JLPT(ဂျပန်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲ)အောင်မြင်ပါကအလုပ်အကိုင်အတွက်အကျိုးရှိမလား? စာမေးပွဲအကြောင်းနှင့် လျှောက်လွှာတင်နည်းကိုရှင်းပြပါမည်။

ဂျပန်စာလေ့လာခြင်း

JLPT (ဂျပန်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲ)အောင်မြင်ရန် ဂျပန်စာကို လေ့လာနေကြသော လူအများအပြားရှိသည်ဟု ထင်ပါသည်။

ယခုတစ်ခေါက်တွင်JLPTနှင့်ပတ်သတ်ပြီးရှင်းပြပါမည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

JLPTသည်နိုင်ငံခြားသားများ၏ ဂျပန်ဘာသာစကားအရည်အချင်းကို စစ်ဆေးရန် စီစဉ်ထားသော စာမေးပွဲဖြစ်သည်။နိုင်ငံခြားသားဖြစ်ပါကအသက်အကန့်အသတ်မရှိဘဲစာမေးပွဲကိုမည်သူမဆိုဝင်ရောက်ဖြေဆိုနိုင်သည်။ ၎င်းစာမေးပွဲကို ဂျပန်နိုင်ငံသာမက ကမ္ဘာအနှံ့ကျယ်ပြန့်စွာ ကျင်းပလျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင်လည်း ၁.၅ သန်းနီးပါး စာမေးပွဲဖြေဆိုထားပြီးဖြစ်သည်။

JLPTတွင် N5မှ N1 အထိLevel ၅ ခု ရှိသည်။ N5 သည် အလွယ်ဆုံးဖြစ်ပြီး N1 သည် အခက်ဆုံးဖြစ်သည်။

သင့်ရဲ့ဂျပန်စာအရည်အချင်းနှင့်ရည်မှန်းချက်ပေါ်မူတည်ပြီးLevelရွေးချယ်ပြီးစာမေးပွဲဝင်ရောက်ဖြေဆိုနိုင်သည်။

တိုခုတေးဗီဇာရရှိရန်အနည်းဆုံးN4နှင့်အထက်အောင်မြင်ထားရန်လိုအပ်ဖြစ်သည်။ဂျစ်ရှူးဆေးအနေဖြင့်လည်း N4 အဆင့်နှင့်အထက်ရှိရန် လိုအပ်ပါသည်။ JLPT Levelမြင့်လျှင်မြင့်သလောက် ဂျပန်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ပါသည်။

→「ဂျပန်စကားမပြောတက်ပဲဂျပန်နိုင်ငံတွင်အလုပ်လုပ်နိုင်ပါသလား?ဂျပန်ဘာသာစကားlevelအားတိုင်းတာသည့် ပုံစံအတိုင်းမှာ…

JLPT စာမေးပွဲကို ဂျပန်နိုင်ငံတွင် တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပပြီး ဇူလိုင်နှင့် ဒီဇင်ဘာလများတွင် ကျင်းပပါသည်။နိုင်ငံရပ်ခြားတွင်ဇူလိုင်သို့မဟုတ်ဒီဇင်ဘာလတစ်ကြိမ်ထဲကျင်းပသည့်နိုင်ငံရှိသလို၂ကြိမ်ကျင်းပသည့်များလည်းရှိသည်။

အချိန်ဇယားနှင့် စာမေးပွဲကျင်းပမည့်နေရာအကြောင်းကို ဂျပန်နိုင်ငံပညာရေးအထောက်အပံ့အသင်း၏ ဝဘ်ဆိုက်တွင်ကြည့်ရှု့နိုင်ပါသည်။[https://info.jees-jlpt.jp/]

ဂျပန်နိုင်ငံတွင် စာမေးပွဲဖြေဆိုရန် လုပ်ဆောင်ရမည့်အဆင့်များမှာ –

၁။ ဂျပန်နိုင်ငံပညာရေးအထောက်အပံ့အသင်း၏ဝဘ်ဆိုက်မှစာမေးပွဲအချိန်ဇယားနှင့်လျှောက်လွှာလက်ခံသည့်ကာလကို စိစစ်ပါ။ လျှောက်လွှာလက်ခံသည့်ကာလသည် စာမေးပွဲကျင်းပမည့်နေ့မတိုင်မီ ၄ လခန့်ဖြစ်ပါသည်။

