ဂျပန်နိုင်ငံတွင် အများပြည်သူရုံးပိတ်ရက်များ ဘယ်နှစ်ရက်ရှိပါသလဲ? အလုပ်ပိတ်ရက်အမျိုးအစားနှင့် မူရင်းကို ရှင်းပြခြင်း!

ဂျပန်နိုင်ငံ၏ပိတ်ရက်များ

ဂျပန်နိုင်ငံတွင် မည်သို့သော အများပြည်သူရုံးပိတ်ရက်များ ရှိသလဲဆိုသည်ကို စိတ်ဝင်စားပါသလား?

ဂျပန်နိုင်ငံတွင်တစ်နှစ်လျှင်အများပြည်သူရုံးပိတ်ရက်၁၆ရက်ရှိပါသည်။အများပြည်သူရုံးပိတ်ရက် ၃၀ရက် ရှိသော မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်၍ များစွာမကောင်းသော်လည်း ကမ္ဘာ့ပျမ်းမျှရုံးပိတ်ရက် ၁၀ရက်နှင့် နှိုင်းယှဉ်ပါက များသည်ဟု ဆိုရမည်ဖြစ်သည်။

ဂျပန်နိုင်ငံ၏ ၁၆ ရက်ရုံးပိတ်ရက်များကို မိတ်ဆက်ပေးပါမည်။ ရုံးပိတ်ရက်များ၏ အဓိပ္ပါယ်နှင့် မူရင်းကို သိရှိခြင်းဖြင့်ဂျပန်နိုင်ငံ၏ယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းများအပေါ်နားလည်ကာအကျိုးရှိမည်ဟုမျှော်လင့်ပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■ ဇန်နဝါရီလ ၁ရက် – နှစ်သစ်ကူးနေ့
နှစ်သစ်စတင်ခြင်းကို ဂုဏ်ပြုသော နေ့ရက်ဖြစ်သည်။ လူအများက မိသားစုနှင့် အတူ အချိန်ကုန်ဆုံးကြပြီး ဘုရားကျောင်း သို့မဟုတ် ဘုန်းကြီးကျောင်းသို့ သွားရောက်ပြီး နှစ်သစ်ဆုတောင်းခြင်းပြုပါသည်။

■ ဇန်နဝါရီလ ဒုတိယအပတ် တနလနေ့ – အရွယ်ရောက်သူများနေ့
အသက် ၂၀ ပြည့်သော လူငယ်များကို ဂုဏ်ပြုသော နေ့ဖြစ်သည်။ နေရာအနှံ့တွင် အရွယ်ရောက်သူများနေ့ ကျင်းပပြီး ကီမိုနိုဝတ် လူငယ်များက မြို့အားအရောင်အသွေးစုံလင်စွာအလှဆင်ထားပြုကြပါသည်။ ဂျပန်နိုင်ငံတွင် အရွယ်ရောက်သည့် အသက်ကို ၂၀၂၂ ခုနှစ်တွင် အသက် ၁၈နှစ် သို့ လျှော့ချခဲ့သော်လည်း တော်တော်များများ ဒေသများတွင် အသက် ၂၀ ပြည့်သူများကိုသာ အရွယ်ရောက်သူများနေ့ ပွဲကျင်းပလေ့ရှိသည်။

■ ဖေဖော်ဝါရီလ ၁၁ရက် – နိုင်ငံတော်ဖွဲ့စည်းရေးနေ့
ဂျပန်နိုင်ငံတည်ထောင်မှု့ကိုဂုဏ်ပြု‌သော နေ့ဖြစ်သည်။ နိုင်ငံအနှံ့ရှိ ဘုရားကျောင်းများတွင် ကျင်းပသော ပွဲများတွင် တက်ရောက်ခြင်းဖြင့် ဂျပန်နိုင်ငံ၏ ရိုးရာကို ခံစားနိုင်ပါသည်။

■ ဖေဖော်ဝါရီလ ၂၃ရက် -ဘုရင့်မွေးနေ့
ဘုရင်၏ မွေးနေ့ကို ဂုဏ်ပြုသော နေ့ဖြစ်သည်။ ဘုရင်သည် ဂျပန်နိုင်ငံ၏ ရိုးရာကို ဆက်ခံဆောင်ရွက်သော နိုင်ငံ၏သင်္ကေတဖြစ်သည်။ အမျိုးမျိုးသော ဂုဏ်ပြုအခမ်းအနားများ ကျင်းပပြီး တီဗီတွင် ထုတ်လွှင့်တင်ဆက်ပါသည်။

■ မတ်လ ၂၀ ရက်လောက် – နွေဦးရာသီကူးရက်
“ သဘာဝကို ချီးမွမ်းခြင်းနှင့် သတ္တဝါများကို ချစ်ခင်ခြင်း” ဆိုသည့် နေ့ဖြစ်သည်။ နေ့တာနှင့် ည တာကြာရှည်မှု့တစ်ထပ်တည်းဖြစ်လာသည့်နေ့ ဖြစ်ပြီး နှစ်စဉ် ဖေဖော်ဝါရီလတွင် အမျိုးသားမိုးလေဝသအဖွဲ့မှ ထုတ်ပြန်သော ပြက္ခဒိန်အကြောင်းအရာဖြင့် ရက်စွဲကိုသတ်မှတ်ပါသည်။

