ဂျပန်နိုင်ငံတွင် အလုပ်လုပ်ပြီးရရှိသည့် လစာအား မည်မျှ စုဆောင်းနိုင်ပြီးမည်မျှအိမ်ကိုပို့နေပါသနည်း။
ယခုတစ်ခေါက်တွင်၊ အထူးကျွမ်းကျင်လုပ်သားအနေဖြင့် အလုပ်လုပ်နေသည့် နိုင်ငံခြားသားဝန်ထမ်း၏ လစဉ်ဝင်ငွေနှင့် ထွက်ငွေအား မိတ်ဆက်ပေးပါမည်။ လစဉ်ဝင်ငွေ၏ စီမံခန့်ခွဲမှုကို စိုးရိမ်နေသူများ ကိုးကားမှု့ပြုလုပ်ကြည့်ပါ။
■ N အမျိုးသမီး (29 နှစ် / အမျိုးသမီး /ဗီယက်နမ်လူမျိုး)
N အမျိုးသမီးသည် ဂျပန်နိုင်ငံ အိုဆာကာတွင်ရှိသည့်ဘိုးဘွားစောင့်ရှောက်ရေးဂေဟာတစ်ခုတွင်စောင့်
ရှောက်ရေးအလုပ်လုပ်ကိုင်နေသည်။
လစဉ်ဝင်ငွေ: 215,000 ယန်း
〇 လစာထဲမှဖြတ်ငွေများ
အခွန်နှင့်လူမှု့ဖူလုံရေးငွေ: ခန့်မှန်းခြေ 37,000 ယန်း
အိမ်ငှားရမ်းခ: 30,000 ယန်း
ရေမီးဂတ်စ်ဖိုး: 5,000 ယန်း
လက်ကျန်ငွေ: ခန့်မှန်းခြေ 143,000 ယန်း
〇 ထွက်ငွေများ
ဆက်သွယ်ရေးစရိတ်: 2,000 ယန်း
အစားအသောက်စရိတ်: 20,000 ယန်း
လမ်းစရိတ်: 6,000 ယန်း
နေ့စဉ်သုံးပစ္စည်းများကုန်ကျစရိတ်: 10,000 ယန်း
လူမှု့ရေးအသုံးစရိတ်: 10,000 ယန်း
အခြားကုန်ကျစရိတ်: 5,000 ယန်း
စုငွေ: 30,000 ယန်း
အိမ်သို့ပို့ငွေ: 60,000 ယန်း
စုစုပေါင်းစရိတ်: 143,000 ယန်း
■ N အမျိုးသမီး၏စကားသံ
【 ကုမ္ပဏီက ပြင်ဆင်ထားပေးတဲ့ရေဖိုးပါပြီးတစ်ခန်းတည်းနေရသည့်အခန်းမှာနေထိုင်နေပါတယ်။
အဲကွန်းပါတဲ့အခန်းဖြစ်ပြီးမီတာခစျေးကြီးလို့တစ်ခါတလေပြတင်းပေါက်ဖွင့်လိုက်၊ပန်ကာဖွင့်လိုက်လုပ်ပြီးချွေတာသုံးတဲ့ပုံစံနဲ့နေပါတယ်။
ကိုယ့်နိုင်ငံကစားသောက်ကုန်ရောင်းတဲ့ကုန်စုံဆိုင်ရှိလို့ပိတ်ရက်မှာကိုင်တိုင်ချက်စားတာတို့တစ်ခါတစ်လေအတူတူအလုပ်လုပ်တဲ့ မိတ်ဆွေတွေနဲ့ အပြင်ထွက်မုန့်စားလေ့ရှိပါတယ်။ အိုဆာကာမှာ စျေးသက်သာပြီးအရသာရှိတဲ့ဆိုင်တွေအများကြီးရှိပါတယ်။
တက်နိုင်သရွှေ့ချွေတာရေးလုပ်ပြီးအိမ်ကိုငွေပို့ပေးပါတယ်။တစ်ဖက်မှာလည်းအနာဂတ်အတွက်ပြင်ဆင်ပြီးငွေဖြေးဖြေးချင်းတိုးစုနေပါတယ်။ ဘိုးဘွားစောင့်ရှောက်ရေးအလုပ်ကလူအများကြီးကိုပျော်ရွှင်
အောင်လုပ်ပေးတဲ့အလုပ်ဖြစ်လို့လုပ်ရကျိုးနပ်တဲ့အလုပ်ပါ။ကြိုးစားပြီးနိုင်ငံအသိမှတ်ပြုစောင့်ရှောက်ရေးအရည်ချင်းလတ်မှတ်ကိုယူပါမယ်။ဂျပန်မှာရေရှည်လုပ်ချင်ပါတယ်။ 】
အထူးကျွမ်းကျင်လုပ်သားဗီဇာဖြင့်အလုပ်လုပ်ပါက၊ဂျပန်နိုင်ငံ၏နေထိုင်မှု့နှင့်လျှင်မြန်စွာအသားကျစေရန်ကုမ္ပဏီနှင့်အထောက်ကူပြုပေးမည့်အဖွဲ့အစည်းတို့မှအထောက်အကူများရရှိနိုင်ပါသည်။ နေထိုင်မှု့အတွက်နားမလည်သည့်အရာနှင့်အခက်အခဲများရှိပါကအဖွဲ့အစည်းများကို ဆွေးနွေးနိုင်ပါသည်။
ဂျပန်နိုင်ငံ၏နေထိုင်မှု့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းရင်းတက်နိုင်သည့်ပမာဏဖြစ်သည့်ငွေစုခြင်းနှင့်အိမ်ကိုငွေပို့ခြင်းများပြုလုပ်ကာ၊ လစဥ်ဝင်ငွေထွက်ငွေများကိုချိန်ဆကြည့်ပါ။ ဤဆောင်းပါးသည်ဂျပန်နိုင်ငံ၏နေစဥ်ဘဝတွင်အသုံးဝင်သောဗဟုသုတအချက်လက်များကိုတင်ဆက်ထားပြီးကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။