နိုင်ငံခြားသားများအနက် “ ပိတ်ရက်အနည်းငယ်ဖြင့်၊ အလုပ်အများကြီးလုပ်ပြီး လစာတိုးချင်ပါသည်” ဟု စဉ်းစားသူများရှိလိမ့်မည်။ သို့သော် ဂျပန်လူမျိုးများကတော့ဆန့်ကျင်ဘက်ဖြစ်၍ ပိတ်ရက်ကို အပြည့်ဝနားလေ့ရှိပြီး အလုပ်လုပ်သည့်အခါ တတ်နိုင်သမျှကြိုးစားတတ်ကြသည်။
ယခုတစ်ကြိမ်တွင်ဂျပန်နိုင်ငံ၏ ပိတ်ရက်များနှင့် ပတ်သက်သော စည်းမျဉ်းများကိုရှင်းပြပါမည်။
ဂျပန်နိုင်ငံတွင်စနေနေ့၊တနင်္ဂနွေနေ့နှင့်အထူးဂုဏ်ပြုနေ့ရက်များသည်ကုမ္ပဏီတော်တော်များ၏ပိတ်ရက်ဖြစ်ပြီး၊ လုပ်ငန်းအမျိုးအစားနှင့် အလုပ်အမျိုးအစားအရ နားရက်များသည် ကွာခြားပါသည်။
ဂျပန်ဥပဒေအရ အလုပ်သမားတစ်ယောက်သည် အနည်းဆုံးအနေဖြင့် တစ်ပတ်လျှင်ပိတ်ရက် တစ်ရက်ရရှိရမည်(သို့မဟုတ်)လေးပတ်တွင်ပိတ်ရက်လေးရက်နှင့်အထက်ရရှိရမည်ဟုသတ်မှတ်ထားသည်။ဤအရာကို” ဥပဒေအရပိတ်ရက်” ဟုခေါ်ပြီး၊အနည်းဆုံးပိတ်ရက်အရေတွက်အဖြစ်သတ်မှတ်ထားသည်။
ဥပဒေအရပိတ်ရက်တွင် နေ့ရက်အလိုက်သတ်မှတ်ထားခြင်းမရှိသည့်အတွက် တနင်္ဂနွေနေ့ သို့မဟုတ် စနေနေ့နှင့်ဂုဏ်ပြုရက်များတွင် အလုပ်လုပ်ရသည့်လုပ်ငန်းခွင်များရှိသည်။ ထုတ်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများသည်ပိတ်ရက်များကိုသတ်မှတ်ထားခြင်းမရှိပဲရက်အပြောင်းလဲရှိသည့် ပုံစံဖြင့်အလုပ်ချိန်သတ်မှတ်သည်မှာ ပိုများသည်။
ဂျပန်နိုင်ငံတွင် “ တစ်ရက် ၈ နာရီ၊ တစ်ပတ် ၄၀ နာရီထက်ပိုမလုပ်ရ” ဟု ဥပဒေတွင် သတ်မှတ်ထားခြင်းကို သတိပြုရမည်။ ဥပမာ တစ်ရက်လျှင် ၈ နာရီအလုပ်လုပ်ပြီး၊ တစ်ပတ်တွင် ပိတ်ရက်တစ်ရက်ရှိသည့်အခါ တစ်ပတ်၏ အလုပ်ချိန်မှာ ၄၈ နာရီဖြစ်ပြီး၊ ဥပဒေကို ချိုးဖောက်ရာကျပါမည်။
ထို့ကြောင့် အလုပ်ချိန်များကို ချိန်ညှိရန်၊ဥပဒေအရပိတ်ရက်အပြင် ကုမ္ပဏီမှသီးသန့် သတ်မှတ်ထားသော ပိတ်ရက်များရှိသည်။ ၄င်းကို “ သတ်မှတ်ထားသော ပိတ်ရက်” ဟုခေါ်သည်။
ဥပဒေအရပိတ်ရက်နှင့် သတ်မှတ်ထားသော နားရက်များကို “ အများပြည်သူပိတ်ရက်” ဟုခေါ်သည်။ အများပြည်သူပိတ်ရက် အရေအတွက်မှာ အနည်းဆုံးတစ်နှစ်လျှင် ၁၀၅ရက်ဖြစ်သည်။ ၁၂၀ရက်ထက်ပိုသော ကုမ္ပဏီများလည်းရှိသည်။ အများပြည်သူပိတ်ရက် အရေအတွက်မှာ လစာအနည်းအများနှင့်မသက်ဆိုင်ပါ။ဂျပန်လူမျိုးသည်တစ်နှစ်တာပိတ်ရက်များလျှင်အလုပ်လုပ်ရအဆင်ပြေသည်ဟုယူဆကြသောကြောင့်လုပ်ငန်းခွင်ရွေးချယ်သည့်တစ်ခုတည်းသောစံနှုန်းအဖြစ်သတ်မှတ်ထားကြသူများလည်းရှိသည်။
အလုပ်လုပ်သည့်သူဘက်မှကြည့်ပါကဥပဒေအရပိတ်ရက်ဖြစ်စေ၊သတ်မှတ်ထားသော နားရက်ဖြစ်ပါစေ၊ အတူတူပဲဟုတွေးမြင်နိုင်သော်လည်း၊လက်တွေ့မှာတော့ပိတ်ရက်တွင်အလုပ်လုပ်သည့်အခါ၊ဆတိုးလစာတွက်ခြင်းများရှိသည်။
