နည်းပညာအလုပ်သင်စနစ်ှသည်‌တဖန်ပြောင်းလဲလာမည်လား ? စနစ်သစ်ဖြစ်သော「 လုပ်အားပျိုးထောင်ခြင်းစနစ် 」ဖြင့် ပြောင်းလဲသွားမည့် ဂျပန်နိုင်ငံတွင်အလုပ်လုပ်ခြင်းပုံစံ ဆိုသည်မှာ     

Ikuseishuro အိခုဆေးရှူးရော့

ဂျပန်နိုင်ငံ၏ နည်းပညာအလုပ်သင်စနစ်သည် စနစ်သစ်သို့ တဖန်ပြောင်းလဲသွားမည်ကို  သင်သိပါသလား? 

နည်းပညာအလုပ်သင်စနစ်၏ မူလအစသည် ဂျပန်နိုင်ငံတွင် သင်ယူခဲ့သော နည်းပညာကို အမိနိုင်ငံတွင် အသုံးချကာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စတင်ခဲ့ခြင်းဖြစ်သည်။ ဂျပန်တွင် ရရှိသော ငွေကြေးနှင့် သင်ယူထားသော နည်းပညာကို အသုံးပြု၍ မိမိနိုင်ငံတွင် စီးပွားရေးလုပ်ငန်းကို စတင်ခဲ့သော ပုဂ္ဂိုလ်များလည်း ရှိသကဲ့သို့ နိုင်ငံတကာ‌ပံ့ပိုးကူညီမှု့အတွက်အထောက်ကူပြုသောအခန်းကဏ္ဏမှဆောင်ရွက်ပေးလာခဲ့သည်ဖြစ်သည်။ 

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

သို့သော်လည်း အချို့သော လုပ်ငန်းများတွင် နည်းပညာအလုပ်သင်များကို လုပ်အားခ‌စျေးပေါသော  အလုပ်သမားများအဖြစ် သတ်မှတ်ထားကာ အဆင်မပြေသော ပတ်ဝန်းကျင်များတွင် အလုပ်လုပ်ဆောင်စေခြင်းများ ဆက်လက်ဖြစ်ပေါ် လျက်ရှိကာအပြည်ပြည်ဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာစေခဲ့ ပါသည်။  

ထို့ကြောင့်နည်းပညာအလုပ်သင် ၏ ပြဿနာများကို ပြုပြင်ပြောင်းလဲကာ “ လုပ်အားပျိုးထောင်ခြင်းစနစ် ” သစ်ကို အသစ်ပြုလုပ်ခဲ့သည်။။ လုပ်အားပျိုးထောင်ခြင်းစနစ်တွင်  

နိုင်ငံခြားသား လူ့အရင်းမြစ်များ သည် ဂျပန်နိုင်ငံတွင် မိမိ အရည်သွေး များ တိုးတက်အောင်ပြုလုပ်ရင်း ‌သက်‌တောင့် သက်သာ ရှိစေသော အလုပ်ပတ်ဝန်းကျင်တွင်အလုပ်လုပ်နိုင်စေရန် ပံ့ပိုးပေးသည့် စနစ် ‌ဖြင့်‌ တွန်းအားပေးမည့် မူဝါဒပင်ဖြစ်သည်။ 

အဓိကပြောင်းလဲမှုများမှာ အောက်ပါအတိုင်းဖြစ်သည်- 

■ကုန်ကျစရိတ် (ပို့ဆောင် ပေးသည့် အမိနိုင်ငံမှအေဂျင်စီ ပြဿနာများကို ဖြေရှင်းခြင်း)
နည်းပညာအလုပ်သင် … ပို့ဆောင်ရေးအေဂျင်စီအား ပေးရန် ကုန်ကျစရိတ်များ ပိုမိုကြီးမားနိုင်သည် 
လုပ်အားပျိုးထောင်ခြင်းစနစ် … ကုန်ကျစရိတ်များကသင့်တင့်သောနှုန်းထားများ အဖြစ် ဆောင်ရွက်သွားမည်။ 

■အလုပ်ပြောင်းလဲခြင်း (ဂျပန်နိုင်ငံဘက်မှ ပြဿနာများကို ဖြေရှင်းခြင်း) 
နည်းပညာအလုပ်သင်… မပြုလုပ်နိုင် 
လုပ်အားပျိုးထောင်ခြင်းစနစ် … ရှောင်လွဲမရသည့် အခြေနေ များ ရှိသည့်အခါ ၌ ပြောင်းလဲ နိုင်သည့် အနေထား 

