“ တစ်ခါတစ်ရံ လစာရှိခွင့်ရက် ယူပြီး အနားယူချင်သည်” ဟု စဉ်းစားဖူးပါသလား?
ဂျပန်နိုင်ငံတွင်လစာရှိခွင့်ရက်စနစ်ရှိသည်။နည်းပညာသင်တန်းသားနှင့်အထူးကျွမ်းကျင်လုပ်သားများလည်းလစာရှိခွင့်ရက်ရရှိနိုင်ပါသည်။အမြဲတမ်းဝန်ထမ်းများသာမက၊အချိန်ပိုင်းအလုပ်လုပ်သူများအတွက်လည်းအကျုံးဝင်ပါသည်။
ယခုတစ်ကြိမ်အကြိမ်တွင် ဂျပန်နိုင်ငံ၏ လစာရှိခွင့်ရက် စနစ်ကို ပြောကြားပေးပါမည်။
■ လစာရှိခွင့်ရက် ရယူရန်အခြေအနေများ
・၆ လနှင့်အထက်အလုပ်လုပ်ခြင်း
・အလုပ်ရက် ၈၀% နှင့်အထက်အလုပ်တက်ရောက်ခြင်း
အထက်ဖော်ပြပါ အခြေအနေများနှင့် ကိုက်ညီပါက, ပုံမှန်အားဖြင့် ၆ လ ပြည့်သောအခါတွင် လစာရှိခွင့်ရက် ရယူနိုင်ပါသည်။ နည်းပညာသင်တန်းသားများအတွက်, အမှတ်စဥ်၁ နှင့် ၂ တို့သည် လေ့ကျင့်ရေးသင်တန်းပြီးစီးပြီးနောက်နှင့်အမှတ်စဥ်၃သည် ပြည်ဝင်သည့်နေမှစတင်ရေတွက်သည်။ယခု
နောက်ပိုင်းတွင်၊အလုပ်စတင်ဝင်ဝင်ချင်း လစာရှိခွင့်ရက်ပေးသည့်လုပ်ငန်းခွင်များလည်းများပြားလာ
သည်။
■ လစာရှိခွင့်ရက်လုပ်ခလစာ
လစာရှိခွင့်ရက်ယူသောအခါပုံမှန်လစာနှင့်ထပ်တူဖြစ်မဖြစ်ဆိုသည်မှာကုမ္ပဏီစည်းမျဉ်းများအပေါ်တွင်မူတည်၍အနည်းငယ်လျော့ခြင်းများလည်းရှိသည်။ သံသယရှိပါကကုမ္ပဏီမှ ရှင်းပြချက်တောင်းပါ။
■ လစာရှိခွင့်ရက် အရေအတွက်
အမြဲတမ်းဝန်ထမ်းများအတွက် ပထမဆုံးအကြိမ်တွင် တစ်နှစ်လျှင် ၁၀ ရက် လစာရှိခွင့်ရက် ရယူနိုင်သည်။ ထို့နောက်တွင်တစ်နှစ်ပြည့်တိုင်းရက်အရေတွက်တိုးလာကာအများဆုံးရက်ပေါင်း၂၀ရက်အထိရနိုင်ပါသည်။ အချိန်ပိုင်းဝန်ထမ်းများဖြစ်လျှင်လည်း အလုပ်တက်ရက်အပေါ်တွင်မူတည်သည်။
■ လစာရှိခွင့်ရက် သက်တမ်းကာလ
လစာရှိခွင့်ရက်၏သက်တမ်းမှာ၂နှစ်ဖြစ်သည်။၎င်းနှစ်တွင်မသုံးနိုင်သောလစာရှိခွင့်ရက်သည်နောက်တစ်နှစ်တွင်အသုံးပြုနိုင်သော်လည်းရရှိသည့်အချိန်မှ၂နှစ်ပြည့်သွားသည့်နောက်ပိုင်းတွင်အသုံးမပြုနိုင်တော့ပဲအလိုလျောက်ကုန်ဆုံးသွားပါမည်။အသုံးမပြုသောလစာရှိခွင့်ရက်များအားလစာအနေနှင့်ရယူခြင်းသည်အလုပ်ထွက်ချိန်မှအပအခြေခံအားဖြင့်အသိမှတ်မပြုပါ။အစီစဥ်ချ၍လစာရှိခွင့်ရက်အားသက်တမ်းကာလတွင်အသုံးပြုပါ။
■ လစာရှိခွင့်ရက် ရယူရန်ဝတ္တရား
