ဂျပန်နိုင်ငံတွင် တိုင်းဒေသကြီးများအလိုက် အနည်းဆုံးလုပ်အားခကွာခြားခြင်းအားသိပါသလား?
အနည်းဆုံးလုပ်အားခဆိုသည်မှာအလုပ်သမားများအားပေးရမည့်လုပ်အားခအနည်းဆုံးနှုန်းထားကိုတစ်နာရီနှုန်းဖြင့်သတ်မှတ်ထားသောစနစ်တစ်ရပ်ဖြစ်သည်။ဂျပန်နိုင်ငံသားများနှင့်တူညီစွာနိုင်ငံခြားသားလုပ်သားများအပေါ်တွင်လည်းအကျိုးသက်ရောက်မှု့ရှိသည်။
■အနည်းဆုံးလုပ်အားခ ဥပမာ (2024 ခုနှစ် ဇူလိုင်လအချက်လက်များအရ)
တိုကျို – 1,113 ယန်း
အအိချိ – 1,027 ယန်း
အိုဆာကာ – 1,064 ယန်း
ဖူကူအိုကာ – 941 ယန်း
တိုင်းဒေသကြီးအလိုက်အနည်းဆုံးလုပ်အားခအပြင်၊ထုတ်လုပ်သည့်လုပ်ငန်းနယ်ပယ်အလိုက် အနည်းဆုံးလုပ်အားခလည်းရှိသည်။ကုန်ပစ္စည်းထုတ်လုပ်ခြင်းနှင့်ဆောက်လုပ်ရေးလုပ်ငန်းများအစရှိသည့်အထူးသီးသန့်ထုတ်လုပ်ရေးလုပ်ငန်းနယ်ပယ်များတွင်အကျိုးသက်ရောက်မှု့ရှိသည့်လုပ်ငန်းအလိုက်သတ်မှတ်ထားသောအနည်းဆုံးလုပ်အားခဖြစ်သည်။ဒေသအလိုက်အနည်းဆုံးလုပ်အားခထက်ထုတ်လုပ်သည့်လုပ်ငန်းနယ်ပယ်၏အနည်းဆုံးလုပ်အားခသည်မြင့်မားနေပါကထုတ်လုပ်သည့်လုပ်ငန်းနယ်ပယ်၏လုပ်အားခအားရရှိနိုင်မည်ဖြစ်သည်။
မိမိ၏သတ်မှတ်လုပ်အားခသင့်လျော်မှန်ကန်မှု့ရှိမရှိအားဒေသအလိုက်အနည်းဆုံးလုပ်အားခနှင့်အထူးထုတ်လုပ်ရေးလုပ်ငန်းနယ်ပယ်အလိုက်သတ်မှတ်ထားသောအနည်းဆုံးလုပ်အားခနှုန်းထားနှင့်အထက်ရှိမရှိဖြင့်ဆုံးဖြတ်သိရှိနိုင်သည်။
လစားစနစ်ဖြစ်ပါကလစဉ်ဝင်ငွေအား(အခြေခံလစာ+ထောက်ပံ့ကြေးခံစားခွင့်များ၊အိမ်လခထောက်ပံ့မှု့နှင့်လမ်းစရိတ်ထောက်ပံ့ကြေး၊အချိန်ပိုကြေးများမပါ)အလုပ်လုပ်သည့်အချိန်(အလုပ်စာချုပ်တွင်သတ်မှတ်ထားသောတစ်လအလုပ်လုပ်ချိန်)ဖြင့်စားလိုက်လျှင်၊အနည်းဆုံးလုပ်အားခထက်နည်းနေနိုင်သည့်လုပ်အားခဖြစ်မဖြစ်အားစစ်ဆေးအတည်ပြုနိုင်သည်။
ဒေသအလိုက်အနည်းဆုံးလုပ်အားခမှာကုန်ဈေးနှုန်းနှင့်စီးပွားရေးအခြေအနေပေါ်မူတည်၍နှစ်စဉ်ပြန်လည်ပြင်ဆင်သတ်မှတ်လေ့ရှိသည်။ ထုတ်လုပ်သည့်လုပ်ငန်းနယ်ပယ်အလိုက် အနည်းဆုံးလုပ်အားခသည်
