ဂျပန်နိုင်ငံဒေသအသီးသီးတွင် စေတနာ့ဝန်ထမ်းvolunteerဂျပန် စာသင်တန်းများရှိသည်ကို သိပါသလား?
အဓိကဖွင့်လှစ်ပြုလုပ်သူများမှာဒေသအုပ်ချုပ်ရေးမှူးများ၊စေတနာ့ဝန်ထမ်းvolunteerအဖွဲ့များပင်ဖြစ်သည်။ထိုဒေသတွင်နေထိုင်သည့်နိုင်ငံခြားသားဖြစ်လျှင်မည်သူမဆိုဂျပန်စာလယ်ဗယ်သတ်မှတ်ထားခြင်းမရှိပဲ
တက်ရောက်နိုင်သည်။
သင်တန်းကြေးသည်အခမဲ့သို့မဟုတ်တစ်ကြိမ်လျှင်၁၀၀~၅၀၀ယန်းခန့်သာရှိပြီးစျေးအလွန်သက်သာသည်။သီးသန့်အနေဖြင့်ယန်းထောင်ဂဏန်းပေးရသောဖတ်စာအုပ်ဖိုးကုန်ကျစရိတ်ရှိတက်သည်။
အများအားဖြင့်ဤသင်တန်းများကိုဒေသခံလူထုများ၊ပရော်ဖက်ရှင်နယ်ဂျပန်စာဆရာများကသင်ကြားပို့ချပေးပါသည်။သင်ရိုးညွှန်းတမ်းအချိန်ဇယားအလိုက်သင်တန်းပို့ချပေးသည့်အတန်းများလည်းရှိသလို၊တစ်ဦးချင်း၏လယ်ဗယ်နှင့်ကိုက်ညီပြီးဆန္ဒရှိသည့်သင်ခန်းစာများကိုသင်ကြားပေးသည့်အတန်းများလည်းရှိသည်။
ဒေသဆိုင်ရာအဖွဲ့အစည်းစင်တာများ၏အများပိုင်အဆောက်အဦးများတွင်သတ်မှတ်ထားသည့်ရက်၌ပြုလုပ်လေ့ရှိသည်။onlineမှလေ့လာခြင်းကိုအားပေးအထောက်ကူပြုသည့်နေရာများလည်းရှိသည်။
ကိုးကားရန်-တိုကျိုမြို့တွင်ဖွင့်လှစ်လျှက်ရှိသောဂျပန်စာသင်တန်းများနှင့်နေ့ရက်အချိန်၊ကုန်ကျစရိတ်
များကို အောက်ပါစာရင်းထဲမှကြည့်ရှုနိုင်သည်။
中目黒ユネスコ(Nakamekuro yunesuko)ဂျပန် စာသင်တန်း
■ ကုန်ကျစရိတ်: တစ်ကြိမ်လျှင် ၃၀၀ ယန်း
■ အချိန်ဇယား: အင်္ဂါ၊ ကြာသပတေး ၁၀:၀၀-၁၁:၄၅ / စနေ ၁၀:၀၀-၁၁:၄၅
■ အွန်လိုင်းသင်တန်း: ရှိ / အင်္ဂါ ၁၈:၃၀~၂၀:၀၀
■ သတ်မှတ်ဦးရေ: ၈ ဦး
အထက်ပါအတိုင်း၁ကြိမ်တက်ရောက်သည့်ကုန်ကျစရိတ်သက်သာပြီးတစ်ပတ်လျှင်၁-၂ ကြိမ်အတန်း
ပြုလုပ်ပါသည်။
ဂျပန်စာသင်တန်းတက်ရောက်ခြင်း၏ အကောင်းဆုံးအကျိုးကျေးဇူးမှာလူကိုယ်တိုင်အပြင်မှာတိုက်ရိုက်
ထိတွေ့ပြီး ဂျပန်စာသင်ယူနိုင်ခြင်းဖြစ်သည်။
နားမလည်သည့်အရာရှိပါက၄င်းနေရာတွင်ပင်ချက်ချင်းဆရာကိုမေးမြန်းနိုင်ပြီးတမြို့တည်းနေသည့်နိုင်ငံခြားသားများ၊ဂျပန်လူမျိုးများနှင့်လည်းရင်းနှီးနိုင်သည်။သူငယ်ချင်းမိတ်ဖွဲ့ခြင်းနှင့်နေ့စဥ်ဘဝအတွက်အသုံးဝင်သည့်သတင်းအချက်လက်များကိုဖလှယ်နိုင်သည်။တစ်ယောက်တည်းလေ့လာပါကmotivationစိတ်ခွန်အားကိုထိန်းသိမ်းရန်မှာခက်ခဲသော်လည်း၊အတန်းဖော်သူငယ်ချင်းနှင့်အတူဆိုပါကပို၍ကြိုးစားနိုင်ပါလိမ့်မည်။
အဆင်ပြေသည့်နေရာတွင်ဂျပန်စာသင်တန်းများရှိမနေခြင်းနှင့်အချိန်ဇယားမကိုက်ညီသည့်အခါများ၌အွန်လိုင်းမှလေ့လာနိုင်ရန်သင်ကြားပေးသည့်အတန်းများရှိသောကြောင့်ထိုအတန်းများကိုရွေးချယ်တက်ရောက်ပါ။
Volunteerဂျပန်စာသင်တန်းများကိုရှာဖွေရန်မှာဒေသဆိုင်ရာအဖွဲ့စည်းများအပြည်ပြည်ဆိုင်ရာရင်းနှီးချစ်ကြည်ရေးအဖွဲ့စည်းများကိုမေးမြန်းကြည့်ပါ။အလုပ်ခွင်မှအထက်လူကြီးလုပ်ဖော်ကိုင်ဖက်များအားမေးမြန်းတိုင်ပင်၍ရှာခိုင်းခြင်းများလည်းလုပ်နိုင်သည်။
နေထိုင်ခွင့်ဇိုင်းယူးကဒ်သည်Tokuteiginouဖြစ်နေပါကအလုပ်ခွင်မှဂျပန်စာလေ့လာဖို့အခွင့်ရေးကိုပြုလုပ်ပေးဖို့သတ်မှတ်ထားပါသည်။အနီးနားပတ်ဝန်းကျင်မှဂျပန်စာအတန်းကိုမိတ်ဆက်ပေးခြင်းနှင့်လုပ်ထုံးလုပ်နည်းများပြုလုပ်ခြင်း၊ထောက်ပံ့ပေးခြင်းများကိုကုမ္ပဏီမှပြုလုပ်ပေးသည့်ဂျပန်စာလေ့လာခြင်းပရိုဂရမ်များကိုသင်ယူနိုင်သည်။
ဂျစ်ရှုးဆေးအစရှိသည့်နိုင်ငံခြားသားလုပ်သားများကိုအများဆုံးလက်ခံ၍ဂျပန်စာလေ့လာခြင်းထောက်ပံ့ပေးခြင်းများကိုတက်ကြွစွာလုပ်ဆောင်ပေးနေသောလုပ်ငန်းရှင်များလည်းများပြားလာသည်။စာလေ့လာဖို့သင်ရိုးစာအုပ်များပေးခြင်းနှင့်အလုပ်ချိန်အတွင်းဂျပန်စာလေ့လာသင်ယူနိုင်သည့်အချိန်ကိုပြုလုပ်ပေးထားခြင်းများလည်းရှိသည်။အလုပ်ခွင်တွင်ဘယ်လိုထောက်ပံ့ပေးခြင်းများရှိလဲဆိုတာမေးမြန်းကြည့်ပါ။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။