အလုပ်လုပ်ရင်း ဂျပန်စာ တိုးတက်အောင် မည်သို့လုပ်ရမည်နည်း? အဓိကကျသော အချက်မှာ အကြားစွမ်းရည်နှင့်အပြောစွမ်းရည်ပင်ဖြစ်သည်။

ဂျပန်စာလေ့လာခြင်း

ဂျပန်စာကို တိုးတက်ချင်သော်လည်းအလုပ်ပြီးတဲ့အချိန်စာလေ့လာရန်မှာမလွယ်နိုင်ဘူးဟုထင်ပါသည်။ 

ဒါကြောင့်ဒီတစ်ခေါက်မှာအလုပ်လုပ်ရင်းရလဒ်သိသာစေသောဂျပန်စာတိုးတက်နိုင်မည့် နည်းလမ်း(၄) မျိုးကို မိတ်ဆက်ပေးပါမည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

၁. အလုပ်တွင် မကြာခဏအသုံးပြုသော ဂျပန်စာများကို မှတ်စုရေးမှတ်ပါ!
လုပ်ငန်းတွင် အသုံးပြုသော ပစ္စည်းကိရိယာများအမည်နှင့် လုပ်ငန်းခွင်အသုံးပြုသော စကားလုံးများကို ဦးစားပေး မှတ်သားပါ။မှတ်စုစာအုပ်ကိုအမြဲသယ်ဆောင်ထားပြီးနားမလည်သည့်စကားလုံးရှိသည့်အခါ

ထိုနေရာတွင်ပင်မေးမြန်းခြင်း၊ရှာဖွေခြင်းလုပ်၍မမေ့အောင်ရေးမှတ်ပါ။မှတ်စုမှတ်သည့်အလေ့ကျင့်ကိုဂျပန်လူမျိုးအများစုအားပေးလေ့ရှိသည်။အားကြိုးမာန်တက်မှတ်စုမှတ်ကာလေ့လာသင်ယူနေသည့်ပုံသဏ္ဏာန်မှာမိမိအတွက်အလွန်ကောင်းမွန်သည့်ပုံရိပ်ဖြစ်ပါလိမ့်မည်။

၂. နားချိန်တွင် ဂျပန်လူမျိုးများနှင့် စကားပြောပါ!
ဂျပန်စာတိုးတက်ရန်အကျိုးအရှိဆုံးအချက်မှာဂျပန်လူမျိုးများနှင့် စကားပြောခြင်းဖြစ်ပါသည်။ နားချိန်ကို ဂျပန်လူမျိုးများနှင့် အတူကုန်ဆုံးစေပြီးတက်တက်ကြွကြွစကားပြောနိုင်သည့်အခွင့်အရေးကိုဖန်တီးပါ။ စကားပြောချိန်မှာနားမလည်ခြင်း၊ပြန်မပြောနိုင်ခြင်းများဖြစ်တတ်သော်လည်းဂျပန်လူမျိုးအချင်းချင်းပြောနေသောစကားများကိုသေချာနားထောင်၍နားယဥ်ပါးအောင်လုပ်ရန်မှာလည်းအရေးကြီးသောအချက်ပင်ဖြစ်သည်။

၃. မနားလည်ပါက “ မနားလည်ပါ” ဟု ပြောပါ!
စကားပြောနေတဲ့အကြောင်းအရာများကို နားမလည်ဘဲ “ နားလည်ပါတယ်” “ အဆင်ပြေပါတယ်” ဟု အလျင်အမြန်ပြန်ဖြေတာမျိုးလုပ်မိပါသလား။ နားမလည်သည့်အချိန်များတွင် “နားမလည်ပါ” ဟု ပြောဆို၍နားလည်နိုင်သည့်အထိသင်ယူပါ။ဂျပန်စကားအများကြီးလေ့ကျင့်ပြီးသားဖြစ်မည်ဖြစ်ပြီးလုပ်ငန်းခွင်အတွင်းအမှားပြုလုပ်ခြင်းမျိုးကိုလည်းလျော့နည်းစေပါသည်။