ဥပဒေအရပိတ်ရက်တွင် အလုပ်လုပ်ခြင်းဖြစ်လျှင်၊ လစာကို ၃၅% တိုးရမည်။ တစ်နေတာလုပ်အားခ လစာ ၈၀၀၀ ယန်းဖြစ်လျှင်၊ ၁၀၈၀၀ ယန်း (၈၀၀၀ ယန်း × ၁.၃၅) ရရှိမည်ဖြစ်သည်။ နားရက်အစားထိုးရယူသော်လည်း၊ဆတိုးအနေဖြင့်၃၅% (၂၈၀၀ ယန်း) ရရှိမည်ဖြစ်သည်။
သတ်မှတ်ထားသော ပိတ်ရက်တွင် အလုပ်လုပ်ခြင်းဖြစ်လျှင် တစ်ပတ်၏ အလုပ်ချိန် ၄၀ နာရီကျော်သည့်အခါတွင်သာ၊ နားရက်အလုပ်လုပ်ခြင်းအတွက် ၂၅% တိုးရမည်။ အချိန်ပိုလုပ်သည့်အခါရသည့်ဆတိုးလစာနှုန်းစည်းမျဉ်းနှင့် တူညီပါသည်။
“ ဒါဆိုရင် ပိတ်ရက်အလုပ်လုပ်ပြီး ပိုက်ဆံပိုရှာချင်တယ်လို့” ဟု စဉ်းစားမိကောင်းစဥ်းစားမိပါလိမ့်မယ်။ သို့သော်လည်း ယေဘူယျအားဖြင့်အများပြည်သူ့ပိတ်ရက်လျှော့ပေးသည့်အထိ အလုပ်လုပ်နိုင်သည့် ကုမ္ပဏီသည်နည်းပါသည်။
အကယ်၍ယခုအချိန်ထိအများပြည်သူပိတ်ရက်အလုပ်လုပ်ခဲ့သည်များရှိခဲ့သည့်ဆိုလျှင်လည်း၊နားရက်အလုပ်တက်ခြင်း ဆတိုးလစာအကြောင်းအားသတိထားမိချင်မှထားမိပါလိမ့်မည်။
အများပြည်သူပိတ်ရက်နှင့်အချိန်ပိုကြေးစည်းမျဥ်းများကိုနားလည်ပြီး၊တွေးထားသည်ထက်လစာနည်းလျှင် ကုမ္ပဏီအား အတည်ပြုမေးမြန်းကြည့်ပါ။
တဖန်၊ဆောက်လုပ်ရေးလုပ်ငန်းနှင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့တွင်လူအင်အားမလုံလောက်ခြင်းအကြောင်းရင်းကြောင့်အချိန်ကြာရှည်သောအလုပ်ချိန်နှင့်နားရက်အလုပ်လုပ်ခြင်းသည်ပုံမှန်အနေထားတစ်ခုအနေဖြင့်ဖြစ်နေသည်။လုပ်ငန်းခွင်ပေါ်မူတည်ပြီးနားရက်ယူသည်များလည်းခက်ခဲနိုင်တာမို့ပင်ပန်းနိုင်ပါသည်။
ဤပြဿနာကို ဖြေရှင်းရန် ၂၀၂၄ ခုနှစ် ဧပြီလမှစ၍ အချိန်ပိုအလုပ်လုပ်ခြင်း၏ ထိန်းချုပ်မှုစည်းမျဉ်းများ ရှိနေပြီး၊အလုပ်လုပ်ခြင်းဆိုင်ရာအခြေနေအနေထားများပြုပြင်ပြောင်းလဲခြင်းများကိုကောင်းမွန်အောင်ပြုပြင်နေသည်။ ဆောက်လုပ်ရေးလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့သည် နိုင်ငံခြားသားများအား အလုပ်ခန့်သည့်လုပ်ငန်းများဖြစ်ပြီး၊ အလုပ်အခွင့်အလမ်းများ အများအပြားရှိပါသည်။ သို့သော်လည်း အလုပ်လုပ်ရန်မတိုင်မီအလုပ်လုပ်သည့်အခြေအနေများနှင့်လစာကိုရှင်းလင်းအတည်ပြုရန်မှာအရေးကြီးသည့်အချက်ပင်ဖြစ်သည်။
အလုပ်လုပ်၍ပိုက်ဆံရှာသည်မှာလည်းအရေးကြီးသကဲ့သို့၊အနားယူရန်မှာလည်းအရေးကြီးပါသည်။သင့်တင့်သောပိတ်ရက်ယူ၍အနားယူအပန်းဖြေသည်ကိုလည်းလုပ်ကြည့်ပါ။
ဤဆောင်းပါးသည် ဂျပန်နိုင်ငံတွင် နေထိုင်သူများအတွက် အသိပညာနှင့် အချက်အလက်များကို တင်ဆက်ပေးပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။