ဂျပန်ဘာသာစကားအားအနေထားတစ်ခုအထိပြောဆိုနိုင်သော်လည်း၊ ဂျပန်ယဉ်ကျေးမှုနှင့်တန်ဖိုးထားရှိမှုများအစရှိသည်တို့ဖြင့်အသားကျအောင်နေထိုင်ရန်လွယ်ကူသည်မဟုတ်ပါ။ထို့ကြောင့်၊ကွာခြားချက်များကိုနားလည်ပြီးcommunicationပြုလုပ်ခြင်းမှာအရေးကြီးသည်။
■မရေရာသောညွှန်ကြားချက်များကိုအတည်ပြုပါ
ဂျပန်အကြီးအကဲများနှင့်သင့်၏လုပ်ဖော်ကိုက်ဖက်များဆီမှ” အမြန်ဆုံးလုပ်ပါ” ၊ “ နည်းနည်းလောက်စဉ်းစားပါ” စသည့်မပြတ်သားသောညွှန်ကြားချက်များရှိနိုင်ပါသည်။အကြောင်းအရာကိုနားမလည်သည့်အခါ၊အားမနာပဲအကြမ်းဖျင်းသေချာအောင်အတည်ပြုမေးမြန်းပါ။အမှားကိုရှောင်ဖယ်နိုင်ရုံသာမကတစ်ဖက်လူလည်းညွှန်ကြားချက်ပေးသည့်ပုံစံကိုပြုပြင်သွားနိုင်ပါသည်။
■အချိန်ကိုလိုက်နာပါ
ဂျပန်လူမျိုးများသည်အချိန်နှင့်ပတ်သတ်ပြီးစည်းကမ်းတင်းကျပ်သောကြောင့် “ ၅ မိနစ်မတိုင်မီလှုပ်ရှားမှု” ပြုလုပ်ခြင်းမှာအခြေခံအလုပ်ပင်ဖြစ်သည်။ နောက်ကျခြင်းမရှိရန်၊ နားချိန်ကိုအကြာကြီးယူမိတာမျိုးအစရှိသဖြင့်အချိန်နှင့်ပတ်သတ်ပြီးသတိထားဆောင်ရွက်ကာလှုပ်ရှားပြုမူတက်သည်။အချိန်မမှီပါက၊ချက်ချင်းသတင်းပို့ခြင်းပြုလုပ်ဖို့အလွန်အရေးကြီးပါသည်။
■ အလုပ်အချိန်အတွင်းစကားပြောခြင်းနှင့်ငွေကြေးဆိုင်ရာအကြောင်းအရာများကိုစောင့်စည်းပါ။
အလုပ်အချိန်အတွင်းစကားပြောခြင်း၊အသံကျယ်စွာပြောခြင်းသည်လုပ်ငန်းခွင်အတွင်းအထင်အမြင်မကောင်းမှုများကိုဖြစ်စေနိုင်သည်။ ထို့အပြင်၊ လစာ၊ အိမ်ငှားနှင့်ပတ်သက်သောငွေကြေးဆိုင်ရာအကြောင်းအရာများကိုရှောင်ကြဉ်ပါ။ မဖြစ်မနေမေးမြန်းရန်လိုအပ်ပါက၊ ပိုမိုသိမ်မွေ့နူးညံ့သောစကားများကိုအသုံးပြုပါ။
ဂျပန်လူမျိုးများ၏တန်ဖိုးထားမှုများကိုနားလည်ရန်ကြိုးစားမှုသည်လုပ်ငန်းခွင်အတွင်းပေါင်းသင်းဆက်ဆံမှုများအတွက်ပထမခြေလှမ်းဖြစ်သည်။ ယနေ့ဖော်ပြထားသောအချက်များကိုဂရုစိုက်ပြီး၊ ကောင်းမွန်သောဆက်ဆံရေးကိုတည်ဆောက်ကြပါစို့။
ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

