အချိန်ပိုကြေးဘယ်လောက်ရပါသလဲ?ဂျပန်နိုင်ငံ၏ အလုပ်ချိန်နှင့် အချိန်ပိုကြေး စည်းမျဉ်းများကို ရှင်းလင်းပြပါမည်။ 

ဂျပန်နိုင်ငံ၏လစာ

“ အချိန်ပို အများကြီးလုပ်၍ ဝင်ငွေတိုးချင်သည်” ဟု စဉ်းစားနေကြသူများစွာ ရှိနေကြပါလိမ့်မည်။ 

ထိုကြောင့် ယခုတစ်ကြိမ်တွင်၊ ဂျပန်နိုင်ငံရှိ အချိန်ပိုကြေးတွက်ချက်သည့်ပုံစံများကို မျှဝေလိုက်ပါသည်။ 

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

ဂျပန်နိုင်ငံ၏ တရားဥပဒေအရ၊ အလုပ်ချိန်မှာ တစ်နေ့ ၈ နာရီနှင့် တစ်ပါတ် ၄၀ နာရီအထိ ကန့်သတ်ထားသည်။ ထိုအချိန်ကို ကျော်လွန်၍ လုပ်ဆောင်ပါက အချိန်ပို ဖြစ်သွားပါမည်။ 

အချိန်ပို လုပ်ဆောင်ပါက၊ တစ်နာရီလုပ်အားခသည် ပုံမှန်တစ်နာရီလုပ်အားခထက်များပါသည်။ များရမည့်ပမာဏသည်အချိန်ပိုလုပ်သည့် အခြေအနေများအပေါ် မူတည်သည်။ 

– တစ်နေ့ ၈ နာရီကျော်လွန်၍ လုပ်ဆောင်ပါက… ၂၅% တိုးပါမည် 
– ည (၁၀နာရီမှ မနက်၅ နာရီအထိ) လုပ်ဆောင်ပါက… ၂၅% တိုးပါမည် 
– တစ်နေ့ ၈ နာရီကျော်လွန်၍ ဆက်တိုက် ညသန်းခေါင်ထိ လုပ်ဆောင်ပါက… ၅၀% တိုးပါမည် 
– တစ်လအတွင်း အချိန်ပို၆၀ နာရီကျော်လွန်၍ လုပ်ဆောင်ပါက… ၅၀% တိုးပါမည် 
– တစ်လအတွင်း ညသန်းခေါင်ချိန်အချိန်အပိုင်းခြား၌ ၆၀ နာရီကျော်လွန်၍ လုပ်ဆောင်ပါက… ၇၅% တိုးပါမည် 
– နားရက်တွင် လုပ်ဆောင်ပါက… ၃၅% တိုးပါမည် 

ဥပမာ၊ တစ်နာရီလုပ်အားခ၁,၀၀၀ ယန်းဖြစ်ပြီး၊ ပုံမှန်အလုပ်ချိန် မနက်၉ နာရီမှ ညနေ၆ နာရီ (နားချိန် ၁ နာရီ) အထိ လုပ်နေသူသည်  ည၈နာရီအထိ လုပ်ဆောင်ပါက၊ ညနေ၆ နာရီမှ ၈ နာရီအထိသည် အချိန်ပို၂ နာရီဖြစ်သွား၍  ၂၅% တိုးမည်ဖြစ်ကာ ၁,၂၅၀ ယန်း × ၂ နာရီ = ၂,၅၀၀ ယန်း အဖြစ် အချိန်ပိုကြေးရမည်ဖြစ်သည်။ 

ည ၁၁ နာရီအထိ လုပ်ဆောင်ပါက၊ ညနေ ၆ နာရီမှ ၁၀ နာရီအထိသည် ၂၅% တိုးမည်ဖြစ်၍ တစ်နာရီလုပ်အားခ၁,၂၅၀ ယန်း ၊ ည၁၀နာရီမှ ၁၁ နာရီအထိသည် ၅၀% တိုးမည်ဖြစ်ကာတစ်နာရီလုပ်အားခ ၁,၅၀၀ ယန်းဖြစ်သွားမည်။ ၁,၂၅၀ ယန်း × ၄ နာရီ + ၁,၅၀၀ ယန်း × ၁ နာရီ =အချိန်ပိုကြေး ၆,၅၀၀ ယန်း ဖြစ်မည်။ 

