ပင်စင်အာမခံသည်အရှုံးဖြစ်သွားနိုင်ပါသလား?အာမခံကြေးပြန်လည်ရရှိခြင်း「တစ်ကြိမ်နုတ်ထွက်၍ငွေထုတ်ယူခြင်း」စနစ်ဆိုသည်မှာ

လူမှု့ဖူလုံရေးအာမခံ

“ ကျန်းမာရေးအာမခံထဲသို့ပါဝင်လို့အဆင်ပြေပေသော်လည်းပင်စင်အာမခံထဲမထည့်ဝင်ချင်ဘူး” ဆိုသည့်နိုင်ငံခြားသားအလုပ်သမားများ၏စကားသံကိုလည်းကြားရတက်ပါသည်။အဘယ်ကြောင့်ထိုသို့ကြားရပါသနည်း။?

ပင်စင်အာမခံသည် ဂျပန်နိုင်ငံ၏ လူမှုဖူလုံရေးစနစ်ထဲမှ တစ်ခုဖြစ်ပါသည်။ ဆေးကုသမှု့ကုန်ကျစရိတ်အားလျော့ပေါ့ပေးနိုင်သောကျန်းမာရေးအာမခံနှင့်တစ်ဆက်တည်းအတူတကွမဖြစ်မနေပါဝင်ထည့်သွင်းရန်လိုပါသည်။

ပင်စင်အာမခံသည်အသက်အရွယ်ကြီးလာသည့်နောက်ပိုင်းနေထိုင်မှု့ဘဝအတွက်ရင်းနှီးမြုပ်နှံမှု့၏အထောက်ကူတစ်စိတ်တစ်ပိုင်းအနေနှင့်တည်ဆောက်ထားသောစနစ်ဖြစ်သော်လည်းငွေကြေးရယူနိုင်မှု့မှာအသက်၆၅နှစ်နောက်ပိုင်းမှသာလျှင်ဖြစ်သည်။အလုပ်လုပ်ပြီးနိုင်ငံပြန်မည်ဟုစီစဥ်ထားသူများသည်အလဟသဖြစ်သွားမည်လားဟုစိုးရိမ်မိတက်ကြသည်။

သို့သော်၊ပင်စင်အာမခံ၏အခန်းကဏ္ဍသည်အသက်အရွယ်ကြီးလာသည့်နောက်ပိုင်းနေထိုင်မှု့ဘဝအတွက်သာလျှင်မကပါ။ဂျပန်နိုင်ငံတွင်အလုပ်လုပ်လျက်ရှိသောသင့်တွင်တစ်စုံတစ်ခုဖြစ်ပြီးသင်မရှိတော့ပါကကျန်ရှိနေသောမိသားစုအတွက်အထောက်ကူပေးနိုင်သောအရာဖြစ်သွားပါမည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

ပင်စင်အာမခံ၏ အကျိုးကျေးဇူးများကို လေ့လာကြပါစို့။

■ ပင်စင်အာမခံ၏ အကျိုးကျေးဇူးများ
1. သက်ကြီးရွယ်အိုပင်စင်ကြေးရနိုင်ခြင်း
၆၅နှစ်မှအသက်ရှင်သန်နေ့သည့်ကာလတစ်လျှောက်သတ်မှတ်ထားသောငွေကြေးပမာဏထောက်ပံ့ကြေးရရှိမည်။ အာမခံကြေးပေးဆောင်မှုကာလ (ကင်းလွတ်ခွင့်ကာလပါဝင်သည့်အထိ)သည် ၁၀နှစ်အထက်ဖြစ်ရမည်ဟူ၍သတ်မှတ်ချက်ရှိသည်။

