အခမဲ့လေ့လာကြည့်ရ‌အောင်!ဂျပန်ဘာသာစကားလေ့လာရန်အတွက်အကောင်းဆုံးapplicationများနှင့်websiteများ?

ဂျပန်စာလေ့လာခြင်း

အားလပ်ချိန်မှာအကျိုးရှိရှိဂျပန်စာလေ့လာချင်ပါကအင်တာနက်ကိုအများဆုံးအသုံးချကြည့်ပါ။

ယခုတစ်ခေါက်တွင်ဂျပန်စာလေ့လာရေးတွင်အသုံးပြုနိုင်သည့် appနှင့်website၊ YouTube ချန်နယ်များကိုမိတ်ဆက်ပေးပါမည်။အင်တာနက်အသုံးပြုနိုင်ပါကအားလုံးအခမဲ့ဖြစ်သောကြောင့်စမ်းသပ်အသုံးပြုကြည့်ပါ။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■အသုံးပြုရန်အကြုံပြုနိုင်သောappများ
Irodori ဂျပန်ဘာသာအွန်လိုင်းသင်တန်း
ဗီဒီယိုနှင့်ရုပ်ပုံတွေကိုကြည့်ရင်းနေ့စဉ်အသုံးပြုသည့်အခါလိုအပ်သည့်ဂျပန်စာကိုပုံမှန်အတိုင်းလေ့လာနိုင်ပါသည်။သင့်ရည်မှန်းချက်အတိုင်းသင်ကြားနိုင်သောသင်ခန်းစာများ၊အားနည်းသည်များကိုထပ်ခါတလဲလေ့ကျင့်ပေးသည့်သင်ခန်းစာများလည်းရှိသည်။လေ့လာသည့်တိုးတက်မှု့အခြေအနေကို” MyPage” ဆိုသည့်နေရာတွင် စစ်ဆေးနိုင်သည်။

Kurashi Study
ဂျပန်တွင်နေထိုင်သည့်နိုင်ငံခြားသူ “ Ema” အကြောင်းကိုဖတ်ရင်းဂျပန်စာ၏အသုံးပြုသည့်ပုံစံများ နှင့်သဒ္ဒါများကိုလေ့လာနိုင်သည်။အခမဲ့planများနှင့်ဝယ်ယူရသောplanများရှိသော်လည်း၊အခမဲ့planဖြင့်ပင်ဝေါဟာရနှင့်မေးခွန်းတော်တော်များများကိုလေ့ကျင့်နိုင်သည်။

■အသုံးဝင်သောwebsiteများ
JF Nihongo e-Learning Minato
အွန်လိုင်းမှဂျပန်စာလေ့လာချင်သူများအတွက်အွန်လိုင်းပလက်ဖောင်းဖြစ်ပါသည်။အသုံးပြုသူစာရင်းသွင်းပါကအမျိုးမျိုးသောသင်ခန်းစာများရှိသည့်အတွက်မိမိLevelနှင့်ကိုက်ညီသည့်သင်ခန်းစာကိုရွေးပြီးသင်ကြားနိုင်သည်။အသုံးပြုသူအချင်ချင်းရင်းနှီးဖလှယ်နိုင်သည့်communityဆိုသည့်အဖွဲ့စည်းလည်းရှိပြီး၊သူငယ်ချင်းအသစ်များနှင့်လည်းတွေ့ဆုံနိုင်သည်။

NEWS WEB EASY
ဂျပန်သတင်းများကိုရိုးရှင်းသောဂျပန်စာနဲ့ရှင်းပြပေးထားပါသည်။ဝဘ်ဆိုက်ထဲကခန်းဂျီးများအားလုံးသည်

furiganaစာလုံးများပါသည့်အတွက်ဖတ်ရလွယ်ကူပြီး၊ဗီဒီယိုများသည်လည်းဖြည်းဖြည်းပြောပေးထားသည့်အတွက်နားထောင်ရလွယ်ကူပြီးနားထောင်ခြင်းလေ့ကျင့်ရေးအတွက်ကွက်တိပင်ဖြစ်သည်။

■လူကြိုက်များတဲ့ YouTube ချန်နယ်များ
Meshclass Nihon
နေ့စဥ်ဂျပန်စာမှသည့်စီးပွားရေးဂျပန်စာ၊ရုပ်ပြစာအုပ်များနှင့်animeများအစရှိသည့်အလုံးစုံသောခေါင်းစဥ်များအောက်တွင်ဂျပန်စာကိုလေ့လာနိုင်သည့်ဗီဒီယိုများထုတ်လွှင့်ပေးခြင်းများပြုလုပ်နေပါသည်။ ဘာသာစကားအမျိုးမျိုးနဲ့စာတန်းထိုးများလည်းပြုလုပ်ပေးထားပါသည်။

Akaneteki Nihongo Kyoshitsu
ဂျပန်ရိုးရာဓလေ့ထုံးတမ်းများနှင့်စျေးဝယ်ခြင်း၊ခရီးသွားခြင်းအစရှိသည့်နေရာများနှင့်ပတ်သတ်သည့်ဂျပန်စာများကိုရိုးရှင်းလွယ်ကူစွာရှင်းလင်းပြထားပါသည်။၄င်းသည်လည်းဘာသာစကားအမျိုးမျိုးနဲ့စာတန်းထိုးများလည်းပြုလုပ်ပေးထားပါသည်။

အွန်လိုင်းမှတစ်ဆင့် ဂျပန်စာကို လေ့လာရတဲ့ အကြီးမားဆုံး အကျိုးကျေးဇူးကတော့ နေရာမရွေး သက်တောင့်သက်သာစာကျက်လို့ရတယ်ဆိုတာပါပဲ။အလုပ်သွားလာချိန်ကျောင်းသွားချိန်ရတဲ့အချိန်လေးမှာစမတ်ဖုန်းအသုံးပြုပြီးနားထောင်တာနဲ့စာဖတ်သည့်လေ့ကျင့်ခန်းကိုလုပ်နိုင်သည်။အခမဲ့ဆိုတော့အတော်လေးဝမ်းသာစရာပါပဲ။

မိမိနှင့်ကိုက်ညီတဲ့contentsအကြောင်းအရာများကိုရှာဖွေလေ့လာပြီးပျော်ပျော်ရွှင်ရွှင်ဂျပန်စာလယ်ဗယ်ကိုမြှင့်တင်လိုက်ပါ။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်