နိုင်ငံခြားသားအလုပ်သမားများ မဖြစ်မနေပါဝင်ဖို့လိုအပ်ပါသလား? ဂျပန်နိုင်ငံ၏ လူမှုဖူလုံရေးစနစ်၏ အခြေခံကို လေ့လာကြပါစို့!

လူမှု့ဖူလုံရေးအာမခံ

“ဂျပန်နိုင်ငံ၏ လူမှုဖူလုံရေး အခွန်ကအရမ်းမများလွန်းဘူးလား?” ဆိုပြီး စိတ်ပူပန်မှု ရှိခဲ့ဖူးပါသလား?

ဂျပန်နိုင်ငံတွင်လစဥ်လစာမှအခွန်နှင့်အတူလူမှုဖူလုံရေးအခွန်ကြေးများကိုတစ်ခါတည်းနုတ်ယူလေ့ရှိသည်။ဂျပန်နိုင်ငံတွင်အလုပ်လုပ်နေသောလူတိုင်းသည်နိုင်ငံသားလူမျိုးခြားမခွဲခြားပဲသတ်မှတ်ချက်များပြည့်မှီပါကလူမှု့ဖူလုံရေးအာမခံထဲဝင်ထားရမည့်တာဝန်ရှိသောကြောင့်ဖြစ်သည်။၊ဂျပန်နိုင်ငံ၏လူမှုဖူလုံရေးစနစ်ကို ရင်းနှီးမှု့မရှိသေးပါကနားလည်မှု့ခက်ခဲနေနိုင်သည်။

သို့သော်၊ လူမှုဖူလုံရေးစနစ်သည် ဂျပန်နိုင်ငံတွင် နေထိုင်နေမှု့ကို ကာကွယ်စောင့်ရှောက်ပေးသော အရေးပါသောစနစ်ဖြစ်သည်။‌ရောဂါဝေဒနာများနှင့်ဒဏ်ရာရသည့်အခါအလုပ်အကိုင်ဆုံးရှုံးသည့်အခါကြုံတွေ့ရသည့်အခက်ခဲဖြစ်နိုင်ချေများအတွက်ပြင်ဆင်မှု့တစ်ခုဖြစ်သည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

လူမှုဖူလုံရေးစနစ်တွင် အမျိုးအစားများစွာ ရှိသည်။ အထူးသဖြင့် သိရှိထားရန် လိုအပ်သော ၄မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။

1. ကျန်းမာရေးအာမခံ…ရောဂါနှင့်ဒဏ်ရာအနာတရဖြစ်သည့်အခါ ဆေးကုသမှု့ကျသင့်ငွေ၏ ၇၀ရာခိုင်နှုန်း သက်သာစေပါသည်။
2. ပင်စင်ခွန်အာမခံ…အသက်၆၅နှစ်အထက်ဖြစ်လျှင်နှစ်စဥ်သတ်မှတ်ထားသောငွေပမာဏအားရှင် သန်နေသရွေ့ကာလတစ်လျှောက်ရရှိနိုင်သည်။
3. အလုပ်အာမခံ…အလုပ်လက်မဲ့ဖြစ်သည့်အချိန်တွင်သတ်မှတ်ထားသောထောက်ပံ့ငွေပမာဏ နှင့်နောက်လုပ်မည့်အလုပ်အတွက်လိုအပ်သည့်အရည်ချင်းသင်ယူမှု့အတွက်ထောက်ပံ့ပေးမှု့များကိုရနိုင်သည်။
4. အလုပ်အကိုင်မတော်တဆဖြစ်မှု့အာမခံ…အလုပ်လုပ်နေချိန်နှင့်အလုပ်သွားအလုပ်ပြန်အချိန် အတွင်းဖြစ်သည့်ရောဂါဝေဒနာဒဏ်ရာများအတွက်ဆေးကုသမှု့စရိတ်စသည်တို့အတွက်ကုန်ကျစရိတ်အကုန်နီးပါးရနိုင်သည်။

အကုန်လုံးသည်ဂျပန်တွင်အလုပ်လုပ်နေရင်းစိတ်ချစွာနေထိုင်နိုင်သည့်မရှိမဖြစ်လိုအပ်သောအာမခံများဖြစ်သည်။

