JLPT စာမေးပွဲအောင်မြင်ရန် မည်မျှကြာအောင်စာလေ့လာရမည်ဟုထင်ပါသလဲ?
JLPTသည်ဂျပန်တွင်အလုပ်လုပ်ရန်နှင့်နေထိုင်မှု့အတွက်လိုအပ်သည့်ဂျပန်ဘာသာအရည်ချင်းကိုပြသရန်နိုင်ငံခြားသားအများဆုံးစိန်ခေါ်ဖြေဆိုသည့်စာမေးပွဲဖြစ်သည်။။ JLPT သည် အဆင့် 5 ဆင့်ရှိပြီး အနိမ့်ဆုံးLevekမှာN5ဖြစ်ကာအမြင့်ဆုံးမှာN1ဖြစ်သည်။တိုခုတေးနှင့်ဂျစ်ရှူးဆေးများသည်N4သို့မဟုတ်N3 levelလိုအပ်ပါသည်။
→「JLPT(ဂျပန်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲ)အောင်မြင်ပါကအလုပ်အကိုင်အတွက်အကျိုးရှိမလား? စာမေးပွဲအကြောင်းနှင့် လျှောက်လွှာတင်နည်းကိုရှင်းပြပါမည်။」
ယခုတစ်ကြိမ်တွင်kaigoနယ်ပယ်တွင်ဂျစ်ရှူးဆေးအနေဖြင့်အလုပ်လုပ်ရင်းJLPTစာမေးပွဲအတွက်စာကြိုးစားလေ့လာကာN3အဆင့်အောင်သွားသည့်Tစံ၏ အတွေ့အကြုံကို မျှဝေသွားပါမည်။
■Tစံ မှ N3 JLPT ကိုရည်မှန်းချက်ထားခဲ့သည့်အကြောင်းအရင်း
“ kaigoဂျစ်ရှူးဆေးအနေဖြင့်လုပ်သူတွေကလုပ်သက်၁နှစ်မြောက်မှာပဲN3ရရှိအောင်မြင်အောင်လုပ်ဖို့လိုအပ်တယ်။လက်ရှိအလုပ်ခွင်ကလုပ်ဖော်ကိုင်ဖက်တွေကလည်းသဘောအရမ်းကောင်းကြတယ်။ဒါကြောင့်သူတို့မျှော်လင့်ထားသလိုဖြစ်အောင်ကြိုးစားကြည့်ချင်တယ်လို့စဥ်းစားပြီးJLPTဖြေဖို့ဖောင်တင်လိုက်တာပါ။”
■စာမေးပွဲအတွက်စာ စတင်လေ့လာသည့်အချိန်
“ အမှန်တစ်ကယ်စာစလုပ်တာကJLPTဖောင်တင်ပြီးမှလုပ်ဖြစ်တာမို့စာမေးပွဲမတိုင်ခင်၄လအလိုမှစလုပ်တယ်လို့ပြောလို့ရတယ်။ဂျပန်မလာခင်၆လအလိုကလည်းကိုယ့်နိုင်ငံမှာဂျပန်စာသင်ခဲ့ရတာကြောင့်အဲ့ဒီအချိန်ကတည်းကN4လယ်ဗယ်အထိရောက်နေပြီးသားဖြစ်တဲ့အတွက်ပြန်လည်လေ့ကျင့်ခန်းလုပ်ပြီးဝေါဟာရတွေစကားလုံးတွေကိုတိုးပြီးမှတ်သားပါတယ်။”
■အလုပ်လုပ်ရင်းစာလေ့လာချိန်ကိုစီမံပုံနှင့်နည်းလမ်းများ
“ အဆောင်က၄ယောက်နေရတာမို့ညဆိုအာရုံစိုက်ပြီးလေ့လာဖို့ခက်ခဲတဲ့အတွက်ကြောင့်အားလုံးအိပ်နေတဲ့အချိန်မနက်စောစော၅-၇နာရီအတွင်း၂နာရီကြာစာလုပ်ပါတယ်။နားရက်ကတော့စာကြည့်တိုက်
ကိုသွားပြီ၇-၈နာရီအထိစာလုပ်ပါတယ်။အလုပ်သွားချိန်နဲ့နားတဲ့အချိန်တွေမှာလည်းဂျပန်စကားပြော
နားထောင်တာကိုလုပ်ပြီးကြားထဲခဏအားလပ်ချိန်ကိုကောင်းကောင်းအသုံးချပါတယ်။”
ယေဘုယျအားဖြင့်N3 ကို အောင်မြင်ရန် လိုအပ်သည့် စာလေ့လာချိန်မှာခန့်မှန်းခြေ ၅၀၀ နာရီခန့် ဖြစ်ပါတယ်။နေ့တိုင်း ၄ နာရီ စာလေ့လာတယ်ဆိုရင်တောင်၄လကျော်လောက်ကြာပါတယ်။
T စံအနေနဲ့ကတော့နားရက်မှာသေချာစာလေ့လာချိန်ကိုလုပ်ထားတာနဲ့ဂျပန်မလာခင် N5 နှင့် N4 အဆင့်ကိုလေ့လာပြီးဖြစ်နေတာတစ်ကြောင်း၊ကြားထဲကအားချိန်တွေမှာလည်းအချိန်ကိုအကျိုးရှိအောင်အသုံးချခဲ့တဲ့အတွက်သတ်မှတ်ထားသည့်ခန့်မှန်းခြေနာရီထက်စာလေ့လာချိန်နည်းနေသော်လည်းစာမေးပွဲအောင်မြင်အောင်လုပ်နိုင်ခဲ့သည်ဟုထင်ပါသည်။
Tစံကတော့ “ ဂျပန်ကိုတကူးတကရောက်အောင်လာခဲ့တာမို့ဂျပန်အကြောင်းကိုပိုသိချင်တယ်ဆိုတဲ့
အတွေးနဲ့ပဲဂျပန်စာကိုကြိုးစားလေ့လာခဲ့တယ်” လို့ဆိုပါတယ်။နောက်တစ်ဆင့်ရည်မှန်းချက်ကတော့N2အောင်ဖို့ရည်ရွယ်ပြီးဆက်လက်ကြိုစားသွားမည်ဟုဆိုပါတယ်။
N3အောင်ချက်ရာခိုင်နှုန်းသည်၃၀%မှ၄၀%အထိဖြစ်တဲ့အတွက်ကြောင့်လွယ်ကူနေတဲ့စာမေးပွဲတစ်ခုတော့မဟုတ်ပါ။သို့သော်လည်းရည်မှန်းချက်တူပြီးအတူတူကြိုးစားနေတဲ့သူတွေအများကြီးရှိပါတယ်။
သင့်ရဲ့ဂျပန်စာအရည်ချင်းကိုသက်သေပြပြီး၊career up ဖြစ်ဖို့အတွက်လက်မလျော့ပဲစာမေးပွဲအတွက်
စာလေ့လာမှု့ကိုဆက်လက်ကြိုးစားပါ။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။