■နေထိုင်သည့်ကာလ
နည်းပညာအလုပ်သင်… အများဆုံး ၅ နှစ် (အမှတ်စဥ် (၁) ၁ နှစ် နှင့် အမှတ်စဥ် (၂) ၂ နှစ် နှင့် အမှတ်စဥ် (၃) ၂ နှစ် ) 
လုပ်အားပျိုးထောင်ခြင်းစနစ်… အခြေခံ ၃ နှစ် (၁ နှစ်အတွင်း “ နည်းပညာစစ်တမ်းအခြေခံအဆင့်” အောင်မြင်ရန်လိုအပ်)

■ဂျပန်ဘာသာစကား ကျွမ်းကျင်မှု 
နည်းပညာအလုပ်သင် … ပြုစုစောင့်ရှောက်ရေးအလုပ်သာလျှင် N4 နှင့် အထက်လိုအပ်သည်။တခြားနယ်ပယ်များ သတ်မှတ်မထားပါ။  

လုပ်အားပျိုးထောင်ခြင်းစနစ်… N5 နှင့်အထက်  

လုပ်အားပျိုးထောင်ခြင်းစနစ်အထူးကျွမ်းကျင်မှု့ သို့ ကူးပြောင်းနိုင်ခြင်းအား ရည်ရွယ်ကာ ကာလရှည်အသက်မွေးဝမ်းကြောင်း အား ပုံဖော် နိုင်သည့် အရာဖြစ်သည်။ 

 အနာဂတ်တွင် အိမ်ထောင်ဖက်နှင့် ကလေးများနှင့်အတူ ဂျပန်နိုင်ငံတွင် အမြဲတမ်းနေထိုင် ခွင့် အား ရည်မှန်းနိုင်သည်။ 

အထူးကျွမ်းကျင်မှုဆိုသည်မှာ」 ဆောင်းပါးတွင် လင့် ရှိသည်

လုပ်အားပျိုးထောင်ခြင်းစနစ် သည် ၂၀၂၇ ခုနှစ်မှ စတင်မည်ဖြစ်ပြီး၊ ၂၀၃၀ ခုနှစ်တွင် ပြီးပြည့်စုံစွာ ပြောင်း လဲ သွားးမည်ဖြစ်သည်။ 

လုပ်ငန်းနယ်ပယ်များနှင့် အလုပ်အကိုင်များသည် အထူးကျွမ်းကျင်မှုကို အခြေခံမည်ဖြစ်သည်၊ ထို့ကြောင့် နည်းပညာအလုပ်သင်ထက် အလုပ်နယ်ပယ်ကျဥ်းမြောင်းသွားနိုင်သည့်အလားလာရှိပါသည်။သို့သော်လည်း ကူးပြောင်းသည့်အခါ ၌ ခေတ္တ အားဖြင့် ကန့်သတ်ထားသည့် နယ်ပယ်များနှင့် ပတ်သတ်၍လည်း အသစ်တဖန် ထပ်ပေါင်းထည့်ဖို့ အစီစဥ် ရှိပါသည်။ 

အသေးစိတ်ဆုံးဖြတ်မှုများ ရရှိလာသောအခါ၊ ဤဆောင်းပါးတွင် ပြန်လည်ပြောကြားပေးပါမည်။ 

လုပ်အားပျိုးထောင်ခြင်းစနစ် သို့ပြီးပြည်စုံစွာ ကူးပြောင်းနိုင်သည့် အထိ နည်းပညာအလုပ်သင် အား ဆက်လက် လက်ခံသွားပါမည်။ မူဝါဒအသစ်အတိုင်းလိုက်နာဆောင်ရွက်ရင်း နည်းပညာအလုပ်သင် စနစ်၏အလုပ်ပတ်ဝန်းကျင်ပြုပြင်ပြောင်းလဲခြင်းအားလည်းမျှော်လင့်ပါသည်။  

ယခုဆောင်းပါးသည် ဂျပန်နိုင်ငံ၏နေစဥ်ဘဝတွင်အသုံးဝင်သောဗဟုသုတအချက်လက်များကိုတင်ဆက်ထားပြီးကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။ 

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

お問い合わせはこちら