ဂျပန်တွင်ဖုန်းနံပါတ်စာချုပ်ချုပ်မည်ဆိုပါက?  နိုင်ငံခြားသားများအတွက် အကောင်းဆုံး SIM ကဒ်များကို မိတ်ဆက်ပေးပါမည်!

ဂျပန်တွင်နေထိုင်ခြင်း

“ ဂျပန်ဖုန်းကုမ္ပဏီများနှင့်စာချုပ်ချုပ်ဆိုဖို့ ခက်ခဲတယ်” လို့ တွေးမိနေသူများ ရှိနိုင်ပါတယ်။ 

ဂျပန်ဖုန်းကုမ္ပဏီများသည်စာချုပ်ချုပ်ဆိုစစ်ဆေးခြင်းတင်းကျပ်လွန်းတာကြောင့်လုပ်နည်းလမ်းစဥ်အတိုင်းဆောင်ရွက်သော်လည်းစစ်ဆေးမှု့မအောင်မြင်သည့်အခါများလည်းရှိတက်သည်။ ထို့အပြင် လုပ်ငန်းကြီးမားကျယ်ပြန့်သည့်ကုမ္ပဏီများဖြစ်ပါကလစဉ်ပေးချေမှု့ ၅,၀၀၀ယန်း~၁၀,၀၀၀ယန်းအထိ ရှိနိုင်တာကြောင့် သုံးစွဲသူအတွက် အဖိုးခမြင့်မားနိုင်ပါတယ်။  ထိုပြဿနာများကိုဖြေရှင်းရန်ဂျပန်တွင်ရှိသည့်နိုင်ငံခြားသားများအတွက်သီးသန့်ဝန်ဆောင်မှု့ပေးကာရောင်းချပေးနေသည့် SIM ကဒ်များကိုအသုံးပြုရန်အကြံပြုပါသည်။ လျှောက်ထားရ လွယ်ကူပြီး လစဉ်အသုံးစရိတ်လည်း သက်သာပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

GTN Mobile
GTN mobileသည် ဘာသာစကားအမျိုးမျိုးဖြင့်ဝန်ဆောင်မှု့ပေးနေသောဝဘ်ဆိုဒ်တစ်ခုဖြစ်သည်။ ထိုကြောင့် လျှောက်ထားရတာ လွယ်ကူပြီး တနေ့ထဲအတွင်း စစ်ဆေးမှုပြီးမြောက်နိုင်သည်။ SIM ကဒ်ကို သင့်လိပ်စာသို့ တိုက်ရိုက်ပို့ပေးပါမည်။ ငွေပေးချေမှုအနေဖြင့် ကွန်ဗီနီမှ ပေးချေနိုင်သလို ဘဏ်အကောင့်မှ လည်းငွေ ပေးချေနိုင်ပါသည်။ ထို့အပြင် ခရက်ဒစ်ကဒ်ဖြင့် ပေးချေရန်ရွေးချယ်ပါက လစဉ်ကြေးများ စျေးလျော့နိုင်ပါသည်။ 

JP SMART SIM
JP SMART SIMသည် ဂျပန်၏ ကုမ္ပဏီအကြီးဖြစ်သည့် (DOCOMO) ၏ ကွန်ယက်ကိုအသုံးပြုထားသောကြောင့် အရည်အသွေးမြင့်မားဆက်သွယ်မှု့ကို ရနိုင်သည်။ အွန်လိုင်းမှ တိုက်ရိုက်လျှောက်ထားနိုင်ပြီး SIM ကဒ်များကို အမြန်ဆန်ဆုံးထုတ်ကာ၊ ပေး ပို့နိုင်သည်။ အမြန်ဆန်ဆုံး နောက်တစ်ရက်မှစတင်အသုံးပြုနိုင်မည်ဖြစ်သည်။ ငွေပေးချေမှုအနေဖြင့် ကွန်ဗီနီပေးချေမှု၊ ဘဏ်အကောင့် မှအလိုလျှောက်ငွေဖြတ်ခြင်း၊ ခရက်ဒစ်ကဒ်ဖြင့်ပေးချေမှုများကို ရွေးချယ်နိုင်သည်။

CONNECT SIM
CONNECT SIMသည် Facebook Messenger မှတစ်ဆင့် မိမိနိုင်ငံဘာသာဖြင့် တိုက်ရိုက်မေးမြန်းနိုင်သည်။ SNS မျှဝေခြင်းနှင့်စသုံးသည့်အခါရရှိနိုင်သည့် ရာခိုင်နှုန်းလျှော့စျေးများဖြင့် 1 GB ကို လစဉ် ၈၄၇ ယန်း မှစတင်အသုံးပြုနိုင်သည်။ လိုအပ်သောစာရွက်စာတမ်းမှာဇိုင်းယူးကဒ် (Residence Card) တစ်ခုသာဖြစ်သည်။ ကွန်ဗီနီမှ ငွေပေးချေမှု့ပြုလုပ်နိုင်သည်။ 

ယခုဝန်ဆောင်မှု့များသည်ဘာသာစကားအမျိုးမျိုးဖြင့်ကူညီပံ့ပိုးပေးခြင်းနှင့်အဆင်ပြေသည့်ငွေပေးချေသည့်နည်းလမ်းများနှင့်ပြုလုပ်ထားပေးပါသည်။ဂျပန်ဘာသာနဲ့ဂျပန့်ငွေကြေးဆိုင်ရာအဖွဲ့စည်းများနှင့်အသားမကျသေးသည့်သူများအတွက်လည်းစိတ်ချစွာအသုံးပြုနိုင်ပါသည်။ ဒေတာ 3GB အသုံးပြုလျှင် လစဉ် ၁,၂၀၀〜၁,၈၀၀ ယန်းသာကျသင့်မည်ဖြစ်ပြီး ဆက်သွယ်ရေးကုမ္ပဏီကြီးများနှင့် နှိုင်းယှဉ်လျှင် ပိုမိုသက်သာပါသည်။ မိမိလိုအပ်ချက်နှင့် ကိုက်ညီသည့် ဝန်ဆောင်မှု့ကို ရွေးချယ်ပြီး ဂျပန်တွင် ဆက်သွယ်ရေးပိုမိုလွယ်ကူစေရန် ပြုလုပ်ကြည်ပါ။

ဤဆောင်းပါးသည် ဂျပန်၏ နေထိုင်မှု့အတွက် အသုံးဝင်သည့် သတင်းအချက်အလက်များကို မျှဝေပေးပြီး သင့်အား ကူညီရန် ရည်ရွယ်ပါသည်။ 

ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရှာဖွေနေသူများသည်ဖောင်မှတဆင့်ဆက်သွယ်မေးမြန်းနိုင်သည်။

စုံစမ်းရေးဖောင်