လည်းလိုအပ်ချက်ပေါ်မူတည်၍ပြန်လည်ပြင်ဆင်လေ့ရှိသည်။အနည်းဆုံးလုပ်အားခသည်မမှန်မကန်လုပ်အားခနိမ့်၍အလုပ်ခိုင်းစေသည့်ကိစ္စရပ်များနှင့်၊အလုပ်သမားများအားကာကွယ်ပေးသောစနစ်ဖြစ်သောကြောင့်၊ နောက်ဆုံးထွက်ရှိသောသတင်းအချက်အလက်များကို မဖြစ်မနေစစ်ဆေးကြည့်ရှု့ကြပါစို့။
အနည်းဆုံးလုပ်အားခနှုန်းထားနှင့်တူညီစွာအလုပ်သမားများအားကာကွယ်ပေးသော「တူညီသောလုပ်အား၊တူညီသောလုပ်အားခနှုန်းထား 」စနစ်လည်းရှိသည်။
၎င်းစနစ်သည် လုပ်ငန်းအကြောင်းအရာနှင့်တာဝန်ယူမှု့အတိုင်းအတာတစ်ထပ်တည်းတူညီနေပါ
က၊တူညီသည့်စံနှုန်းဖြစ်သောလုပ်အားခနှုန်းထားကိုပေးချေရမည်ဟုဆိုလိုခြင်းဖြစ်သည်။၎င်းသည်နိုင်ငံခြားသားများအတွက်လည်း အကျိုးသက်ရောက်မှု့ရှိသည်။
“ တူညီသောလုပ်အား၊တူညီသောလုပ်အားခနှုန်းထား” စနစ်သည်လုပ်အားခသာမကအပိုထပ်ဆောင်းရရှိသောဘောနပ်စ်များရှိမရှိ၊မိသားစုနှင့်ပတ်သတ်သည့်ထောက်ပံ့မှု့များ၊အဘက်ဘက်မှခွဲခြားဆက်ဆံမှု့မရှိအောင်သတ်မှတ်ထားသည်။သို့သော်လည်း၊ပေးအပ်သည့်တာဝန်အတိုင်းတာအစရှိသည်တို့သည်ကုမ္ပဏီ၏စံချိန်စံနှုန်းထားရှိသည့်အပေါ်မူတည်သောကြောင့်အရာအားလုံးတူညီနေမည်ဟုမဆိုလိုနိုင်ပါ။မိမိ၏လုပ်အားခနှင့်မိမိအပေါ်ဆက်ဆံမှု့များအားသံသယရှိသည့်အခါ၌၊ထိုအကြောင်းပြချက်ဖြင့်လုပ်ငန်းအကြောင်းအရာနှင့်ပတ်သတ်၍လုပ်ငန်းခွင်အားရှင်းပြပေးဖို့တောင်းဆိုနိုင်ပါသည်။
ဂျပန်နိုင်ငံ၏အနည်းဆုံးလုပ်အားခနှင့်တူညီသောလုပ်အား၊တူညီသောလုပ်အားခနှုန်းထားစနစ်များကိုနားလည်၍မိမိ၏လုပ်ငန်းအကြောင်းအရာနှင့်ကိုက်ညီသောခံစားမှု့များရရှိသည့်လုပ်ငန်းခွင်ဖြစ်ပါကရေရှည်ဆက်လက်၍အလုပ်လုပ်နိုင်မည်မဟုတ်ပါလား။
ဤဆောင်းပါးသည်ဂျပန်နိုင်ငံ၏နေစဥ်ဘဝတွင်အသုံးဝင်သောဗဟုသုတအချက်လက်များကိုတင်ဆက်ထားပြီးကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။