ဂျပန်လူမျိုးများ၏ပြောဆိုဆက်ဆံရေး ထူးခြားချက်များ ဆိုသည်မှာ? “ မတင်မကျပြောခြင်း” နဲ့ “ ပါးနပ်မှု့ရှိခြင်း” ဆိုသည့်ယဉ်ကျေးမှုကိုရှင်းပြပါမည်။

ဂျပန်တွင်အလုပ်လုပ်ခြင်း

“ ဂျပန်လူမျိုးတွေဘာတွေစဥ်းစားနေလဲ မသိဘူး” လို့ ခံစားဖူးပါသလား။

ဂျပန်လူမျိုးများ၏ပြောဆိုဆက်ဆံရေးမှာ ထူးခြားချက်များ ရှိသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■ဂျပန်လူမျိုးများ၏ပြောဆိုဆက်ဆံရေးထူးခြားချက်များ

・ပါးနပ်မှု့ရှိခြင်း – ပတ်ဝန်းကျင်အခြေအနေကိုနားလည်ပြီး၊ တိုက်ရိုက်ညွှန်ကြားမှု့ကိုမစောင့်ပဲလုပ်ဆောင်ခြင်း
・မတင်မကျပြောဆိုခြင်း – “ မလုပ်ပေးနိုင်ဘူး” လို့မပြောပဲ “ စဉ်းစားကြည့်မယ်” လို့ပြောဆိုခြင်း 
・နှိမ့်ချမှု့ရှိခြင်း – ချီးကျူးခံရသော်လည်း ငြင်းဆိုမှု့ပြုကာတစ်ပါးသူ၏လုပ်ဆောင်မှု့ကိုအလေးထားပြောခြင်း

ဒါတွေဟာ တစ်ဖက်သားကို ကိုယ်ချင်းစာစဥ်းစားပေးခြင်းအပြင် “ အဆိုးမမြင်စေချင်ခြင်း” ဆိုသည့်စိတ်ခံစားချက်လည်း ပါဝင်ပါသည်။ ဂျပန်လူမျိုးအချင်းချင်းဆိုလျှင် နားလည်လွယ်သော်လည်း နိုင်ငံခြားသားများအတွက်တော့ တွေဝေတာမျိုးဖြစ်တတ်ပါသည်။ “ ပြတ်ပြတ်သားသားပြော” ဆိုပြီးစိတ်တိုဒေါသထွက်စရာကောင်းနေပါလိမ့်မည်။

သို့သော်လည်းပြောဆိုဆက်ဆံရေး၏ပထမဆုံးခြေလှမ်းမှာတစ်ဖက် လူကို လက်ခံဖို့ဖြစ်ပါသည်။ ဂျပန်လူမျိုးများ၏ပြောဆိုဆက်ဆံရေးထူးခြားချက်များကို သိလာသည်နှင့် သူတို့ ဘာကိုစဥ်းစားနေလဲဆိုတာကိုပါ တဖြည်းဖြည်းနားလည်လာမှာ ဖြစ်ပါသည်။

နောက်တစ်ခေါက်တွင် ဂျပန်လူမျိုးများနှင့်ပြောဆိုဆက်ဆံရာတွင် သတိထားသင့်သည့်အချက်များကို မျှဝေပေးပါမည်။

ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စုံစမ်းရေးဖောင်