■ ဧပြီလ ၂၉ရက် – Showaနေ့
“ Showa” သည် ၁၉၂၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ရှိသော ဂျပန်နှစ်ဖြစ်သည်။ စစ်ပွဲ၊ စစ်ရှုံးနိမ့်ခြင်းမှ နိုးထလာ၍ ပြောင်းလဲမှု့အလွန်များပြားခဲ့သော Showaခေတ်နေ့ကို ပြန်လည်သုံးသပ်ကာ အနာဂတ်အတွက် သင်ခန်းစာယူသော နေ့ဖြစ်သည်။ ထိုနေ့မှ မေလ ၅ရက်အထိ အများပြည်သူရုံးပိတ်ရက်များ ဆက်တိုက်ရှိသည်ဖြစ်၍ အများပြည်သူရုံးပိတ်ရက် နှင့် လစာရှိခွင့်ရက်များကိုပေါင်းယူ၍ပိတ်ရက်ရှည်နားသည့်သူများလည်းအများပြားပင်ဖြစ်သည်။၄င်းအား “ Golden week” ဟု ခေါ်ကြသည်။

■ မေလ ၃ရက် – ခရီးသွားဂုဏ်ပြုခြင်းနေ့
ဂျပန်အခြေခံဥပဒေ ၏ခရီးသွားခြင်းအတွက်အကောင်အထည်ဖော်ရာနေ့ကို ဂုဏ်ပြုသောနေ့ဖြစ်သည်။

■ မေလ ၄ရက် – အစိမ်းရောင်နေ့
ဂျပန်နိုင်ငံ၏ ကြွယ်ဝသော သဘာဝကို ခံစားသည့်နေ့ဖြစ်သည်။

■ မေလ ၅ရက် – ကလေးများနေ့
ကလေးများ၏ ကြီးပြင်းခြင်းနှင့် ပျော်ရွှင်ကံကောင်းမှု့အတွက် ဂုဏ်ပြုသောနေ့ဖြစ်သည်။ အဓိကအားဖြင့် ယောကျ်ားလေးများ ရှိသော မိသားစုများတွင် “ ငါးကြင်းအလံ” နှင့် “ ချပ်ဝတ်ခေါင်းအကာ” များတန်ဆာဆင်ထားပြီး “ ချီမကီ” ၊ “ ကစီဝမိုချီ” စသော ရိုးရာချိုချဉ်များကို စားကြပါသည်။

■ ဇူလိုင်လ တတိယအပတ် တနလ်ာနေ့ – ပင်လယ်နေ့
ဂျပန်သည် ပင်လယ်ဖြင့် ဝန်းရံထားသော ကျွန်းနိုင်ငံဖြစ်သည်။ ပင်လယ်မှ ခံစားရသော အကျိုးကျေးဇူးကို ကျေးဇူးတင်သောနေ့ဖြစ်သည်။ နေရာအနှံ့တွင် ပင်လယ်ကိုပူဇော်ပသသည့် ပွဲများ ကျင်းပသည်။ ပင်လယ်ကမ်းစပ်တွင်ရေကူးခြင်းနှင့်ကမ်းခြေတွင်အသားကင်စားကာပျော်စရာများဖန်တီးကြသည့်လူများစွာရှိသည်။

■ ဩဂုတ်လ ၁၁ရက် – တောင်တန်းများနေ့
ဂျပန်နိုင်ငံ၏ နယ်မြေအများပြားမှာတောင်များဖြစ်သောကြောင့် တောင်မှ ခံစားရသော အကျိုးကျေးဇူးများလည်း များစွာရှိသည်။ တောင်နှင့် ရင်းနှီးမှု့ရှိသော နေ့ဖြစ်ပြီး တောင်တက် ခြင်းများပြုလုပ်ကာပျော်ရွှင်စရာများဖန်တီး ခံစားလေ့ရှိကြသည်။

■ စက်တင်ဘာလတတိယအပတ် တနလ်ာနေ့ – သက်ကြီးဂုဏ်ပြုခြင်းနေ့
လူကြီးသူမများကို ရိုသေလေးစားမှု့ပြုပြီး အသက်ရှည်ခြင်းကို ဂုဏ်ပြုသော နေ့ဖြစ်သည်။ ထိုနှစ်၏ ပြက္ခဒိန်အရ အများပြည်သူရုံးပိတ်ရက်နှင့် ဆောင်းဦးရာသီကူးရက် ဆိုသည့်ပိတ်ရက်နှင့် ပေါင်းစပ်ပြီး ၅ရက်ဆက်တိုက်ပိတ်ရက်ဖြစ်သည့်အခါလည်းရှိသည်။ “ Silver week” ဟု ခေါ်ကြသည်။

