အလုပ်ပိတ်ရက်များပါက အလုပ်လုပ်ရ ပိုမိုလွယ်ကူခြင်း! ကုမ္ပဏီ၏သီးသန့် “ အထူးအလုပ်ပိတ်ရက်များ” ဆိုသည်မှာ?

ဂျပန်နိုင်ငံ၏ပိတ်ရက်များ

ဂျပန်ကုမ္ပဏီများတွင် “ အထူးအလုပ်ပိတ်ရက်များ” ဆိုသည့်သီးသန့်ပိတ်ရက်စနစ်ထားရှိထားသည့်ကုမ္ပ

ဏီအများပြားရှိသည်ကို သိပါသလား?

အထူးအလုပ်ပိတ်ရက်များတွင် ဂျပန်၏ ယဉ်ကျေးမှု့နှင့် လိုက်လျောညီထွေဖြစ်ရန် ထားရှိထားသည့်အပြင် တစ်ဦးတစ်ယောက်ချင်းစီ၏စိတ်ဓာတ်ခွန်အားဖြစ်စေရန်နှင့်ပတ်သတ်သည့်အရာများအထိဆက်နွယ်၍အမျိုးစားများစွာရှိသည်။

အထူးအလုပ်ပိတ်ရက် အချို့ကို မိတ်ဆက်ပါမည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■ သာရေးနာရေးခွင့်ရက်
မင်္ဂလာဆောင်နှင့်မီးဖွားခြင်း၊ မိသားစုဝင်အတွင်းနာရေးကိစ္စများ၊ဘဝအတွက်အရေးကြီးသောကိစ္စ ရပ်များအတွက်ရက်အနည်းငယ်ခွင့်နားစေခြင်းများရှိသည်။ဥပမာအားဖြင့်၊မိမိ၏မင်္ဂလာပွဲပြုလုပ်သည့်အခါ ၅ရက်၊ မိဘများ၏နာရေးဖြစ်သည့်အခါ ၃ရက်ပင်ဖြစ်သည်။

■ နွေရာသီအလုပ်ပိတ်ရက်
ဩဂုတ်လ ၁၃ မှ ၁၅ရက်အထိအလုပ်ပိတ်ရက်ရရှိသည်။ ဂျပန်တွင် ဩဂုတ်လ ၁၅ရက်တွင် အဓိကထား၍ အိုဘွန်းဆိုသည့် ယဉ်ကျေးမှု့ရှိသည်။အိုဘွန်းကာလတွင် အလုပ်ပိတ်ရက် ရယူ၍ မွေးရပ်မြေသို့ ပြန်လာခြင်းခရီးထွက်ခြင်းများပြုလုပ်သည့်သူအများပြားရှိသည်။

■ ဆောင်းရာသီအလုပ်ပိတ်ရက်
ဒီဇင်ဘာ ၂၉မှ ဇန်နဝါရီ ၃အထိ အလုပ်ပိတ်ရက်ရရှိသည်။ ဂျပန်တွင် နှစ်သစ်ကူး သန့်ရှင်းရေးလုပ်ခြင်းနှင့် စျေးဝယ်ခြင်းများ ပြုလုပ်ကြသည်။ နှစ်သစ်ကာလတွင် မိသားစုနှင့် အတူဖြတ်သန်းလေ့ရှိသည်။အများပြည်သူအလုပ်ပိတ်ရက်နှင့်လစာရှိခွင့်ရက်များကိုပေါင်း၍ကာလရှည်နားရက်ယူကာမွေးရပ်မြေသို့ ပြန်လာခြင်းနှင့် ခရီးသွားခြင်းများပြုလုပ်လေ့ရှိကြသည်။

■ စိတ်အပန်းဖြေအလုပ်ပိတ်ရက်
အတန်သင့်အချိန်ကာလတစ်ခုထိလုပ်သက်ရှိသောအလုပ်သမားများ အတွက်ကုမ္ပဏီမှကြိုးစားမှု့အတွက်ဂုဏ်ပြုပေးသောအလုပ်ပိတ်ရက်ဖြစ်သည်။နားခွင့်ရသောနေ့ရက်များမှာလုပ်သက် နှစ်ပေါင်းအရေအတွက်အလိုက်ပြုလုပ်ထားသည်။ ဥပမာ၊၃နှစ်ရှိပါက ၃ရက်, ၅နှစ်တွင် ၅ရက်, ၁၀နှစ်တွင် ၁၀ရက် စသည်ဖြင့်ရက်အနည်းငယ်နှင့်ရက်သတ္တပတ်အနည်းငယ်ပင်ဖြစ်သည်

■ လုပ်အားပေးအလုပ်ပိတ်ရက်
ဂျပန်အတွင်းရှိ ဒေသဆိုင်ရာလှုပ်ရှားမှု့များနှင့်သဘာဝဘေးအန္တရာယ်များမှ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ရန် အလုပ်ပိတ်ရက်ဖြစ်သည်။ လူမှု့ကူညီရေးလုပ်ငန်းများမှတဆင့် ဖွံ့ဖြိုးတိုးတက်စေရန်ကူညီပေးသည်။နားခွင့်ရသောနေ့ရက်များမှာကုမ္ပဏီအလိုက်အမျိုးမျိုးရှိပြီးရက်အနည်းငယ်နှင့်ရက်သတ္တပတ်အနည်းငယ်ပင်ဖြစ်သည်။တစ်နှစ်တာအတွင်းအကြိမ်အရေတွက်နှင့်အများဆုံးသတ်မှတ်ထားသည့်ရက်ပေါင်းအရေအတွက်ရှိပါသည်။

ထို့အပြင်၊မွေးနေ့အလုပ်ပိတ်ရက်နှင့် မိမိကလေး၏‌‌ကျောင်းဝင်ခွင့်အခမ်းနားများတွင်နားနိုင်သည့် အထိမ်းအမှတ်အလုပ်ပိတ်ရက်၊ကျန်းမာရေးနှင့်ထိခိုက်မှု့များကုသေရေးအတွက်ပေးသည့်ခွင့်ရက်၊အစရှိသည့်ခွင့်ရက်များထားပေးထားသည့်ကုမ္ပဏီများလည်းရှိသည်။

အထူးအလုပ်ပိတ်ရက်များသည် ဥပဒေအရ သတ်မှတ်ထားခြင်းမဟုတ်ပဲ အကျိုးခံစားခွင့်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကုမ္ပဏီတစ်ခုချင်းစီမှ သတ်မှတ်ထားသည့် စနစ်ဖြစ်သည်။ အလုပ်ပိတ်ရက်များ၏ အမျိုးအစားနှင့် ကာလ၊ ရယူရမည့် အခြေအနေများမှာ ကုမ္ပဏီအလိုက် ကွာခြားပါသည်။ အထူးအလုပ်ပိတ်ရက်များ လုံးဝမရှိသည့်ကုမ္ပဏီများနှင့် ရှိသော်လည်း လစာမဲ့ဖြစ်သည့်ကုမ္ပဏီများလည်းရှိသည်။

သင့်အလုပ်လုပ်နေသည့် ကုမ္ပဏီတွင် အထူးအလုပ်ပိတ်ရက်များရှိမရှိ၊ လစာပေးမှု ရှိမရှိကို ကြည့်ရှု၍ အလုပ်လုပ်ရလွယ်ကူခြင်းကို တိုင်းတာ သတ်မှတ်နိုင်ပါသည်။

ဤဆောင်းပါးသည်ဂျပန်နိုင်ငံတွင်နေထိုင်သူများအတွက်အသိပညာနှင့်အချက်အလက်များကိုတင်ဆက်ပေးပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်