ကြိုးစား၍အချိန်ပိုအများကြီး လုပ်ဆောင်ထားသည့် အတွက် တိကျသေချာသောလစာရရှိမှု့သည်ကျေနပ်ဖွယ်ရာဖြစ်သည်။ 

သို့သော်လည်း၊ အချိန်ပိုကြေး  တွက်ချက်နည်းများသည် လုပ်ငန်းပုံစံအချိန်စနစ်များအလိုက် တွက်ချက်နည်းများကွဲပြားသည့်ကိုလည်းနားလည်ထားရန်လိုသည်။ 

သင်၏ လုပ်ငန်းစနစ်ကို နားလည်ထားပြီး၊ အချိန်ပိုမည်မျှရှိမည်ဆိုသည်နှင့်အချိန်ပိုကြေးမည်မျှရမည်ကို 

အလုပ်မှလူအားမေးမြန်းကြည့်ပါ။  

တဖန်၊ ဂျပန်နိုင်ငံ၏ တရားဥပဒေအရ အချိန်ပိုခွင့်ပြုခြင်းသည် တစ်လတွင် ၄၅ နာရီ၊ တစ်နှစ်တွင် ၃၆၀ နာရီအထိဖြစ်သည်။ 

လုပ်ငန်းဆောင်တာများသော (ဥပမာ – ဆောက်လုပ်ရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ)တွင်၊ ပိုမိုရှည်ကြာသောအချိန်ပိုလုပ်ခြင်းကို ခွင့်ပြုထားသော်လည်း အတိုင်းတာကန့်သတ်ချက်များကိုဥပဒေ စည်းကမ်းချက်များဖြင့် အသေးစိတ်ပြဌာန်းထားပြီး၊ စည်းကမ်းချက်မလိုက်နာသော ကုမ္ပဏီများကို အရေးယူခြင်းရှိပါသည်။  

မှန်ကန်မှု့မရှိသောအလုပ်ချိန်အကြာကြီးခိုင်းစေခြင်းနှင့်အချိန်ပိုကြေးလျှော့ချခံရခြင်းမရှိစေရန်၊အချိန်ပိုကြေး စည်းမျဉ်းများကို နားလည်ပြီး၊ လုပ်အားခ လစာကို ရယူကြရ‌အောင်။  

နိုင်ငံခြားသားအလုပ်သမားများအတွက်အလုပ်ခေါ်စာများတွင်အချိန်ပိုကြေးပါရှိပြီးဖြစ်သောလစာများကိုရေးသားဖော်ပြထားပါသည်။ သို့သော်လည်း၊ လက်တွေ့ကုမ္ပဏီဝင်ရောက်ရာတွင် အချိန်ပိုကြေး နည်းပါး၍၊ မျှော်မှန်းထားသည့် လစာကို မရနိုင်သည့်ကိစ္စရပ်များလည်းတွေ့ရတက်သည်။ တစ်ဖက်တွင်လည်း” ပုံသေအချိန်ပိုကြေး” အဖြစ်၊လက်တွေ့အချိန်ပိုမလုပ်ပါပဲ၊သတ်မှတ်ထားသောအချိန်ပိုကြေးအားလစဥ်ရရှိနေသည့်လုပ်ငန်းခွင်များလည်းရှိနေသည်။  

သတင်းအချက်အလက်မှန်မှန်ကန်ကန်ရှင်းပြပေးသည့်ကုမ္ပဏီအားရှာဖွေရန်မှာအရေးကြီးသည်။ 

ဤဆောင်းပါးသည်ဂျပန်နိုင်ငံ၏နေစဥ်ဘဝတွင်အသုံးဝင်သောဗဟုသုတအချက်လက်များကိုတင်ဆက်ထားပြီးကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။ 

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်