ဂျပန်နိုင်ငံ၏ ကျန်းမာရေးအာမခံ ရှိပါက ထိခိုက်မှု့များနှင့် ရောဂါများအတွက် စိတ်ချနိုင်ပါသည်။ အားသာချက်များကို ရှင်းပြပါမည်။

လူမှု့ဖူလုံရေးအာမခံ

ဂျပန်၏လူမှု့ဖူလုံရေးအာမခံထဲတွင်ကျန်းမာ‌ရေးအာမခံလည်းတစ်ခုအပါအဝင်ဖြစ်သည်။ပါဝင်ထားပါကမည်သို့သောအကျိုးကျေးဇူးများရှိသည်ကိုသိရှိပါသလား။?

ယခုတစ်ကြိမ်တွင်ကျန်းမာရေးအာမခံ၏အကျိုးကျေးဇူးများနှင့်အသုံးပြုသည့်အခါသတိပြုရန်အချက်များကို ရှင်းပြပါမည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■ ကျန်းမာရေးအာမခံ၏ အဓိကအကျိုးကျေးဇူးများ
1. ဆေးကုသမှု့စရိတ်သက်သာခြင်း

ထိခိုက်မှု့များနှင့်ရောဂါဖြစ်သည့်အခါမျိုးတွင်ဆေးကုသစရိတ်၃၀ရာခိုင်းနှုန်းဖြင့်ကုသနိုင်သည်။သွားကုသခြင်း၊မျက်မှန်၊မျက်ကပ်မှန်သမားများအတွက်ဆေးညွှန်းများရယူသည့်အခါ၌လည်းအာမခံအသုံးပြုနိုင်သည်။ ဆေးရုံတက်ရ၍တစ်လစာဆေးကုသစရိတ်မြင့်မားနေပါက၊အာမခံလျှောက်ထားခြင်းဖြင့်မိမိ
ပေးချေရမည့်အကန့်သတ်ပမာဏကိုကျော်လွန်သွားပါက‌ကျော်လွန်သွားသည့်ပမာဏအားအာမခံမှအစားပေးချေပေးနိုင်သည်။

2. ရောဂါဖြစ်၍ အလုပ်လုပ်နိုင်ခြင်းမရှိသောအခါ ငွေကြေးရရှိနိုင်ခြင်း
အလုပ်နှင့်မသက်ဆိုင်ပဲရောဂါနှင့်ဒဏ်ရာအနာတရဖြစ်၍၄ရက်နှင့်အထက်အလုပ်မလုပ်နိုင်ပဲလုပ်အားခမရနိုင်သည့်အခါ၊အာမခံလျှောက်ထားပါကထောက်ပံ့ကြေးရနိုင်သည်။

3. မီးဖွားစရိတ်ထောက်ပံ့ပေးမှု့ရှိခြင်း
မီးဖွားသည့်အခါ ကလေးတစ်ဦးကို ယန်းသောင်း၅၀ထောက်ပံ့ပေးပါသည်။ အမိနိုင်ငံ(နိုင်ငံခြား)တွင်မီးဖွားသည့်အခါ၌လည်းထောက်ပံ့ငွေအားလျှောက်ထားနိုင်သည်။တဖန်မီးဖွားရန်အတွက်အလုပ်မလုပ်နိုင်ပဲလုပ်အားခမရနိုင်သည့်အခါတွင်လည်းထောက်ပံ့ငွေလျှောက်ထားရရှိနိုင်သည်။

■ ကျန်းမာရေးအာမခံ၏ သတိပြုရန်အချက်များ
1. ဂျပန်နိုင်ငံတွင် နေထိုင်ခြင်းမရှိသောငွေကြေးအထောက်ပံ့ခံမိသားစုများသည်အကျုံးမဝင်ပါ
ကျန်းမာရေးအာမခံသည်ကိုယ်တိုင်သာမကငွေကြေးအထောက်ပံ့ခံမိသားစုများအတွက်လည်းအကျူံးဝင်သည်။ငွေကြေးအထောက်ပံ့ခံမိသားစုများအတွက်အာမခံကြေးကုန်ကျစရိတ်မရှိပါ။သို့သော်၊ငွေကြေးအထောက်ပံ့ခံမိသားစုများသည်ဂျပန်နိုင်ငံအတွင်းနေထိုင်၍လိပ်စာ (သန်းခေါင်စာရင်း)ရှိဖို့လိုပါသည်။ မိခင်နိုင်ငံတွင် ရှိသောမိသားစုများကို ကျန်းမာရေးအာမခံထဲအားထည့်သွင်းပေးလို့မရနိုင်ပါ။

