက်ဆိုင်သောအကြောင်းရင်းများဖြစ်သောကြောင့်အာမခံအကျုံးဝင်မှုရှိမည်မဟုတ်ပါ။အလုပ်နားချိန်ဖြစ်သည့်ကိုယ်ပိုင်အားလပ်ချိန်အတွင်း၌မိမိ၏လုပ်ဆောင်မှု့များ၊လွတ်လပ်စွာပါ
ဝင်နိုင်သောကုမ္ပဏီပါတီပွဲများအစရှိသည့်အလုပ်နှင့်မသက်ဆိုင်သည့်အခြေနေများကြောင့်ရရှိသောဒဏ်ရာများသည်လည်းအာမခံထဲတွင်အကျုံးမဝင်ပါ။
3. စိတ်ကျန်းမာရေးထိခိုက်မှု့နှင့်ပတ်သတ်သည့်လုပ်ငန်းခွင်ထိခိုက်မှု့အာမခံ၏အတည်ပြုချက်အတွက်အချိန်ကြာမြှင့်တက်ခြင်း
လုပ်ငန်းခွင်ထိခိုက်မှု့အာမခံသည် ရုပ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာနှင့်ရောဂါများသာမက၊စိတ်ကျရော
ဂါဖြစ်ခြင်းနှင့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှု့များအတွက်လည်းကာကွယ်ပေးပါသည်။ သို့သော် စိတ်ရောဂါ၏ အဓိကအကြောင်းရင်းအား အလုပ်ကြောင့် ဖြစ်သည်ကို သက်သေပြရန် ခက်ခဲတက်သောကြောင့် အာမခံအကျုံးဝင်မှုကိုအသိအမှတ်ပြုရန်၆လအထိကြာမြှင့်နိုင်သည်မှာထူးဆန်းသောအချက်တော့မဟုတ်ပေ။
အလုပ်လုပ်ရာတွင် ထိခိုက်ခြင်းနှင့်ရောဂါဖြစ်ပွားပါက ဆေးကုသမှုမတိုင်မှီ ကုမ္ပဏီကို အကြောင်းကြားပါ။ အာမခံဝင်မူအသိအမှတ်ပြုပါက သင့်အနေဖြင့် ဆေးကုသစရိတ်ကို ပေးဆောင်ရန်မလိုပါ။ လုပ်ငန်းခွင်ထိခိုက်မှု့အာမခံရရန်ကုမ္ပဏီ၏အထောက်အကူပြုမှု့လိုအပ်သည်။အကယ်၍ဆိုသောအချိန်တွင်သင့်ကုမ္ပဏီသည် ပူးပေါင်းဆောင်ရွက်မှု့ရှိပါက ယုံကြည်စိတ်ချနိုင်သည်။
တဖန်၊လုပ်ငန်းခွင်ထိခိုက်မှု့အာမခံ၏အာမခံကြေးသည်ကုန်ကျစရိတ်အားလုံးကုမ္ပဏီမှပေးချေသည့်အတွက်ကျန်းမာရေးအာမခံနှင့်ပင်စင်အာမခံ၊အလုပ်အာမခံများနှင့်မတူသောကြောင့်လစာထဲမှနုတ်ခံရခြင်းမျိုးမရှိပါ။
စိတ်ချစွာအလုပ်လုပ်ကိုင်ဖို့ရန်အတွက် လုပ်ငန်းခွင်ထိခိုက်မှု့အာမခံ၏အကျုံးဝင်သည့်ဘောင်အကန့်သ
တ်နှင့်သတိပြုရန်လိုအပ်သည့်အချက်များကိုသေချာစွာမှတ်သားထားကြပါစို့။
ဤဆောင်းပါးသည် ဂျပန်နိုင်ငံတွင် နေထိုင်သူများအတွက် အသိပညာနှင့် အချက်အလက်များကို တင်ဆက်ပေးပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။