■ စက်တင်ဘာလ ၂၃ရက်လောက် – ဆောင်းဦးရာသီကူးရက်
နွေဦးရာသီကူးရက်နှင့်တူညီစွာပင်နေ့တာညတာကြာရှည်မှု့အတူတူဖြစ်သည့်ရက်ပင်ဖြစ်သည်။” ဘိုးဘွားတို့ကို ရိုသေလေးစားခြင်းနှင့် သေဆုံးသွားသူများကိုအောက်မေ့သတိရသော နေ့” ဟုဆိုသည်။

■ အောက်တိုဘာလ ဒုတိယအပတ် တနလ်ာနေ့ – အားကစားနေ့
“ အားကစားနှင့်ရင်းနှီးပြီးကျန်းမာ၍စွမ်းအင်ပြည့်ဝသောလူနေမှု့အဖွဲ့စည်းကိုလက်တွေ့အကောင်ထည်ဖော်နိုင်ရန်ဆန္ဒပြုသော နေ့” ဖြစ်သည်။ နေရာအနှံ့တွင် အားကစားပွဲများ ကျင်းပသည်။

■ နိုဝင်ဘာလ ၃ရက် – ယဉ်ကျေးမှုနေ့
“ လွတ်လပ်ခြင်းနှင့် ငြိမ်းချမ်းရေးကို ချစ်ခင်မြတ်နိုးခြင်းဖြင့် ယဉ်ကျေးမှု့ ဖွံ့ဖြိုးတိုးတက်ရေး နေ့” ဖြစ်သည်။ဘုရင့်နန်းတော်တွင်ယဉ်ကျေးမှု့ဆုပေးအပ်လက်ခံပွဲများကျင်းပသကဲ့သို့ယဥ်ကျေးမှု့ဆိုင်ရာပွဲတော်များကျင်းပကြသည်။

■ နိုဝင်ဘာလ ၂၃ရက် – လုပ်အားအတွက်ကျေးဇူးတင်နေ့
အလုပ်လုပ်သော လူများအပေါ် ကျေးဇူးတင်သည့်စိတ်အားဖော်ပြခြင်း၊ လုပ်ငန်း၏ အောင်မြင်မှု့ရလဒ်ကို ဂုဏ်ပြုသောနေ့ဖြစ်သည်။နေ့စဥ်ရုံးတက်အလုပ်လုပ်နေရသည့်ပင်ပန်းမှု့များကိုပြေပျောက်စေရန်အတွက်အေးဆေးစွာအနားယူကြပါစို့။

ဂုဏ်ပြုအလုပ်ပိတ်ရက်သည်တနင်္ဂနွေနေ့တွင်ကျရောက်ပါကနောက်ရက်တွင်အစားထိုးပိတ်ရက်ပြန်ရပါသည်။ဂုဏ်ပြုအလုပ်ပိတ်ရက်နှင့်စနေတနဂ်နွေပိတ်ရက်များတွင်အလုပ်နားသည့်လူများသောကြောင့်အလည်ပတ်ခရီးထွက်သည့်အခါလမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများရှုပ်တက်သည်။အပြင်ထွက်သည့်အခါသတိပြုပါ။

တစ်ဖက်တွင်၊ခိုင်းဂေါ့ဘိုးဘွားစောင့်ရှောက်ရေးအလုပ်၊စားသောက်ကုန်လုပ်ငန်းနှင့်တည်းခိုခန်းလုပ်ငန်းများစသည့်ဝန်ဆောင်မှု့လုပ်ငန်းများသည်” ဂုဏ်ပြုပိတ်ရက်များတွင်အလုပ်တက်ရခြင်း” များရှိတက်ကြပါသည်။တစ်နှစ်တာအလုပ်ပိတ်ရက်များနှင့်ဆက်စပ်၍ဂုဏ်ပြုအလုပ်ပိတ်ရက်အား အလုပ်တက်ရက်အဖြစ်သတ်မှတ်ထားသော ကုမ္ပဏီများလည်း ရှိသည်။ ဂုဏ်ပြုအလုပ်ပိတ်ရက်တွင် နားရက်မရနိုင်သောအခါများတွင်လစာရှိခွင့်ရက်များအပါအဝင်ခွင့်ရက်အမျိုးအစားများစွာရှိနေသည့်အတွက်တနလ်ာ-သောကြာရက်များနှင့်ခွင့်ရက်များကိုပါးနပ်စွာယူ၍ဂျပန်၏လူနေမှု့ဘဝကိုပျော်ရွှင်စွာ

ဖြတ်သန်းကြည့်ပါ။

ဤဆောင်းပါးသည်ဂျပန်နိုင်ငံတွင်နေထိုင်သူများအတွက်အသိပညာနှင့်အချက်အလက်များကိုတင်ဆက်ပေးပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်