ဂျပန်တွင်တစ်နေရာနှင့်တစ်နေရာသွားရေးလာရေးအတွက်စက်ဘီးသည်မိမိနှင့်လတ်တကမ်းအနီးတွင်ရှိသည့်ယာဥ်ဖြစ်သည်။
အလုပ်သို့သွားလာရန်အတွက်၊ ကုမ္ပဏီမှထောက်ပံ့ပေးသောအခါမျိုးလည်းရှိသည်။
ယခုအကြိမ်တွင် စက်ဘီးစီးနင်းသည့်အခါလိုက်နာရမည့်လမ်းစည်းကမ်းများကိုရှင်းပြပါမည်။
■ကားလမ်း၏ဘယ်ဘက်အခြမ်းမှစီးရန်
စက်ဘီးအားသွားလာရေးယာဉ်တစ်စင်းအဖြစ်သတ်မှတ်ထားသောကြောင့်အခြေခံအားဖြင့်ယာဥ်လမ်း၏ဘယ်ဘက်အခြမ်းမှစီးနင်းရမည်ဖြစ်သည်။
စက်ြန်လျှောက်လမ်းပေါ်တွင်စီးနင်းပါကလမ်းလျှောက်သူများအားဦးစားပေးပြီးအရှိန်လျော့ထားကာ ကားလမ်းဘက်အခြမ်းမှစီးနင်းပါ။
■မီးပွိုင့်နှင့်သင်္ကေတsignများကိုလိုက်နာရန်
မီးပွိုင့်များနှင့်「止まれ」「ရပ်ပါ」ဆိုပြီးရေးသားပြထားသည့်သင်္ကေတအရာများကိုလိုက်နာပြီး လူကူးမျဥ်းကြားမရှိသောနေရာများတွင်လမ်းဖြတ်မကူးရန်။
■အခြားတစ်ခုလုပ်နေရင်းစီးနင်းခြင်းမပြုပါရန်
လက်တစ်ဖက်ကထီးဆောင်းထား၍စီးခြင်း၊စမတ်ဖုန်းအသုံးပြုရင်းစီးခြင်း၊နားကြပ်တပ်သီချင်းနားထောင်ရင်းစီးခြင်းတို့သည်မတော်တဆမှု့ဖြစ်နိုင်သောကြောင့်မပြုလုပ်ပါရန်။
■အရွယ်ရောက်သူ၂ဦးအတူစီးခြင်းနှင့်အရက်သေစာသောက်ပြီးစီးနင်းခြင်းကိုတားမြစ်ထားခြင်း
စက်ဘီးပေါ်တွင်လူတင်စီးခြင်းကိုအခြေခံအားဖြင့်တားမြစ်ထားပါသည်။
သို့သော်၊ကလေးထိုင်ခုံပါဝင်သောစက်ဘီးများသည် ၆နှစ်အောက်ကလေးနှစ်ဦးအားတင်၍စီးနင်းနိုင်သည်။
အရက်သေစာသောက်စားပြီးစီးနင်းခြင်းမှာအပြစ်ဒဏ်ခံရနိုင်သည်။
■မီးဖွင့်ထားရန်တာဝန်ရှိခြင်း
ညအချိန်တွင်အန္တရာယ်ကင်းစွာစီးနင်းနိုင်ရန်မီးဖွင့်ပြီးစက်ဘီးစီးဖို့ ဥပဒေအရသတ်မှတ်ထားရှိသည်။
■ဘီးနှစ်စီးယှဥ်လျှက်စီးနင်းခြင်းမပြုလုပ်ရန်
လမ်းသွားလမ်းလာများအတွက်အနှောင့်အယှက်မဖြစ်စေရန်စက်ဘီး၂စင်းဘေးချင်းယှဥ်စီးခြင်းမပြုလုပ်ရန်။
စည်းကမ်းချိုးဖောက်ပါကဒဏ်ငွေပြစ်ဒဏ်သို့မဟုတ်အချုပ်ထောင်ဒဏ်ရှိနိုင်သည်။စက်ဘီးနှင့်ဆိုင်သောမတော်တဆဖြစ်မှု့များပိုများလာသောကြောင့်စည်းကမ်းထိန်းချုပ်မှု့များပို၍တင်းကြပ်လာခြင်းဖြစ်သည်။
ယာဥ်စီးဦးထုပ်ဆောင်းခြင်းသည်လည်းကြိုးစားအားထုတ်သင့်သည့်တာဝန်တစ်ခုပင်ဖြစ်သည်။စည်းမျဉ်းများကိုလိုက်နာပြီး စီးနင်းပါ။
ထို့အပြင်စက်ဘီးအာမခံဝင်ရောက်ခြင်းကိုမြို့နယ်များတွင်မဖြစ်မနေလုပ်ရမည့်ဝတ္တရားတစ်ခုအဖြစ်သတ်မှတ်ထားသည်။ဂျစ်ရှူးဆေးနည်းပညာသင်တန်းသားဖြစ်ပါက၊အဖွဲ့အစည်းများနှင့်ခန့်အပ်ထားသည့်တာဝန်ခံမှအာမခံဝင်ပေးထားသည်များရှိတက်သည့်အတွက်၊အာမခံအကြောင်းအရာကိုသေချာနားလည်အောင်လုပ်ထားကြပါစို့။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။