ဂျပန်နိုင်ငံ၏ဘောနပ်စ်များအကြောင်းကို ရှင်းပြပါမည်! ပျမ်းမျှငွေပမာဏနှင့် ပေးသည့်အချိန်ကာလများ?

ဂျပန်နိုင်ငံ၏လစာ

“ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ခြင်းဖြင့် ဘောနပ်စ်ငွေကို မည်မျှ ရနိုင်သနည်း?” “ ပေးသည့်အချိန်ကာလက ဘယ်တော့လဲ?” ဂျပန်နိုင်ငံ၏ ဘောနပ်စ်များနှင့်ပတ်သတ်၍စိတ်ဝင်စားသောသူများသည်ဟုထင်ပါသည်။

ဘောနပ်စ်ဆိုသည်မှာ လစဉ် လစာအပြင် ထပ်ဆောင်းပေးသော လုပ်အားခ ဖြစ်သည်။ “ အထူးထောက်ပံ့ကြေး” “ သတ်မှတ်ကာလကုန်အနှစ်ချုပ်ထောက်ပံ့ကြေး” သို့မဟုတ် “ တွက်ချက်မှု့ထောက်ပံ့ကြေး” စသည်တို့ဟုလည်း ခေါ်ဆိုကြသည်။

လစာနှင့်ကွဲပြား၍ဥပဒေအရသတ်မှတ်ထားသောပေးရမည့်တာဝန်မရှိသော်လည်းကုမ္ပဏီအနေဖြင့်ဝန်ထမ်းများအား အမြတ်ငွေများကို ပေးခြင်းဖြင့်၊ အလုပ်လုပ်ရန်စိတ်အားထက်သန်မှုကို မြှင့်တင်ပေးပါသည်။

ယခုတစ်ကြိမ်တွင် ဂျပန်နိုင်ငံရှိဘောနပ်စ်များကို ရှင်းပြပါမည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■ ဘောနပ်စ်ရရှိနိုင်သည့်သူများ

အများအားဖြင့် ဘောနပ်စ်ရရှိနိုင်သည့်သူများမှာ အမြဲတမ်းဝန်ထမ်းများသာဖြစ်ပြီး၊ အချိန်ပိုင်းဝန်ထမ်းများ သို့မဟုတ် ယာယီဝန်ထမ်းများနှင့် စာချုပ်ဝန်ထမ်းများမှာ မရရှိနိုင်ပါ။ အမြဲတမ်းဝန်ထမ်းတစ်ဦး အနေဖြင့် လည်းအလုပ်ဝင်ပြီးနှစ်ဝက်ပိုင်းတစ်နှစ်မပြည့်သေးပါကဘောနပ်စ်မရှိနိုင်ခြင်းသို့မဟုတ်အနည်းငယ်(၁သောင်းမှ-၁၀သောင်းကြား)ရရှိခြင်းမှာထုံးစံဖြစ်သည်။

■ ‌ဘောနပ်စ်ပေးသည့်အချိန်ကာလ

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများတွင် ဘောနပ်စ်ငွေအား နှစ်စဉ် ၂ ကြိမ် နွေရာသီနှင့် ဆောင်းရာသီအတွင်း ပေးခြင်းမှာ ထုံးစံ ဖြစ်သည်။ နွေရာသီဘောနပ်စ်သည် ဇွန်လမှ ဇူလိုင်လအတွင်း၊ ဆောင်းရာသီဘောနပ်စ်သည် ဒီဇင်ဘာလအတွင်းပေးသည်။

■ဘောနပ်စ်ငွေ ပျမ်းမျှငွေပမာဏ

တစ်ကြိမ်ပေးသည့် ဘောနပ်စ်သည် အခြေခံလစာ ၁ လမှ ၂ လအထိပမာဏ ရှိသည်မှာစျေးကွက်ပေါက်စျေးဖြစ်သည်။ နှစ်စဉ် ၂ ကြိမ်ပေးပါက၊ နှစ်စဉ် အခြေခံလစာ ၂ လမှ ၄ လအထိ ပမာဏ ရရှိမည်ဖြစ်၍၊ များပြားသော ဝင်ငွေပမာဏဖြစ်သည်။ ကုမ္ပဏီအကြီးအသေးနှင့် အမြတ်ငွေပေါ်တွင် မူတည်၍၊ ပိုမိုများပြားသော အခြေအနေများလည်း ရှိသည်။

