( ရရှိမည့်လစာထက်ပေးထားသောလစာနည်းနေခြင်း )
( လစာထဲမှမိမိကိုယ်တိုင်သေချာမသိသောငွေများနုတ်ခံထားရခြင်း )
ဂျပန်နိုင်ငံတွင်အလုပ်လုပ်သည့်နိုင်ငံခြားသားလုပ်သားဖြစ်လျှင်၊ ယခုကဲ့သို့သောလက်မခံနိုင်သည့်စ
ကားသံများကြားရတက်သည်။ သို့သော်၊ သေချာသည်မှာတော့အလုပ်ခွင်သည်မမှန်မကန်လုပ်ရပ်
အားလုပ်မည်မဟုတ်ပါ။
လစာအသေးစိတ်ရှင်းလင်းချက်တွင်ဖော်ပြထားသောအဓိကအကြောင်းအရာများသည်၁။အလုပ်တက်ရက် ၂။ပေးထားသောလစာပမာဏ ၃။အခွန်အစရှိသည်တို့နုတ်ယူခြင်း ဆိုသည့်အချက်၃ ချက်
၁။ အလုပ်တက်ရက်
လက်တွေ့အလုပ်လုပ်ခဲ့သည့် နေ့ရက်များနှင့် အချိန်များကို ဖော်ပြထားသည်။အချိန်ပိုဆင်းခဲ့သည့်အချိန် များနှင့်အလုပ်နားရက်များကိုလည်းသိနိုင်သည်။
၂။ပေးထားသောလစာပမာဏ
အခြေခံလစာနှင့် ထောက်ပံ့ကြေးခံစားခွင့်များအား ဖော်ပြထားသည်။
အခြေခံလစာသည်လစဉ်ပေးချေမည့်ငွေပမာဏဖြစ်သည်။လုပ်ငန်းအမျိုးအစား၊လုပ်သက်အတွေ့အကြုံများနှင့်ရယူထားသောအရည်ချင်းလက်မှတ်များအပေါ် မူတည်၍ သတ်မှတ်သည်။
– ဘောနပ်စ်ရှိသည့်အလုပ်ဖြစ်ပါက၊ ဘောနပ်စ်ရသည့်ပမာဏသည်အများအားဖြင့်အအခြေခံလစာပေါ်မူတည်သည်။ထောက်ပံ့ကြေးခံစားခွင့်များသည်အခြေခံလစာအပြင်ထပ်ပေါင်း၍ရရှိသောခံစားခွင့်များဖြစ်သည်။အချိန်ပိုလုပ်ခဲ့သည့်အချိန်ပိုကြေးများနှင့်အလုပ်တက်ရက်တွင်အသုံးပြုသောလမ်းစရိတ်များပါဝင်သည်။အခြားသောထောက်ပံ့ကြေးများအနေဖြင့်၊ အလုပ်ပေါ်မူတည်သောအရည်ချင်းလတ် မှတ်များ၊ အိမ်လခထောက်ပံကြေးများစသည့်အမျိုးမျိုးသောထောက်ပံ့ကြေးခံစားခွင့်များလည်းရှိ သည်။
၃။အခွန်အစရှိသည်တို့နုတ်ယူခြင်း
လစာထဲမှနုတ်ယူထားသောအခွန်များနှင့်လူမူ့ဖူလုံရေးအတွက်နုတ်ယူထားသောပမာဏအားဖော်ပြထားသည်။ဝင်ငွေအပေါ် မူတည်၍ နိုင်ငံသို့ ပေးဆောင်ရမည့် “ ဝင်ငွေအခွန်” နှင့် နေထိုင်သည့်မြို့နယ်ဒေ သသို့ပေးဆောင်ရသည့်” နေထိုင်ခွင့်အခွန်” တို့ဖြစ်သည်။
– လူမူ့ဖူလုံရေးအတွက်ပေးရသည့်ငွေသည် အလုပ်လက်မဲ့ဖြစ်သွားသည့်အခါ အထောက်အပံ့ငွေကို ရယူ
