အလုပ်အကိုင်အာမခံသည်ဂျပန်နိုင်ငံ၏လူမှုဖူလုံရေးအာမခံထဲမှတစ်ခုဖြစ်သည်။ အလုပ်အကိုင်အာမခံတွင် ပါဝင်ပါကအလုပ်လက်မဲ့ဖြစ်သောအခါတွင်နေထိုင်မှု့စားသောက်ရေးအခက်ခဲမဖြစ်စေရန်အထောက်ပံအကူအညီမျိုးစုံကို ရရှိနိုင်သည်။
ယခုတစ်ကြိမ်တွင် အလုပ်အကိုင်အာမခံ၏ အဓိက အကျိုးကျေးဇူးများနှင့် သတိပြုရန်အချက်များကို လွယ်ကူစွာ ပြောပြပေးပါမည်။
■ အလုပ်အကိုင်အာမခံ၏ အဓိက အကျိုးကျေးဇူးများ
1. အလုပ်လက်မဲ့ဖြစ်စဉ်ထောက်ပံ့ငွေ ရနိုင်ခြင်း
အလုပ်လက်မဲ့ဖြစ်ပြီး အလုပ်အကိုင် အသစ်ရရှိသည်အထိ အများဆုံး ၁နှစ်အတွင်း စားဝတ်နေရေးအာမခံအနေဖြင့်ထောက်ပံ့ငွေ ရရှိနိုင်သည်။ ကိုယ်ပိုင်ဆန္ဒဖြင့် အလုပ်ထွက်ခြင်းမဟုတ်ဘဲ ကုမ္ပဏီပြိုကွဲခြင်း သို့မဟုတ် အလုပ်ထုတ်ခြင်းကဲ့သို့သောအခြေနေများဖြင့် အလုပ်ထွက်ရသောအခါတွင် ပုံမှန်ထက် ကောင်းမွန်သောအာမခံကိုရရှိနိုင်ပါသည်။
2. အလုပ်ရှာရန်အတွက် အထောက်အကူပြုမှု ရရှိနိုင်ခြင်း
အလုပ်ရှာရန်အတွက် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးက အကြံပြုသည့် သင်တန်းများတက်ပြီးပါက ၂၀-၇၀% (အကန့်အသတ်ရှိသည့်) ထောက်ပံ့ငွေ ရရှိနိုင်ပါသည်။ အရည်အချင်းကျွမ်းကျင်မှု့မြှင့်တင်ရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အမျိုးအစား ပြောင်းရန် အထောက်အကူပြုသည်။ အထူးသဖြင့်ခိုင်းဂေါ့စောင့်ရှောက်မှု့လုပ်ငန်းတွင် အလုပ်လုပ်နေသူများအတွက် ခိုင်းဂေါ့အရည်ချင်းလက်မှတ် ရယူရန် ကုန်ကျစရိတ်အတွက် အသုံးပြုနိုင်သောကြောင့် အကြံပြုချင်ပါသည်။ ကာလစောလျှင်စွာအလုပ်ပြန်လည်ရရှိပါက၊အလုပ်ရရှိခြင်း ထောက်ပံ့ငွေများ လည်းရရှိနိုင်ပါသည်။
3. ကလေးပြုစုပျိုးထောင်ခြင်းနှင့်ခိုင်းဂေါ့အတွက် ထောက်ပံ့ငွေ ရရှိနိုင်ခြင်း
ကလေးမွေးခြင်းနှင့်ပြုစုပျိုးထောင်ခြင်း၊ခိုင်းဂေါ့အတွက်အချိန်ကာလကြာရှည်စွာအလုပ်မလုပ်နိုင်သောအခါတွင်သတ်မှတ်ကာလအတွင်းထောက်ပံ့ငွေရရှိနိုင်သည်။ဝင်ငွေအတန်အသင့်အားအိန္ဒြေမပျက်ရရှိနိုင်သည့်အတွက်ကြောင့်စိတ်ချ၍ကလေးပြုစုပျိုးထောင်ခြင်းနှင့်ခိုင်းဂေါ့အားဂရုတစိုက်လုပ်နိုင်သည်။
■ အလုပ်အကိုင်အာမခံ၏ သတိပြုရန်အချက်များ
1. Hello Work ရုံးသို့ သွားရောက်ရမည်