■ ဘောနပ်စ်တွင်ပေးရသောအခွန်

လစဉ်လစာနှင့် အလားတူ၊ ဘောနပ်စ် မှလည်း ဝင်ငွေအခွန်နှင့် လူမှုဖူလုံရေး အခွန်များအဖြတ်ခံရပါမည်။ နေထိုင်ခွန်မပါပါ။

ဘောနပ်စ် ပေးခြင်း အခြေအနေမှာ၊ ကုမ္ပဏီ၏ အမြတ်ငွေအခြေအနေ နှင့် ပုဂ္ဂိုလ်ရေးရာအကဲဖြတ်သုံးသပ်ခြင်းတို့ပေါ်မူတည်သည်။ ကုမ္ပဏီ၏ အမြတ်ငွေအခြေအနေ မကောင်းခဲ့လျှင် သို့မဟုတ် အလုပ်သမားအကဲဖြတ်မှုပုံစံ မပြည့်မီခဲ့လျှင်၊ ရရှိသော ဘောနပ်စ် ငွေပမာဏမှာ သိသိသာသာ နည်းပါးခြင်းနှင့်ပေးသည့်ပမာဏထဲမှဖြတ်တောက်ခံရခြင်းများရှိနိုင်သည်။ ၄င်းကို ဥပဒေချိုးဖောက်မှုဟု မခေါ်ဆိုနိုင်ပါ။

ဘောနပ်စ်ပေးခြင်းစနစ် မရှိသော ကုမ္ပဏီများလည်း ရှိပါသည်။ မိမိကုမ္ပဏီတွင်ရှိသော ဘောနပ်စ် ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အလုပ်စာချုပ် သို့မဟုတ် လုပ်ငန်းဆိုင်ရာသတ်မှတ်ချက်များတွင် အတည်ပြုစစ်ဆေးပါ။

2024 ခုနှစ် နွေရာသီ ဘောနပ်စ် နှင့်ပတ်သတ်၍ဂျပန်ကုမ္ပဏီ များ၏85% သည်ပေးကြသည်ဖြစ်ပြီး၊ ၄င်းအတွင်းမှ40% သည် ယခင်နှစ်ထက် ပမာဏတိုးမြှင့်နိုင်သည့်အလားလာရှိနေသည့်စစ်တမ်းလည်းရှိ

ပါသည်။

မူရင်း အချက်အလက်: “ 2024 ခုနှစ် နွေရာသီ ဘောနပ်စ် စစ်တမ်း / Teikoku Data Bank” [https://www.tdb.co.jp/report/watching/press/pdf/p240604.pdf]

ဂျပန်နိုင်ငံတွင် “ တူညီသောလုပ်အားတူညီသောလုပ်အားခ” ဟူသော ဥပဒေတရား ရှိသည့်အတွက်၊ လိုအပ်ချက်များ ပြည့်မှီသည့် နိုင်ငံခြားသား ဝန်ထမ်းများကို ဂျပန်အလုပ်သမားများနှင့် တန်းတူ ဆုကြေးငွေ ပေးသည်ဖြစ်သည်။

အကယ်၍အလုပ်ပြောင်းဖို့စဥ်းစားနေပါကဘောနပ်စ်နှင့်ပတ်သတ်၍သေချာအတည်ပြုခြင်းလုပ်၍နှစ်စဥ်ဝင်ငွေကိုထည့်သွင်းစဥ်းစားဖို့အ‌ရေးကြီးသည်။ထိုသို့လုပ်ဆောင်ခြင်းဖြင့်ပြီးပြည့်စုံသောဂျပန်နေထိုင်မှု့ဘဝကိုဖော်ဆောင်ပါ။

ဤဆောင်းပါးသည်ဂျပန်နိုင်ငံ၏နေစဥ်ဘဝတွင်အသုံးဝင်သောဗဟုသုတအချက်လက်များကိုတင်ဆက်ထားပြီးကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။  

 ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်