ဂျပန်တွင်အလုပ်လုပ်ပါက ဝင်ငွေမည်မျှရရှိမည်ဆိုသည်ကိုသိချင်မည်ထင်ပါသည်။
၂၀၂၃ ခုနှစ် စစ်တမ်းအရ နိုင်ငံခြားသားလုပ်သားများ၏ လစဉ်ပျမ်းမျှလစာမှာ ယန်း ၂၃ သောင်းဝန်းကျင်ဖြစ်ပါသည်။ သို့သော်လည်း၊ နေထိုင်ခွင့်ဗီဇာနှင့် အလုပ်အမျိုးအစားအလိုက် ကွဲပြားနိုင်သည်။
■နေထိုင်ခွင့်ဗီဇာအလိုက် ပျမ်းမျှလစာ
-နည်းပညာအလုပ်သင်: ယန်း ၁၈ သောင်းဝန်းကျင်
– အထူးကျွမ်းကျင်မှု့: ယန်း ၂၀ သောင်းဝန်းကျင်
-သီးခြားဗီဇာများ(ဂျပန်လူမျိုးနှင့်လက်ထပ်ထားသော၊အမြဲတမ်းနေထိုင်ခွင့်ရသောဗီဇာများကိုဆို လိုသည်): ယန်း ၂၆ သောင်းဝန်းကျင်
-သက်ဆိုင်ရာကျွမ်းကျင်မှု့နယ်ပယ်(နည်းပညာ၊ စာပေဗဟုသုတ၊ နိုင်ငံတကာစီးပွားရေးစသည့်)ဗီဇာ※အထူးကျွမ်းကျင်မှု့ဗီဇာမှအပ: ယန်း ၃၀ သောင်းဝန်းကျင်
※ရင်းမြစ် :「Reiwa ၅နှစ်၏လုပ်အားခဖွဲ့စည်းပုံဆိုင်ရာအခြေခံစစ်တမ်းများသုံးသပ်ချက်အရ၊ ကျန်းမာရေးနှင့်အလုပ်သမားလူမူ့ဖူလုံရေးဝန်ကြီးဌာန」
※ဒသမတိုးလျော့စနစ်ဖြင့်တွက်ခြင်း။
“ နည်းပညာအလုပ်သင်” ၊ “ အထူးကျွမ်းကျင်မှု့” ဗီဇာများ၏လစာသည် အနည်းငယ်နည်းသည်။ အကြောင်းအရင်းမှာ ” နည်းပညာအလုပ်သင်” သည် ဂျပန်နိုင်ငံတွင် နည်းပညာနှင့် အသိပညာအားအစပြုလေ့လာခြင်း၊ “ သင်ယူသူ” အနေထား ဖြစ်ပြီး၊ ” အထူးကျွမ်းကျင်မှု့” သည် သက်ဆိုင်ရာကျွမ်းကျင်မှု့နယ်ပယ် (နည်းပညာ၊ စာပေဗဟုသုတ၊ နိုင်ငံတကာစီးပွားရေးစသည်)ဗီဇာတို့ နှင့် နှိုင်းယှဉ်ကြည့်ပါက နည်းပညာမြင့်မားမှု့မရှိသောကြောင့်လစာသတ်မှတ်မှု့သည်နည်းသည်ဟု ယူဆနိုင်သည်။
” သီးခြားဗီဇာများ(ဂျပန်လူမျိုးနှင့်လက်ထပ်ထားသော၊အမြဲတမ်းနေထိုင်ခွင့်ရသောဗီဇာများကိုဆို
လိုသည်)” နှင့်” သက်ဆိုင်ရာကျွမ်းကျင်မှု့နယ်ပယ်” နှင့်ဆိုင်သည့်ဗီဇာများနှင့်နှိုင်းယှဥ်စဥ်းစားကြည့်ပါကမြင့်မားသောလစာဖြစ်သည်။” သီးခြားဗီဇာများ” သည်ဂျပန်သွေးနှောသည့်အတည်တကျနေထိုင်ခွင့်ရှိသူများ၊ဂျပန်လူမျိုး၏အိမ်ထောင်ဘက်ဖြစ်သူများဖြစ်၍ဂျပန်နိုင်ငံတွင်အလုပ်လုပ်ဆောင်မှု့အပေါ်အကန့်သတ်မရှိသည့်အတွက်အမျိုးမျိုးသောပုံစံများဖြင့်ဝင်ငွေအားရရှိနိုင်သည်။” သက်ဆိုင်ရာကျွမ်းကျင်မှု့နယ်ပယ်” သည်အင်ဂျင်နီယာများ၊ဒီဇိုင်နာများ၊ဘာသာစကားဆိုင်ရာပညာရှင်များစသဖြင့်သက်ဆိုင်ရာကျွမ်းကျင်မှု့နယ်ပယ်များ၏မြင့်မားသောအရည်သွေးဖြင့်ဆုံးဖြတ်သောကြောင့်၊သတ်မှတ်လစာမြင့်မားခြင်းဖြစ်သည်။
အောက်ပါ အလုပ်အမျိုးအစားအလိုက် ပျမ်းမျှလစာကို ကြည့်နိုင်သည်။
■အလုပ်အမျိုးအစားအလိုက် ပျမ်းမျှလစာ
– ဆောက်လုပ်ရေး : ယန်း ၂၃ သောင်းဝန်းကျင်
– တည်းခိုနေထိုင်ရေးနှင့်အစားသောက်ဝန်ဆောင်မှု့ : ယန်း ၂၂ သောင်းဝန်းကျင်
– ဆေးဘက်ဆိုင်ရာနှင့် ပြုစုစောင့်ရှောက်ရေး : ယန်း ၂၂ သောင်းဝန်းကျင်
– ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း : ယန်း ၁၉ သောင်းဝန်းကျင်
※ရင်းမြစ်「လုပ်အားခဖွဲ့စည်းပုံဆိုင်ရာအခြေခံစစ်တမ်းများ၊ ကျန်းမာရေးနှင့်အလုပ်သမားလူမူ့ဖူလုံရေးဝန်ကြီးဌာန」
※ဒသမတိုးလျော့စနစ်ဖြင့်တွက်ခြင်း။
အထက်ဖော်ပြပါလုပ်ငန်းများမှာဂျပန်နိုင်ငံတွင်အထူးအားဖြင့်လုပ်အားမလုံလောက်သောနယ်ပယ်များဖြစ်ကြသည်။နိုင်ငံခြားသားအလုပ်သမားများကိုလှိုက်လှဲစွာကြိုဆို၍၊အခြေခံလစာအပြင်၊ဘောနပ်စ်ကဲ့သို့သောခံစားခွင့်များအပြည့်ရှိသောလုပ်ငန်းခွင်ဖြစ်ပါကပျမ်းမျှဝင်ငွေထက်မြင့်မားသောဝင်ငွေအားမျှော်လင့်နိုင်ပါသည်။
သို့သော်လစာမြင့်သောအကြောင်းပြချက်တစ်ခုဖြင့်လုပ်ငန်းခွင်အားရွေးချယ်ခြင်းမဟုတ်ပဲ၊” မိမိနှင့် ကိုက်ညီမှု့ရှိမရှိ” ၊ “ ကြာရှည်လုပ်နိုင်မှု့များ” ကို အမှန်တကယ်ကြည့်ရပါမည်။
ယခုတစ်ခေါက်တွင်ဂျပန်နိုင်ငံ၌အလုပ်လုပ်ကိုင်လျက်ရှိသောနိုင်ငံခြားသားလုပ်သားများ၏ပျမ်းမျှလစဉ်ဝင်ငွေကို မိတ်ဆက်ပေးလိုက်ပါသည်။ အလုပ်လျှောက်ရာတွင် ကိုးကားမှု့ပြုလုပ်နိုင်ပါသည်။
ဤဆောင်းပါးသည်ဂျပန်နိုင်ငံ၏နေစဥ်ဘဝတွင်အသုံးဝင်သောဗဟုသုတအချက်လက်များကိုတင်ဆက်ထားပြီးကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။