2. ကျန်းမာရေးအာမခံကတ်ပြား (My Number ကတ်ပြား) ပြရန်လိုအပ်ခြင်း
ပထမဆုံးဆေးရုံသို့သွားသည့်အခါနှင့်လစဉ်ဆေးရုံသွားရောက်ချိန်တွင်သေချာပေါက်ကျန်းမာရေးအာမခံကတ်ပြားကို ပြသရန်လိုအပ်သည်။ မပြသနိုင်ပါကခေတ္တခဏဆေးကုသရိတ်အားလုံးကိုပေးချေထား
ရန်လိုအပ်ကာနောက်ပိုင်းမှအာမခံဝင်ထားသောကြောင့်ပြန်ရနိုင်သောငွေအားရယူသည့်ကိစ္စရပ်များဖြစ်တက်သည်။တဖန် ၂၀၂၄ခုနှစ်၁၂လပိုင်းမှစဝင်၍ကျန်းမာရေးအာမခံကတ်အသစ်များမထုတ်ပေးပဲ
My Number ကတ်ပြားနှင့်တစ်ခုတည်းလုပ်ပေးမည်ဖြစ်သည်။

3. အလုပ်လက်မဲ့ဖြစ်ပါက အသုံးပြုမရပါ
အလုပ်လက်မဲ့ဖြစ်ပါကလူမှုဖူလုံရေးအာမခံမှအနားယူရမည်ဖြစ်သောကြောင့်ကျန်းမာရေးအာမခံအားအသုံးပြု၍မရနိုင်ပဲဆေးကုသမှု့ကုန်ကျစရိတ်အားလုံးကိုကိုယ်တိုင်ပေးချေရမည်
ဖြစ်သည်။လူမှုဖူလုံရေးအာမခံအားမိမိသဘောဖြင့်ဆက်လက်ထည့်ဝင်ခြင်းသို့မဟုတ်ပြည်သူ့ကျန်းမာရေးအာမခံသို့ပြောင်းလဲရန်လိုအပ်သည်။ကျန်းမာရေးအာမခံ၏အခွန်ကြေးတစ်ဝက်ကို ကုမ္ပဏီမှ ပေးဆောင်ပေးသော်လည်းမိမိသ‌ဘောဖြင့်ဆက်လက်ဝင်ရောက်ထားခြင်းသို့မဟုတ်ပြည်သူ့ကျန်းမာရေးအာမခံပြောင်းပါက အာမခံအခွန်ငွေပမာဏအားလုံးကို ကိုယ်တိုင်ပေးဆောင်ရပါမည်။

ပြည်သူ့ကျန်းမာရေးအာမခံပြောင်းရမည်ကိုမသိပဲမပေးဆောင်ရသေးသည့်အခြေအနေများလည်းရှိတက်သည်။၄င်းအခြေအနေတိုင်းမပေးဆောင်ထားသည့်လများများလာပါကနေထိုင်ခွင့်ကဒ်သက်တမ်းတိုးသည့်အခါ အကျိုးသက်ရောက်မှု့ရှိနိုင်သည့်အတွက်၊အလုပ်ထွက်ပြီးသည့်အခါမြို့နယ်ရပ်ကွက်ရုံးသို့
ဆွေးနွေးရန်တကြိမ်လောက်သွားရောက်ဖို့အကြံပြုချင်ပါသည်။

သတိပြုရန်အချက်အလက်များကို နားလည်ထားပါက၊မိမိပေးဆောင်ရမည့်ကုန်ကျစရိတ်အားလျော့
ကျနိုင်ပြီးစိတ်ချလက်ချနေနိုင်သည်မှာဂျပန်နိုင်ငံ၏ကျန်းမာရေးအာမခံပင်ဖြစ်သည်။ကျန်းမာစွာအလုပ်လုပ်နိုင်ရန်အတွက်ဒဏ်ရာအနာတရနှင့်နေမကောင်းဖြစ်သည့်အခါများတွင်ကျန်းမာရေးအာမခံအားအသုံးပြုပြီးသင့်တော်သောဆရာဝန်နှင့်ရောဂါပြသမှု့များပြုလုပ်ကာကုသမှု့အားခံယူနိုင်သည်။

နောက်တစ်ကြိမ်တွင်ကျန်းမာရေးအာမခံနှင့်တစ်ဆက်တည်းထည့်သွင်းထားရသည့်ပင်စင်အာမခံနှင့်ပတ်သတ်၍ရှင်းလင်းပြောပြသွားပါမည်။

ဤဆောင်းပါးသည် ဂျပန်နိုင်ငံတွင် နေထိုင်သော ဘဝအတွက် အသုံးဝင်သော အသိပညာနှင့် အချက်အလက်များကို တင်ဆက်ထားပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်။


ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်