2. မသန်စွမ်းမှု့အတွက်အာမခံကြေးရရှိနိုင်ခြင်း
နာမကျန်းဖြစ်မှု့ သို့မဟုတ် ထိခိုက်မှု့များဖြင့် ဆရာဝန်မှ မသန်စွမ်းမှု့ရှိသည်ဟု အတည်ပြုခဲ့ပါက ရောဂါအခြေအနေအပေါ်မူတည်၍ ၁နှစ်မှ တစ်သက်တာအထိသတ်မှတ်ငွေပမာဏအား ပေးပါသည်။ အသက် ၆၅နှစ်အောက်ဖြစ်ပါက အာမခံကြေးပေးဆောင်မှုကာလ (ကင်းလွတ်ခွင့်ကာလပါဝင်သည်အထိ)သည် ပါဝင်မှု့ကာလ၏ ၂/၃နှင့် အထက်ရှိပြီး စစ်ဆေးမှု့နေ့ မတိုင်မီ ရှေ့၂လနှင့်ထိုနှစ်၁နှစ်အတွင်း အာမခံကြေးမဆောင်ထားသည့်ကိစ္စရပ်များရှိမနေရန်လိုအပ်ပါသည်။

3. ကျန်ရစ်သူမိသားစုမှငွေကြေးရရှိနိုင်ခြင်း
အကယ်၍ဂျပန်နိုင်ငံတွင် ကွယ်လွန်သွားပါက အိမ်ထောင်ဖက်နှင့် ကလေးများအတွက် ငွေကြေးထောက်ပံ့မှု့ပေးပါသည်။ အသက် ၆၅နှစ်အောက်ဖြစ်ပါက အာမခံကြေးပေးဆောင်မှုကာလ (ကင်းလွတ်ခွင့်ကာလပါဝင်သည်အထိ)သည် ပါဝင်မှုကာလ၏ ၂/၃နှင့် နှင့်အထက်ဖြစ်ပြီး၊ သေဆုံးမှုနေ့၏ရှေ့၂လနှင့်ထိုနှစ် ၁နှစ်အတွင်း အာမခံကြေးမဆောင်ထားသည့်ကိစ္စရပ်များရှိမနေရန်လို

အပ်ပါသည်။

အကယ်၍ဆိုသည့်အခြေအနေများအတွက်ပြင်ဆင်သည်ဟုစဥ်းစားကြည့်ပါပင်စင်အာမခံသည်အရှုံးဖြစ်မည်အရာမဟုတ်ပေ။

တဖန်၊ပင်စင်အာမခံအားအသုံးပြုမပြုပဲနိုင်ငံပြန်ဖို့ဖြစ်လာသည့်အခါ(တစ်ကြိမ်နုတ်ထွက်၍ငွေထုတ်ယူခြင်း) စနစ်ကို အသုံးပြု၍ ကိုယ်ပိုင်ထည့်သွင်းခဲ့သော အာမခံကြေးအများပြားကိုပြန်လည်ရနိုင်ပါသည်။

■ တစ်ကြိမ်နုတ်ထွက်၍ငွေထုတ်ယူခြင်း ၏ အဓိကအချက်လက်များ
・ ဂျပန်နိုင်ငံလိပ်စာရှိမနေရခြင်း
・ ပင်စင်အာမခံ (သို့မဟုတ် နိုင်ငံသားကျန်းမာရေးအာမခံ) ထဲမှ နုတ်ထွက်ထားခြင်း
・ ပင်စင်အာမခံ (သို့မဟုတ် နိုင်ငံသားကျန်းမာရေးအာမခံ) ကြေးပေးဆောင်ထားမှု့ကာလသည် ၆လမှ ၁၀နှစ်အောက်ဖြစ်ရမည်။ 

တစ်ကြိမ်နုတ်ထွက်၍ငွေထုတ်ယူခြင်း သည် ဂျပန်နိုင်ငံတွင် နေရပ်လိပ်စာမရှိသောနေ့မှ ၂နှစ်အတွင်း လျှောက်ထားတောင်းဆိုရမည်ဖြစ်သည်။ အများဆုံးလျှောက်ထားနိုင်သည်မှာ ၆၀လစာ (၅နှစ်)စာပင်ဖြစ်သည်။ကာယကံရှင်ကိုယ်တိုင်သို့မဟုတ်အစားထုတ်ပေးမည့်သူမှဂျပန်နိုင်ငံ၏ပင်စင်ခွန်ကြီးကြပ်ရေးအဖွဲ့အစည်းသို့လိုအပ်သော စာရွက်စာတမ်းများတင်ပြကာလျှောက်ထားရပါမည်။