တစ်ချို့သောလူများသည် လူမှုဖူလုံရေးအခွန်ကြေးများ များပြားသည်ဟု ယူဆကြသော်လည်း၊ အမှန်တကယ်မှာ ①ကျန်းမာရေးအာမခံနှင့် ②ပင်စင်ခွန်အာမခံ အခွန်ကြေး၏ တစ်ဝက်ကို ကုမ္ပဏီမှ ပေးဆောင်ထားသည်။ ③အလုပ်အာမခံကြေးသည် လုပ်ငန်းအမျိုးအစားအလိုက်ကုမ္ပဏီမှအများ အပြားပေးဆောင်ထားပါလိမ့်မည်။ ④အလုပ်အကိုင်မတော်တဆဖြစ်မှု့အာမခံ သည် ကုန်ကျငွေပမာဏအားလုံးကုမ္ပဏီမှပေးဆောင်မည်ဖြစ်ပြီး၊လစာထဲမှနုတ်ယူခြင်းမျိုးမရှိပါ။

တဖန်၊ အသက် ၄၀ဖြစ်လျှင် ကျန်းမာရေးအာမခံအားထပ်ပေါင်းသည့်ပုံစံဖြင့် “ ပြုစုစောင့်ရှောက်မှု့(ခိုင်းဂေါ့)” အာမခံကိုပါ ဝင်ရောက်မည်ဖြစ်သည်။ ၎င်းအာမခံကြေး၏ တစ်ဝက်ကို လည်းကုမ္ပဏီမှ ပေးမည်ဖြစ်သည်။အခြေခံအားဖြင့်ပေးချေရမည့်အာမခံကြေး၏တစ်ဝက်ကျော်အားကုမ္ပဏီမှပေးချေမည်ဖြစ်ပြီး၊ လိုအပ်သည့်အခါတိကျသေချာသည့်ထောက်ပံ့ပေးမှု့ရနိုင်စေရန်တည်ဆောက်ထားသည့် စနစ်ပင်ဖြစ်သည်။

ကုမ္ပဏီတွင် လူမှုဖူလုံရေးအာမခံမဝင်နိုင်သည့်အခါ၊ပုဂ္ဂလိကအနေဖြင့် “ နိုင်ငံသားကျန်းမာရေးအာမခံ” နှင့် “ နိုင်ငံသားပင်စင်ခွန်အာမခံ” ကို ကိုယ်တိုင်ဝင်ရောက်ထားဖို့တာဝန်ဝတ္တရားရှိပြီး၊ ထို့သို့ဝင်ရောက်ရမည်ဖြစ်ပါကငွေပမာဏအကုန်ကာယကံရှင်မှပေးချေဖို့လိုအပ်သည်ကိုစဥ်းစားကြည့်မည်ဆိုပါကလူမှု့ဖူလုံရေးအာမခံသည်သက်သာ အကျိုးရှိသော စနစ်ဖြစ်သည်ဟုပြောနိုင်သည်။

ထို့အပြင်၊ဂျပန်နိုင်ငံတွင်ပုဂ္ဂလိကအာမခံများလည်းများစွာရှိနေပြီး၊အာမခံချက်ပေးသည့်အကြောင်းအရာနှင့်အာမခံကြေးအမျိုးစားများလည်းအမြောက်အမြားရှိသည်။လူမှုဖူလုံရေးအာမခံထက်အာမခံကြေး
သက်သာသည့်ပုဂ္ဂလိကအာမခံထဲသို့ဝင်ချင်သူများရှိကောင်းရှိနိုင်သော်လည်း၊ မဖြစ်မနေဝင်ရောက်

ရန်ဝတ္တရားရှိသောလူမှု့ဖူလုံရေးအာမခံကိုအခြေခံဝင်ရောက်ကာပုဂ္ဂလိကအာမခံများကိုမလုံလောက်သည့်အပိုင်းကိုဖြည့်သည့်သဘောဖြင့်ဝင်ရောက်သည့်အရာဟုနားလည်ထားစေချင်ပါသည်။

နောက်တစ်ကြိမ်တွင်လူမှုဖူလုံရေးစနစ်အမျိုးအစားများထဲမှတစ်ခုဖြစ်သည့်ကျန်းမာရေးအာမခံအကြောင်းကို အသေးစိတ်ရှင်းပြပါမည်။
ဤဆောင်းပါးသည် ဂျပန်နိုင်ငံတွင် နေထိုင်သော ဘဝအတွက် အသုံးဝင်သော အသိပညာနှင့် အချက်အလက်များကို တင်ဆက်ထားပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်။


ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်