အလုပ်အကိုင်အာမခံ၏ ထောက်ပံ့ငွေ အတွက်လုပ်ထုံးလုပ်နည်းများမှာ သင့်နေထိုင်ရာ ဒေသရှိ Hello Workရုံးတွင်ပြုလုပ်ရမည်ဖြစ်သည်။အလုပ်လက်မဲ့ထောက်ပံ့ခြင်းအတွက်ဖြစ်ပါကငွေလက်ခံခြင်းဆောင်ရွက်ရန်လုပ်ထုံးလုပ်နည်းများနှင့်၊ရှင်းလင်းပို့ချပွဲများ၊အလုပ်အကိုင်တိုင်ပင်ခြင်းများဆောင်ရွက်ရန်လစဥ်လတိုင်း(အလုပ်လက်မဲ့အဖြတ်သတ်မှတ်ခြင်း)အစရှိသည့်တို့ဖြင့်သတ်မှတ်ကာလအတွင်းအ
မြဲတစဥ် Hello Work ရုံးသို့ သွားရောက်ရန်လိုအပ်ပါသည်။
2. အလုပ်လက်မဲ့ဖြစ်သည့်ထောက်ပံ့ငွေ ရရှိရန်အချိန်တစ်ခုကြာနိုင်သည်
အလုပ်လက်မဲ့ထောက်ပံ့ငွေ ရရှိရန်ရရှိနိုင်သည့်ခွင့်ပြုချက်ယူ၍ လိုအပ်ချက်များဖြည့်စွက်ပြီးနောက် စောင့်စားချိန်၇ရက် ကြာမြင့်သည်။ ကိုယ်ပိုင်ဆန္ဒဖြင့် အလုပ်ထွက်ပါက ကြာမြင့်ချိန်မှာ ၂-၃လ ထိရှည်ကြာတက်သည်။ စောင့်စားနေချိန်အတွင်း အချိန်ပိုင်းအလုပ်လုပ်၍ ဝင်ငွေရရှိနေပါက အလုပ်လက်မဲ့ထောက်ပံ့ငွေ လျော့နည်းနိုင်ခြင်းနှင့်မရရှိနိုင်ခြင်းများဖြစ်တက်သည်။
3. ထောက်ပံ့ငွေကို မမှန်မကန်လက်ခံထုတ်ယူခြင်းအတွက်ကြီးလေးသောပြစ်ဒဏ်ရှိသည်
အလုပ်ရှာခြင်းနှင့်ပတ်သတ်၍လိမ်လည်တင်ပြခြင်း၊ အချိန်ပိုင်းလုပ်ငန်းဖြင့် ဝင်ငွေရရှိမှုကို ဖုံးကွယ်ထားခြင်းရှိပါက ထောက်ပံ့ငွေပြန်လည်ပေးဆောင်ရန် နှင့် ထုတ်ယူခဲ့သောငွေ၏ အများဆုံးနှစ်ဆပြန်ပေးဆောင်ရမည်ဟူ၍တင်းကျပ်သောလုပ်ဆောင်မှု့ရှိသည့်အတွက်သတိပြုဖို့လိုအပ်ပေသည်။
အလုပ်အကိုင်အာမခံသည် အလုပ်လက်မဲ့ဖြစ်သောအခါ နှင့် အရည်ချင်းကျွမ်းကျင်မှုမြှင့်တင်ရန် သင်တန်းတက်လိုသောအခါ အထောက်အကူပြုသော်လည်း ထောက်ပံ့ငွေအကြောင်းအရာပေါ်မူတည်၍ အသုံးပြုနိုင်သည့်လိုအပ်ချက်များကိုအသေးစိတ်သတ်မှတ်ထားပါသည်။ အသေးစိတ်အားHello Work ရုံးတွင်တိုင်ပင်ဆွေးနွေးပါ။
တဖန်အလုပ်လက်မဲ့ဖြစ်သွားပါကလဝကရုံးသို့အကြောင်းကြားရန်မမေ့ပါနှင့်။အလုပ်လက်မဲ့ဖြစ်သွားသော်လည်းနေထိုင်ခွင်ကာလအတွင်းဂျပန်တွင်နေထိုင်နိုင်သော်လည်း၊မှန်ကန်မှု့မရှိသောအကြောင်းပြချက်နှင့်၃လနှင့်အထက်သို့မဟုတ်ကာလကြာမြင့်သွားသည့်အခါနေထိုင်ခွင့်ကတ်ဖျက်သိမ်းခံရနိုင်ချေရှိသည့်အတွက်သတိထားရန်လိုအပ်ပါသည်။
နောက်တစ်ကြိမ်တွင်လုပ်ငန်းခွင်အတွင်းထိခိုက်မှု့အာမခံ၏ဖွဲ့စည်းတည်ဆောက်ပုံနှင့်အကျိုးကျေးဇူးများကို အသေးစိတ် ဖော်ပြပေးပါမည်။
ဤဆောင်းပါးသည် ဂျပန်နိုင်ငံတွင် နေထိုင်သူများအတွက် အသိပညာနှင့် အချက်အလက်များကို တင်ဆက်ပေးပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။