ဂျပန်တွင် အလုပ်လုပ်နေကြသူများသည် အခြေခံလစာအပြင် လစဉ်သတ်မှတ်ထားသော ထောက်ပံ့ကြေးခံစားခွင့်များ ကို ရရှိသောသူများလည်း ရှိကြသည်။ ထောက်ပံ့ကြေးခံစားခွင့်များ ရရှိပါက လက်ကျန်ငွေများ တိုးလာသည့်အတွက်ဝမ်းသာစရာကိစ္စရပ်ပင်ဖြစ်သည်။
ထောက်ပံ့ကြေးခံစားခွင့်များမှာ တရားဥပဒေအရ ပြဋ္ဌာန်းထား၍ပေးသော ထောက်ပံ့ကြေးခံစားခွင့်များ နှင့် ကုမ္ပဏီမှသီးသန့်ပေးသော ထောက်ပံ့ကြေးခံစားခွင့်များ ရှိသည်ကို သိရှိပါသလား?
တရားဥပဒေတွင် ပြဋ္ဌာန်းထားသော ထောက်ပံ့ကြေးခံစားခွင့်များမှာ “ အချိန်ပိုထောက်ပံ့ကြေး” “ ပိတ်ရက်အလုပ်ဆင်းသောအခါထောက်ပံ့ကြေး” “ ညသန်းခေါင်ချိန်အလုပ်ဆင်းသည့်အခါရသည့်ထောက်ပံ့ကြေး”
“ အလုပ်ဖြင့်ခရီးသွားသည့်အခါထောက်ပံ့ကြေး” စသည်တို့ဖြစ်ပြီး၊လုပ်ကိုင်ခဲ့သောအချိန်အလိုက်ထောက်ပံ့ ကြေးခံစားခွင့်များပြောင်းလဲသွားမည်။ အချိန်ပို ထောက်ပံ့ကြေးခံစားခွင့်များ သည် လည်း ၄င်းထဲတွင်အကျုံးဝင်သည်။
တစ်ဖက်မှာလည်း၊ကုမ္ပဏီမှသီးသန့်ပေးသောထောက်ပံ့ကြေးခံစားခွင့်များကိုရရှိနိုင်သည့်ဝန်ထမ်းများအားလစဉ်၊သတ်မှတ်ပမာဏအားပေးမည်ဖြစ်သည်။ယခုတစ်ခေါက်တွင်ကုမ္ပဏီမှသီးသန့်ပေးသောထောက်ပံ့ကြေးခံစားခွင့်များနှင့်ပတ်သတ်သည်များကိုမိတ်ဆက်ပေးသွားပါမည်။
■ အလုပ်တက်ရောက်သည့် ထောက်ပံ့ကြေးခံစားခွင့်
အလုပ်ခွင့်သို့သွားသည့်အခါကုန်ကျသည့်လမ်းစရိတ်ကိုပေးခြင်းဖြစ်သည်။ရထား၊ဘတ်စ်ကားကဲ့သို့အများပြည်သူသုံးသည့်ယာဥ်များအတွက်ကုန်ကျစရိတ် ကားဖြင့် လုပ်ငန်းခွင်သို့ သွားလာပါက ဓာတ်ဆီစရိတ် စသည်တို့ပါဝင်သည်။ ကုန်ကျစရိတ်အားလုံးပေးခြင်းမဟုတ်ပဲ၊ အများဆုံးပမာဏအားသတ်မှတ်ထားခြင်း
များလည်းရှိတက်သည်။ နေအိမ်မှ လုပ်ငန်းခွင်အထိ အကွာအဝေး ၂ ကီလိုမီတာ အတွင်းဖြစ်ပါက ထောက်ပံ့ကြေးမရနိုင်ပါ။
■ အိမ်ထောက်ပံ့ကြေး
ငှားရမ်းနေထိုင်သောအိမ်လခများနှင့်ချေးငွေဖြင့်ဝယ်ယူထားသောအိမ်များအတွက်ထောက်ပံ့ကြေးဖြစ်သည်။ဂျပန်နိုင်ငံမြို့ကြီးများတွင်အိမ်ငှားရမ်းလခများအလွန်မြင့်မားသောကြောင့်အိမ်ထောက်ပံ့ကြေးခံစားခွင့်ရှိသည်ဆိုပါကစားဝတ်နေရေးစရိတ်အားလျော့ချပေးနိုင်သည်။အိမ်ထောက်ပံ့ကြေးအစား ကုမ္ပဏီအိမ်ရာနှင့်အဆောင်များကိုလက်လှမ်းမှီသောငှားရမ်းနှုန်းများဖြင့်ဆောင်ရွက်ပေးသည်များလည်းရှိသည်။
■ အစားသောက်ထောက်ပံ့ကြေး