၄. ဂျပန်animeနှင့်dramaများကိုကြည့်ပါ!
အကြားစွမ်းရည်ကိုတိုးတက်အောင် ပြုလုပ်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ ဂျပန်animeနှင့်dramaဇာတ်လမ်းများကို ကြည့်ခြင်းဖြစ်ပါသည်။ နေ့စဥ်ဂျပန်လို ပြောဆိုသော စကားလုံးများ၊ဝါကျများနှင့် ဂျပန်၏ဓလေ့ထုံးတမ်းများကို သဘာဝကျကျလေ့လာနိုင်သည်။ ဇာတ်လမ်းရဲ့ ဇာတ်ကောင်အား စိတ်ဝင်စားမှု့ရှိပါက ဂျပန်စာကို လေ့လာလိုစိတ်ရှိလာမည်ဖြစ်သည်။ တစ်ပိုင်းလျှင်မိနစ်၃၀‌မှ၁နာရီသာကြာသည့်ဇာတ်လမ်းများရှိသည့်အတွက်နေ့တိုင်းအလုပ်ပြန်သည့်အချိန်တွင်စိတ်အပန်းဖြေရင်းကြည့်ပြီးနားထောင်ကြည့်ပါ။

ဂျပန်စာတွင်Hiragana၊ Katakana ၊ Kanji ဆိုသည့်စကားလုံးအမျိုးစားများသည့်အတွက်အရေးအဖတ်

မှတ်သားရန်မှာခက်ခဲပင်ပန်းနိုင်ပါသည်။

သို့သော်လည်း၊နားထောင်ခြင်းနှင့်စကားပြောဆိုခြင်းမှာလည်းထင်ထားသည်ထက်အနည်းငယ်လွယ်ကူသည်ဆိုသည့်စကားသံများလည်းကြားရလေ့ရှိသည်။သင်၏မိခင်ဘာသာစကားအပေါ်မူတည်သော်လည်းဂျပန်စာ၏အဓိကသရအသံများသည်【あ、い、う、え、お】အ၊အိ၊အု၊အဲ၊အိုဆိုသည့်အသံ၅မျိုးသာရှိသည့်အတွက်အခြားဘာသာစကားများနှင့်နှိုင်းယှဥ်ကြည့်မည်ဆိုပါကအသံထွက်လွယ်ကူသည့်အပြင်သဒ္ဒါစည်းမျဥ်းများလည်းပြောသလောက်မရှုပ်ပါ။ပြုလုပ်သူနှင့်ဖော်ပြချက်များ၊ရည်ရွယ်ချက်များကိုအစဥ်လိုက်မပြောနိုင်သော်လည်းအဓိပ္ပာယ်ပေါက်ရောက်လွယ်ကူနိုင်သည့်ဘာသာစကားပင်ဖြစ်သည်။

ဂျပန်စာအမြန်ကျွမ်းကျင်ချင်ပါကအရင်ဦးဆုံးများများနားထောင်ကာအမှားပါသော်လည်းစိတ်ထဲမထားပဲများများပြောရန်လိုပါသည်။မိမိပြောချင်သည့်အရာကိုဂျပန်လိုပြောနိုင်ပါကမိမိဘေးပတ်ဝန်းကျင်မှဂျပန် လူမျိုးများနှင့်အရောတဝင်နေနိုင်ပြီးအ‌ရေးပေးဆက်ဆံခြင်းခံရပါလိမ့်မည်။

 နားထောင်ခြင်းနှင့်စကား ပြောဆိုခြင်းများကို အဓိကထားပြောခဲ့သော ဂျပန်စာ တိုးတက်စေရန် နည်းလမ်း(၄) မျိုးကိုသေချာပေါက် စမ်းသပ်ကြည့်ပါ။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်