“ ဂျပန်တွင် အလုပ်လုပ်နေစဥ်ကိုယ်ဝန်ဆောင်ခြင်း”
“ နေမကောင်းသောမိသားစုအားစောင့်ရှောက်ရန်အတွက်ခေတ္တနိုင်ငံပြန်ချင်တယ်။”
ထိုကဲ့သို့သောအခါများတွင်, ဂျပန်နိုင်ငံ၏ ” ဥပဒေအရသတ်မှတ်ထားသောခွင့်ရက်” စနစ်ကို အသုံးပြုပါ။
ဥပဒေအရသတ်မှတ်ထားသောခွင့်ရက်သည်အလုပ်လုပ်သူဘက်မှလျှောက်ထားမှု့ရှိလျှင်ကုမ္ပဏီဘက်မှအသိမှတ်ပြုခွင့်ပြုပေးရမည့်ဥပဒေဖြင့်သတ်မှတ်ထားသည့်ခွင့်ရက်ပင်ဖြစ်သည်။လစာရှိခွင့်ရက်ဆိုသောခွင့်ရက်ရှိသကဲ့သို့ကိုယ်ဝန်ဆောင်ခြင်း၊မီးဖွားခြင်းနှင့်ကလေးစောင့်ရှောက်ပျိုးထောင်ခြင်း၊ခိုင်းဂေါ့စောင့်ရှောက်မှု့များအတွက် ခွင့်ပိတ်ရက်များလည်း ရှိပါသည်။ အသေးစိတ်ကြည့်ကြပါစို့။
■ ကိုယ်ဝန်ဆောင်ခြင်းမီးဖွားခြင်းနှင့်ကလေးစောင့်ရှောက်ပျိုးထောင်ခြင်းအတွက်အလုပ်ခွင့်ပိတ်ရက်များ
・မီးဖွားခြင်းမတိုင်မှီနှင့်မီးဖွားပြီးနောက်ခွင့်ရက်…မီးဖွားရက်မတိုင်မီ၆ပတ်အလို(အမွှာများမွေးဖွားပါက
၁၄ပတ်အကြာ)နှင့်မီးဖွားပြီးနောက်၈ပတ်အကြာအထိအလုပ်ခွင့်ပိတ်ရက်ရယူနိုင်ပါသည်။မီးဖွားပြီး၆ပတ်အတွင်းသည်အလုပ်လုပ်ဖို့တားမြစ်ထားသည်။
・ကလေးစောင့်ရှောက်ပျိုးထောင်ခြင်းအလုပ်ခွင့်ပိတ်ရက်…ကလေးအသက်၁နှစ်ပြည့်သည့်အထိအသိမှတ်ပြုနားရက်အား၂ကြိမ်မျှပြီးအလုပ်ခွင့်ပိတ်ရက် ရယူနိုင်ပါသည်။ဇနီးမောင်နှံ၂ယောက်အလှည့်ကျအလုပ်ခွင့်နားပြီးကလေးစောင့်ရှောက်ခြင်းအတွက်အချိန်ပေးအာရုံစိုက်နိုင်သည့်ကာလအားပြုလုပ်နိုင်သည်။
သို့သော်၊ ကုမ္ပဏီပေါ်မူတည်၍” အလုပ်ဝင်ပြီး ၁နှစ်ပြည့်မှသာ ကလေးစောင့်ရှောက်ပျိုးထောင်ခြင်း အလုပ်ခွင့်ပိတ်ရက် ရနိုင်သည်” ဟု သတ်မှတ်ထားသည်များလည်းရှိနိုင်ပါသည်။ ၄င်းသည် ဥပဒေအရ ခွင့်ပြုထားသောအချက်ဖြစ်သည်။ကလေးစောင့်ရှောက်ပျိုးထောင်ခြင်းခွင့်ပိတ်ရက်သည်ဥပဒေသတ်မှတ်ထားသောဆောင်ရွက်ချက်ဖြစ်သောကြောင့်အသုံးပြု၍ရမရကိုကြိုတင်အတည်ပြုမေးမြန်းထားလျှင်ပို၍ကောင်းပါသည်။
・မီးဖွားပြီးနောက်ဖခင်၏ကလေးပျိုးထောင်ခြင်းအလုပ်ခွင့်ပိတ်ရက်(မီးဖွားချိန်ကလေးစောင့်ရှောက်မှု အလုပ်ခွင့်ပိတ်ရက်)…ဖခင်ဖြစ်သူသည်မွေးဖွားပြီး၈ပတ်အတွင်းအများဆုံး၂၈ရက်တာအား၂ကြိမ်ခွဲ၍ခွင့်ယူနိုင်သည်။ ကလေးစောင့်ရှောက်ခြင်းအလုပ်ခွင့်ပိတ်ရက်အပြင်သပ်သပ်ထပ်ယူနိုင်သောခွင့်ပိတ်ရက် ဖြစ်သည်။