အလုပ်ချိန်အတွင်းစားသည့်အစားအသောက်(အဓိကအားဖြင့်နေ့လည်စာ)အတွက်ကုန်ကျသည့်ငွေအားထောက်ပံ့ပေးခြင်းဖြစ်သည်။ငွေသားအနေနဲ့ထောက်ပံ့ပေးခြင်းမဟုတ်ပဲဝန်ထမ်းများထမင်းစားဆောင်တွင်ထမင်းဗူးများကိုချိုသာသောစျေးနှုန်းဖြင့်ဝယ်ယူနိုင်အောင်ပြုလုပ်ပေးသောကုမ္ပဏီများလည်း ရှိသည်။
■အလုပ်ကြိုးစားတက်ရောက်မှု့ထောက်ပံ့ကြေးခံစားခွင့်/ရက်ပြည့်တက်ခြင်းထောက်ပံ့ကြေးခံစားခွင့်
သတ်မှတ်ထားသောကာလတစ်ခုအတွင်းအလုပ်ပျက်ကွက်ခြင်း၊အလုပ်ချိန်နောက်ကျခြင်း၊အလုပ်ချိန်စောဆင်းခြင်းများမရှိပဲအလုပ်ကိုကြိုးစားပေးသည့်အခါရရှိသည့်ထောက်ပံ့ကြေးဖြစ်သည်။ထုန်လုပ်မှု့လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း စသည်တို့တွင် လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်ရန်အတွက်လုပ်သားထိန်းသိမ်းသည့်အနေဖြင့်အရေးပါသောအချက်ဖြစ်ကာ၊ထိုထောက်ပံ့ကြေးခံစားခွင့်များဖြင့်အလုပ်ခန့်လေ့ရှိကြသည်။
■ အလုပ်တာဝန် ထောက်ပံ့ကြေးခံစားခွင့်များ
အထူးသတ်မှတ်ထားသောလုပ်ငန်း၌တာဝန်ယူမှု့များ၊လိုအပ်သည့်ဗဟုသုတ၊နည်းပညာများအတွက်ပေးသည့်ထောက်ပံ့ကြေးခံစားခွင့်များဖြစ်သည်။၄င်းနှင့်တူညီစွာအထူးသတ်မှတ်ထားသည့်လုပ်ငန်းတာဝန်များအတွက်တာဝန်ယူခြင်းထောက်ပံ့ကြေးဆိုသည်နှင့်အလုပ်အတွက်လိုအပ်သောအရည်ချင်းလတ်မှတ်များပိုင်ဆိုင်ထားသည့်အခါ၌ပေးသည့်အရည်ချင်းထောက်ပံ့ကြေးခံစားခွင့်များလည်းရှိသည်။
ထို့အပြင်မိသားစုထောက်ပံ့ကြေးနှင့်အလုပ်ဖြင့် ခရီးသွားသည့်အခါရသည့်ထောက်ပံ့ကြေး၊ ဒေသဆိုင်ရာ ထောက်ပံ့ကြေးစသည့်များစွားသောထောက်ပံ့ကြေးများရှိသည်။
ကုမ္ပဏီပေါ်မူတည်၍အလုပ်ခန့်သည့်အခါပေးသည့်ထောက်ပံ့ကြေးအမျိုးစားများနှင့်ပေးသည့်ပမာဏသည့်မတူညီပါ။သို့သော်ဂျပန်လူမျိုးဝန်ထမ်းများနှင့်လုပ်ဆောင်ရသည့်လုပ်ငန်းတာဝန်အကြောင်းအရာအတူတူဖြစ်ပါက၊တူညီသောပမာဏဖြစ်သည့်ထောက်ပံ့ကြေးကိုရရှိမည်ဖြစ်သည်။
ထောက်ပံ့ကြေး အများအပြားပေးထားသော ကုမ္ပဏီများသည် ဝန်ထမ်းများ၏ အလုပ်လုပ်နေမှု့
အနေအထားကို စဉ်းစားပေးထားသည့်အတွက် စိတ်ချလက်ချ အလုပ်လုပ်နိုင်ပါသည်။ ကုမ္ပဏီနှင့် အလုပ်စာချုပ်ချုပ်ဆိုသည့်အခါအခြေခံလစာအားအစပြု၍ထောက်ပံ့ကြေးအသီးသီးရှိမရှိနှင့်ယေဘူယျလစာပမာဏကိုသေချာဖော်ပြပေးခိုင်းဖြင့်အခွင့်ရေးကောင်းမွန်သောလုပ်ငန်းခွင်ကိုရွေးချယ်ကြပါစို့။
ဤဆောင်းပါးသည်ဂျပန်နိုင်ငံ၏နေစဥ်ဘဝတွင်အသုံးဝင်သောဗဟုသုတအချက်လက်များကိုတင်ဆက်ထားပြီးကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။