၁၀ရက်နှင့် အထက် လစာရှိခွင့်ရက်ရရှိထားသူများသည် တစ်နှစ်လျှင် အနည်းဆုံး ၅ရက်ခွင့် ရယူရမည်ဟု ဥပဒေအရသတ်မှတ်ထားသည်။မိမိကိုယ်တိုင်အလုပ်ပိတ်ရက်၅ရက်နှင့်အထက်ရယူရန်မလျှောက်ထားပါကကုမ္ပဏီမှသတ်မှတ်ထားပေးသောရက်များတွင် အနားယူရမည်ဖြစ်သည်။ နိုင်ငံခတ္တခဏပြန်ရန် အတွက် အလုပ်ပိတ်ရက်များစုထားချင်သူများသော်လည်း ၅ရက် အနည်းဆုံး လစာရှိခွင့်ရက် ယူရမည်ဖြစ်သည်ကို မှတ်သားထားပါ။
ဂျပန်နိုင်ငံတွင်ယခင်ကလစာရှိခွင့်ရက်မသုံးဘဲအလုပ်လုပ်ခြင်းသည်လူတော်လူကောင်းတစ်ယောက်အနေဖြင့်ယူဆသည့်အမြင်ရှိသည်။ထို့ကြောင့်ရှေးရိုးစွဲအတွေးအခေါ်ရှိသည့်လူများရှိသည့်အလုပ်ခွင်ဖြစ်လျှင်လစာရှိခွင့်ရက်ရယူရန်ခက်ခဲသည့်အနေထားရှိကောာင်းရှိနိုင်သည်။ထို့အပြင်လူအင်အားမလုံလောက်ခြင်းကြောင့် ခွင့်ရက်မယူနိုင်သောအချိန်ခါများလည်းရှိသည်။
သို့သော်လစာရှိခွင့်ရက်သည်အလုပ်သမားအခွင့်အရေးဖြစ်သည်။ကုမ္ပဏီမှအလုပ်သမားကိုလစာရှိခွင့်ရက်ရယူစေရန်တာဝန်ရှိခြင်းနှင့်လစာရှိခွင့်ရက်ယူခြင်းကြောင့်လစာလျော့ခြင်းဟူသောမတရားသော လုပ်ဆောင်မှု့များလုပ်၍မရပါ။လစာရှိခွင့်ရက်ကို အကျိုးရှိရှိ သုံးစွဲကြပါစို့။
သို့သော်လစာရှိခွင့်ရက်ရယူလိုပါကကြိုတင်ပြီးစောစီးစွာလျှောက်ထား၍လုပ်ငန်းအတွက်ထိခိုက်နစ်နာမှု့ မရှိစေရန် ကြိုတင်ပြင်ဆင်ပါ။ အထူးသဖြင့်၊နိုင်ငံပြန်ရန် အတွက်လစာရှိခွင့်ရက် ရယူလိုပါကကုမ္ပဏီနှင့် တိုင်ပင်ညှိနှိုင်း၍ခွင့်ရက်များကိုယူပါ။
အကယ်၍နေထိုင်မကောင်းခြင်းနှင့်မဖြစ်မနေအခြေအနေများကြောင့်အလုပ်တက်ရမည့်ရက်၊၄င်းနေ့တွင်အနားယူလိုပါကအလုပ်တက်သည့်အချိန်မတိုင်ခင်ကုမ္ပဏီအားအသိပေးအကြောင်းကြားပါ။ကျေးဇူးပြ၍ခွင့်ပြုချက်မရှိပဲခွင့်ရက်ယူသုံးခြင်းမလုပ်ပါနှင့်။သေချာအကြောင်းကြားပါကနောက်ပိုင်းတွင်လစာရှိခွင့်ရက်အနေဖြင့်အသိအမှတ်ပြုရယူနိုင်ပါသည်။သို့သော်လစာရှိခွင့်ရက်လျှောက်ထားခြင်းနည်းစနစ်ကို အသေးစိတ်သတ်မှတ်ထားသော ကုမ္ပဏီများလည်း ရှိသောကြောင့် ကြိုတင်အတည်ပြုပါ။
ပိတ်ရက်ရယူ၍အလုပ်တက်သည့်အခါတွင်လည်း၊မိမိပတ်ဝန်းကျင်တွင်အတူတူအလုပ်တွဲလုပ်နေသူများအား “ အနားယူခွင့်ပြုလို့ကျေးဇူးတင်ပါတယ်” ဆိုသည့်ကျေးဇူးတင်စကားပြောပါ။စိတ်ရှင်းရှင်းနှင့်
နားရက်ယူနိုင်ရန်အတွက်လုပ်ငန်းခွင်မှလူများနှင့်ဆက်ဆံရေးသည်လည်းအရေးကြီးပါသည်။
ဤဆောင်းပါးသည်ဂျပန်နိုင်ငံတွင်နေထိုင်သူများအတွက်အသိပညာနှင့်အချက်အလက်များကိုတင်ဆက်ပေးပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။