သို့သော်၊တစ်ကြိမ်နုတ်ထွက်၍ငွေထုတ်ယူခြင်းအားဆောင်ရွက်ပြီးနောက်တွင်ယခုနောက်ဆုံးချိန်ထိပေးဆောင်ထားခဲ့သည့်ပင်စင်အာမခံများ၏ပေးဆောင်မှု့ကာလများအတွက်အချက်အလက်များမရှိတော့ပဲအစမှပြန်စရပါမည်။

ဥပမာအားဖြင့်၊ ကုမ္ပဏီတွင် ပင်စင်အာမခံကို ထည့်သွင်းကာနည်းပညာလုပ်သားအဖြစ် ၅နှစ်၊ ထို့အပြင်အထူးကျွမ်းကျင်လုပ်သားအဖြစ်၅နှစ်အလုပ်လုပ်ပါကသက်ကြီးရွယ်အိုပင်စင်ကြေးရရှိနိုင်သည့်၁၀နှစ်ကာလအထက်သတ်မှတ်ချက်အရ၁၀နှစ်ပြည့်သည်မှာထင်ရှားပေသည်။ ထိုအခါတွင်၊ တစ်ကြိမ်နုတ်ထွက်၍ငွေထုတ်ယူခြင်းဆိုသည့်နည်းထက်၊၆၅နှစ်အရွယ်မှတစ်သက်တာအထိသတ်မှတ်ထားသည့်ပမာဏအားရယူသည့်နည်းမှာပမာဏများစွာရရှိနိုင်ပါသည်။

တစ်ကြိမ်နုတ်ထွက်၍ငွေထုတ်ယူခြင်းမပြုလုပ်ပဲအနာဂတ်အတွက်ပေးဆောင်ထားသည့်ကာလ၏မှတ်တမ်းများကိုထိန်းသိမ်းထားခြင်းမှာလည်းနည်းလမ်းများထဲမှတစ်ခုပင်ဖြစ်သည်။သက်ကြီးရွယ်အိုပင်စင်အာမခံကြေးကို ရေမြေရပ်ခြားမှတစ်ဆင့်လည်းလျှောက်ထားတောင်းဆိုနိုင်သည်။

တစ်ကြိမ်နုတ်ထွက်၍ငွေထုတ်ယူခြင်း၏အသေးစိတ်အချက်အလက်များကိုဂျပန်နိုင်ငံ၏ပင်စင်ခွန်ကြီးကြပ်ရေးအဖွဲ့အစည်း၏home pageများတွင်နိုင်ငံခြားဘာသာဖြင့်ရှင်းပြချက်များရှိသည်။စိတ်ဝင်

စားသည့်သူများသွားရောက်ကြည့်ရှု့နိုင်သည်။
“ တစ်ကြိမ်နုတ်ထွက်၍ငွေထုတ်ယူခြင်းလုပ်ထုံးလုပ်နည်းများကိုလုပ်ဆောင်သည့်အခါ/ ဂျပန်နိုင်ငံ၏ပင်စင်ခွန်ကြီးကြပ်ရေးအဖွဲ့အစည်း”
https://www.nenkin.go.jp/service/jukyu/todokesho/sonota-kyufu/20150406.html

မိမိ၏အခြေအနေနှင့် အနာဂတ်အစီအစဉ်များကို သုံးသပ်ကာ ပင်စင်အာမခံအားပါဝင် ထည့်သွင်းပါ။

ဤဆောင်းပါးသည် ဂျပန်နိုင်ငံတွင် နေထိုင်သူများအတွက် အသိပညာနှင့် အချက်အလက်များကို တင်ဆက်ပေးပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်