■ စောင့်ရှောက်မှု့အတွက် အလုပ်ခွင့်ပိတ်ရက်များ
・စောင့်ရှောက်မှု့အလုပ်ပိတ်ရက်… တစ်ဦးစီကို ၉၃ရက် အလုပ်ခွင့်ပိတ်ရက်ရယူနိုင်ပါသည်။ ၃ကြိမ်အထိ ခွဲယူနိုင်သည်။ထို့အပြင်တစ်နှစ်အတွင်း၅ရက်(၂ဦးနှင့်အထက်ရှိပါကတစ်နှစ်လျှင်၁၀ရက်)အလုပ်ပိတ်ခွင့်ရက် ရယူနိုင်သည့်စနစ်ရှိသည်။
ဤဥပဒေအရသတ်မှတ်ထားသောခွင့်ရက်များသည်ခေတ္တနိုင်ငံပြန်သည့်အခါတွင်လည်းအသုံးပြုနိုင်ပါသည်။အလုပ်ထွက်စရာမလိုပါ။အကယ်၍ကိုယ်ဝန်ဆောင်သည့်အကြောင်းပြချက်ဖြင့်အလုပ်မှထုတ်ပယ်ခြင်းရှိပါကစီမံထိန်းချုပ်ရေးအဖွဲ့နှင့်စာရင်းသွင်းထားသောအဖွဲ့များစွာထံတိုင်ပင်ဆွေးနွေးပါ။
သို့သော် ဥပဒေအရသတ်မှတ်ထားသောခွင့်ရက်ဖြင့်ခေတ္တနိုင်ငံအလည်ပြန်သည့်အခါနေထိုင်ခွင့်ကဒ်
သက်တမ်းကာလကိုသတိပြုပါ။ခွင့်ရက်အတွင်းနေထိုင်ခွင့်သက်တမ်းကာလကုန်လွန်မည့်ဆိုပါကမပြန်ခင်နေထိုင်ခွင့်ကဒ်အားသက်တမ်းတိုးထားပါ။
ထို့အပြင်လစာရှိခွင့်ပိတ်ရက်မှအပ၊ ဥပဒေအရသတ်မှတ်ထားသောခွင့်ရက်များသည်လုပ်အားခလစာ
ပေးရန်တာဝန်မရှိသောကြောင့်၊များသောအားဖြင့်လစာမဲ့နားရက်များဖြစ်သည်ကိုလည်းနားလည်သဘောပေါက်စေချင်ပါသည်။
မီးဖွားခြင်းကလေးစောင့်ရှောက်ခြင်းနှင့်စောင့်ရှောက်မှုအတွက်အလုပ်ပိတ်ရက်များသည်သင်ထည့်သွင်းထားသောလူမှု့ဖူလုံရေးအာမခံထဲမှလစာအနေနှင့်ရရှိနိုင်သည်။လစာမဲ့ခွင့်ရက်ဖြစ်သော်လည်းဝင်ငွေအနေထားတစ်ခုပုံမှန်ရရှိနိုင်သောကြောင့်စိတ်ချနိုင်ပါသည်။
「ဂျပန်နိုင်ငံ၏ ကျန်းမာရေးအာမခံ ရှိပါက ထိခိုက်မှု့များနှင့် ရောဂါများအတွက် စိတ်ချနိုင်ပါသည်။ အားသာချက်များကို ရှင်းပြပါမည်။」
「ဂျပန်နိုင်ငံရှိ အလုပ်အကိုင်အာမခံသည် အလုပ်ပြောင်းခြင်းနှင့် ကျွမ်းကျင်မှုမြှင့်တင်ခြင်းအတွက် အကောင်းဆုံးအကူအညီဖြစ်ခြင်း! အကျိုးကျေးဇူးများနှင့် သတိပြုရန်အချက်များ」
ဤဆောင်းပါးသည်ဂျပန်နိုင်ငံတွင်နေထိုင်သူများအတွက်အသိပညာနှင့်အချက်အလက်များကိုတင်ဆက်ပေးပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။