ဖုန်းဘေလ်ကုန်ကျစရိတ်ကိုချွေတာရန်အတွက် FREE Wi-Fi ကိုအသုံးချခြင်းသည် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်သည်။
ဂျပန်နိုင်ငံတွင် လေဆိပ်များ၊ ဘူတာကြီးများ၊ မြို့နယ်ရုံး၊ရပ်ကွက်ရုံးများကဲ့သို့သော အများပြည်သူအသုံးပြုသောအဆောက်အအုံများ၊ ကုန်တိုက်များ၊ စားသောက်ဆိုင်များ၊ ၂၄နာရီစတိုးဆိုင်များ၊ ဟိုတယ်များနှင့် အဝေးပြေးဘတ်စ်ကားများတွင် အခမဲ့ Wi-Fi ကိုအသုံးပြုနိုင်သည်။
သို့သော် အခမဲ့ Wi-Fi သည် လုံခြုံရေးဆိုင်ရာ ပြဿနာများရှိနိုင်သည်။ လုံခြုံမှုမရှိသည့် Wi-Fi သည် အချက်အလက်များကို ကာကွယ်မထားခြင်းကြောင့် မကောင်းကြံနိုင်သည့်တစ်စုံတစ်ဦးက သင့်၏ အချက်အလက်များကို ခိုးယူနိုင်သည်။
လုံခြုံစိတ်ချစွာ အခမဲ့ Wi-Fi ကိုအသုံးပြုရန်အတွက် အောက်ပါအချက်များကို သတိပြုပါ။
・လုံခြုံမှုမရှိသော (သော့ခတ်အမှတ်အသားမပါဝင်သော) Wi-Fi ကိုအသုံးမပြုရန်။
・ကိုယ်ရေးကိုယ်တာအချက်အလက်ထည့်သွင်းရန် လိုအပ်သော ဝဘ်စာမျက်နှာများကို မဝင်ပါရန်။
・အသုံးမပြုသည့်အခါ Wi-Fi ၏ အလိုအလျောက်ချိတ်ဆက်မှု့ကို ပိတ်ထားပါရန်။
လုံခြုံစိတ်ချစွာ အခမဲ့ Wi-Fi ကိုအသုံးပြုနိုင်ရန်အတွက် Appများလည်းရှိပါသည်။
ဤAppကို အသုံးပြုခြင်းဖြင့် ဂျပန်နိုင်ငံရှိ အခမဲ့ Wi-Fi နေရာများတွင် အလိုအလျောက်Wi-Fiချိတ်ဆက်အသုံးပြုနိုင်ပြီး လုံခြုံရေးလည်းစိတ်ချရပါသည်။
အခမဲ့ Wi-Fi နှင့် Appများကို ထိရောက်စွာအသုံးချပြီး သင့်၏ ဆက်သွယ်ရေးဖုန်းဘေလ်ကုန်ကျစရိတ်ကို ချွေတာပြီးအသုံးပြုကြည့်ပါ။
ဤဆောင်းပါးသည် ဂျပန်၏ နေထိုင်မှု့အတွက် အသုံးဝင်သည့် သတင်းအချက်အလက်များကို မျှဝေပေးပြီး သင့်အား ကူညီရန် ရည်ရွယ်ပါသည်။
ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။