၂။ ဂျပန်နိုင်ငံပညာရေးအထောက်အပံ့အသင်း၏ ဝဘ်ဆိုက်မှ **MyJLPT** စာရင်းသွင်းအကောင့်ဖွင့်ပါ။ အကောင့်ပြုလုပ်ပြီးပါကစာမေးပွဲလျှောက်လွှာတင်ခြင်း၊ရမှတ်စစ်ဆေးခြင်း၊စာမေးပွဲအောင်လက်မှတ်ရယူခြင်းတို့ကို အွန်လိုင်းမှ ပြုလုပ်နိုင်ပါသည်။

၃။ လျှောက်လွှာလက်ခံသည့်ကာလအတွင်း လျှောက်လွှာတင်ပြီး စာမေးပွဲကြေးကိုပေးဆောင်ပါ။ ၂၀၂၄ ခုနှစ်၏ စာမေးပွဲကြေးမှာ ၇,၅၀၀ ယန်းဖြစ်သည်။ ငွေပေးချေခြင်းကို creditကတ်၊ ဘဏ်မှငွေလွှဲခြင်း၊ သို့မဟုတ် ဆိုင်များမှ ပေးဆောင်နိုင်ပါသည်။

၄။ စာမေးပွဲကျင်းပမည့်နေ့မတိုင်မီ တစ်လခန့်အလိုတွင် စာမေးပွဲဖြေဆိုခွင့်လက်မှတ်ရရှိပါမည်။ ဖြေဆိုခွင့်လတ်မှတ်ကိုကြည့်၍စာမေးပွဲကျင်းပမည့်နေရာကိုစစ်ဆေးပါ။ စာမေးပွဲဖြေဆိုခွင့်လက်မှတ်ကို စာမေးပွဲနေ့အထိ သေချာစွာ သိမ်းထားပါ။

၅။ စာမေးပွဲနေ့တွင်စာမေးပွဲဝင်ရောက်ဖြေဆိုရပါမည်။နောက်ကျ၍ဖြေဆိုရန်မမှီသောဘာသာရပ်သည်ကျရှုံးဘာသာရပ်ဖြစ်မည့်ဖြစ်သောကြောင့်စာမေးပွဲစတင်သည့်အချိန်ကိုအမှီရောက်အောင်သွားပါ။

၆။ စာမေးပွဲအပြီး နှစ်လအတွင်းတွင် စာမေးပွဲရလဒ်ဖြစ်သည့်လတ်မှတ်ကိုပို့ပေးလာပါလိမ့်မည်။ အောင်မြင်သူများအတွက် ဂျပန်စာအရည်အချင်းလက်မှတ်ကို ထုတ်ပေးပါလိမ့်မည်။ MyJLPT အကောင့်တွင် လည်း စာမေးပွဲရလဒ်ကိုကြည့်ရှု့နိုင်သည်။

JLPTစာမေးပွဲတွင်အလေးထားစစ်‌ဆေးသည်မှာ**အဖတ်စွမ်းရည်**နှင့်**အကြားစွမ်းရည်**ပင်ဖြစ်သည်။ စာမေးပွဲတွင် ** (စကားလုံး၊ဝေါဟာရ၊ သဒ္ဒါ)**, **အဖတ် **, နှင့် **နားထောင်ခြင်း** ဆိုသည့်အပိုင်း၃ပိုင်း၏ဂျပန်ဘာသာစကားအရည်အချင်းကိုတိုင်းတာသည်။အဖြေများမှာရွေးချယ်မှု့၄ခုထဲမှရွေးရသည့်ပုံစံ ဖြစ်ပြီး စကားပြောခြင်း၊ စာစီစာကုံးရေးခြင်း စာမေးပွဲများမပါဝင်ပါ။

JLPTစာမေးပွဲအောင်မြင်ရန်ပြုလုပ်နေပါကစာမေးပွဲအောင်ရန်လေ့ကျင့်ခြင်းလည်းလိုအပ်သလိုမြို့ထဲလမ်းထဲတွင်ရှိသည့်ဆိုင်းဘုတ်များတွင်ရေးထားသည့်ဂျပန်စာများအားဖတ်ခြင်း၊ဂျပန်သတင်းမျာနှင့်ဒရာမာဇာတ်ကားများကြည့်၍နားထောင်ခြင်းသည်နေစဥ်နေထိုင်မှု့ဘဝ၏သဘာဝကျသော【အဖတ်စွမ်းရည်】【အကြားစွမ်းရည်】 များကိုလေ့ကျင့်ပျိုးထောင်ရန်အတွက်အကျိုးရှိပေသည်။

JLPTစာမေးပွဲအောင်မြင်ခြင်းသည်သင့်အိပ်မက်အတွက်ပထမဆုံးခြေလှမ်းဖြစ်သောကြောင့်ကြိုးစားဖို့အားပေးပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်