ကိုယ်ပိုင်ဘဝထက် အလုပ်ကို ဦးစားပေးနေပါသလား? ဂျပန်လူမျိုးတို့၏ အလုပ်လုပ်ပုံများထဲမှာ ဒီအချက်တွေကပုံမှန်မဟုတ်ဘူးဟုထင်နေပါသလား။!

ဂျပန်တွင်အလုပ်လုပ်ခြင်း

သင်သည် ဂျပန်လူမျိုးများ၏ အလုပ်လုပ်ပုံအပေါ်မေးခွန်းထုတ်ချင်တာမျိုးရှိဖူးပါသလား?

အချိန်ပိုလုပ်ခြင်း သို့မဟုတ် ကိုယ်ခံအားမကောင်းချိန်တွင်တောင် အလုပ်သွားခြင်းသည် ဂျပန်လူမျိုးများ၏ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားကြည့်ရှု့ခြင်းဖြစ်သည့်အထင်မြင်အယူဆတန်ဖိုးထားမှု့ နှင့် ဆက်စပ်နေသည်။ သို့သော် ဂျပန်လူမျိုးများထဲတွင်လည်း “ ပုံမှန်မဟုတ်” ဟုယူဆသော အလုပ်လုပ်ပုံများရှိနေသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■မကြာခဏတွေ့ရသော ပြဿနာများ
・အချိန်ပိုလုပ်ခြင်းသည် သာမန်ဖြစ်နေပြီး၊ အခြားသူများက အလုပ်လုပ်နေသောအခါ မိမိတစ်ဦးတည်း စောစောပြန်ရန် ခက်ခဲခြင်း။
・” ကိုယ့်ကြောင့်အနှောင့်ယှက်အခက်ခဲမဖြစ်စေရန်” ဆိုသည့် အတွေးကြောင့် လစာမရပဲ အချိန်ပိုလုပ်ခြင်း။
・အလုပ်ကို ဦးစားပေးပြီး မိသားစုပွဲအစီအစဉ်များကို စွန့်လွှတ်ခြင်း။
・အားလပ်ရက်ယူရန် ခက်ခဲပြီး၊ နေသိပ်မကောင်းသည့်အချိန်များတွင်လည်း အလုပ်သွားခြင်း။

ဤအလုပ်လုပ်ပုံများသည် ယခင်က ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကာလများမှ ကျန်ရစ်ခဲ့သော ယဉ်ကျေးမှုတစ်ခုဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင် ဥပဒေအရအချိန်ပိုလုပ်ခြင်းကို ကန့်သတ်ခြင်း၊ လစာမထွက်သော အချိန်ပိုလုပ်ခြင်းကို တားမြစ်ခြင်းတို့ ပြုလုပ်ထားပြီး အလုပ်နှင့် ကိုယ်ပိုင်ဘဝ အချိုးညီမှုကို ဦးစားပေးလာသည်။

“ ပိုပြီး ဝင်ငွေရှာလိုသည်” ဟု တွေးသည့်သူများလည်း ရှိနိုင်သည်။ သို့သော် လက်ရှိ အလုပ်လုပ်ပုံကြောင့် စိတ်ဖိစီးမှုရှိပါက အထက်လူကြီးများနှင့် ခုမိအိုင်အိဖြစ်သည့် အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ ဂျပန်လူမျိုးများက လက်ခံလိုက်နာနေသည့် အလုပ်လုပ်ပုံများကို နိုင်ငံခြားသားအလုပ်သမားများမှ” ပုံမှန်မဟုတ်” ဟုဖွင့်ကြားပြောဆိုခြင်းသည်ပြုပြင်ပြောင်းလဲနိုင်သည့်အခွင့်ရေးတစ်ရပ်ဖြစ်ကောင်းဖြစ်နိုင်သည်။

ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စုံစမ်းရေးဖောင်