နိုင်သည့် “ အလုပ်အာမခံ” နှင့် ထိခိုက်မှုများနှင့် နေမကောင်းဖြစ်သည့်အခါ အာမခံပေးသည့် “ ကျန်းမာရေးအာမခံ” တို့ဖြစ်သည်။လူမူ့ဖူလုံရေးကြေးသည်အလုပ်ခန့်အပ်သည့်အချက်များပေါ်မူတည် ၍သေချာပေါက်ထည့်ဝင်ထားရမည့်အရာဖြစ်သည်။
လစာအသေးစိတ်ရှင်းလင်းချက်အားကြည့်၍လက်ကျန်ငွေပမာဏနည်းသည်ဟုခံစားမိခြင်းသည်၊နုတ်ယူထားသည့်ပမာဏများခြင်းကြောင့်ဖြစ်သည်။
ဂျပန်တွင်အခွန်နှင့်အာမခံကြေးများသည်ကာယကံရှင်ကိုယ်တိုင်နှင့်ကုမ္ပဏီဘက်မှပေးချေသည့်ပုံစံများအဖြစ်ရှိနေသည်။လစဥ်လစာထဲမှတိုက်ရိုက်နုတ်ယူသည့်ပုံစံဖြင့်လိုအပ်သည့်အခွန်ဆောင်မှု့များကိုကိုယ်တိုင်ပေးချေရသည့်အလုပ်မှကင်းလွတ်စေသည်။အခွန်အစရှိသည်တို့နုတ်ယူခြင်းသည်ဂျပန်တွင် စိတ်ချ၍အလုပ်လုပ်နိုင်ရန်အတွက်လိုအပ်သည့်အရာဖြစ်သည်ကိုနားလည်ထားကြပါစို့။
တစ်ခါတစ်ရံအလုပ်ကူးပြောင်းသည့်အချိန်၌၊အလုပ်သစ်တွင်အခွန်ငွေနှင့်အာမခံကြေးများအားလစာထဲမှတိုက်ရိုက်နုတ်ယူ၍မရနိုင်ပဲမပေးချေရသေးသည့်အခြေနေကိစ္စရပ်များလည်းရှိတက်သည်။နောက်ပိုင်းတွင်ငွေပေးချေရန်တောင်းဆိုသည့်ပြေစာများရောက်ရှိလာခြင်း၊နေထိုင်ခွင့်ပြန်လည်သက်တမ်းတိုးခြင်း အပေါ် အကျိုးသက်ရောက်မှု များ ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့်၊ လစာရရှိသည့်အခါလစာအသေးစိတ်ရှင်းလင်းချက်ကို ပြန်လည်စစ်ဆေးရန်လိုအပ်သည်။
အကယ်၍၊နားမလည်သည်အကြောင်းရာများနှင့်မှားနေသည့်အကြောင်းအရာများရှာတွေ့ရှိပါ၊လျှင်မြန်စွာအလုပ်ခွင်မှတာဝန်ရှိသူအားအသိပေး၍ဆောင်ရွက်ပေးခိုင်းခြင်းသည်အရေးကြီးသောအချက်ဖြစ်သည်။
လစာအသေးစိတ်ရှင်းလင်းချက်သည်နောက်ပိုင်းတွင် ဝင်ငွေများနှင့် အခွန်ပမာဏများ ပြန်လည်စစ်
ဆေးရန်အတွက်လည်းအထောက်အကူဖြစ်သည်။၄င်းစာရွက်အားလွှင့်ပစ်ခြင်းမျိုးမပြုလုပ်ပဲလိုအပ်သည့်အခါ ပြန်လည်အသုံးပြုရန် သိမ်းဆည်းထားပါ။
ဤဆောင်းပါးသည်ဂျပန်နိုင်ငံ၏နေစဥ်ဘဝတွင်အသုံးဝင်သောဗဟုသုတအချက်လက်များကိုတင်ဆက်ထားပြီးကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။