ဂျပန်တွင် 「အရွယ်ရောက်သူများနေ့」 ဟုခေါ်သော အထိမ်းအမှတ်နေ့ရှိသည်။ ဇန်နဝါရီလ ဒုတိယမြောက်အပတ်၏ တနင်္လာနေ့တွင် အရွယ်ရောက်သော လူငယ်များကို လူမူအဖွဲ့စည်း၏အဖွဲ့ဝင်တစ်ယောက်အနေဖြင့် ဂုဏ်ပြုပါသည်။ အလုပ်အများစုသည် ပိတ်လေ့ရှိကြသည်။
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းမှ အခမ်းအနားကျင်းပ ပြုလုပ်ပြီး၊ 振袖furisodeဟုခေါ်သည့်အဝတ်အစားနှင့်၊ 袴 hakamaဟုခေါ်သည့်အဝတ်စားများ၊အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသောလူငယ်များ စုဝေးနေကြပြီး၊speechပြုလုပ်ခြင်းနှင့်အမှတ်တရပစ္စည်းများပေးခြင်းများပြုလုပ်ကြပါသည်။အခမ်းနားပြီးဆုံးပါကဓာတ်ပုံရိုက်ခြင်း၊ကျောင်းသားဟောင်းများတွေ့ဆုံပွဲလုပ်ခြင်းများဖြင့်ပျော်ရွှင်စွာကျင်းပပြုလုပ်ကြသည်။ နိုင်ငံခြားသားများလည်း အသက်အရွယ်အားဖြင့်အကျုံးဝင်ပါက ပါဝင်ဆင်နွှဲနိုင်ပါသည်။furisodeကိုဝတ်ဆင်၍ပါဝင်ဆင်နွှဲကြသည့်ဂျစ်ရှူးဆေးများလည်းရှိပြီး၊ဘဝအတွက်အကောင်းဆုံးအမှတ်တရဖြစ်သွားသည့်သူများလည်းရှိသည်။အရွယ်ရောက်သည်ဟုသတ်မှတ်သည့်အသက်အရွယ်သည် 18 နှစ်ဖြစ်သော်လည်း၊ အခမ်းအနားများတွင် 20 နှစ်အရွယ်များအဓိက ပါဝင်ပါသည်။ ဥပဒေပြောင်းလဲမှုကြောင့် 18 နှစ်တွင် မဲပေးခြင်း၊ ချေးငွေကတ်ပြုလုပ်ခြင်း၊ အိမ်ငှားသည့်အခါမိမိအမည်ဖြင့် ငှားရမ်းခြင်း စသည်တို့ လုပ်နိုင်သည်။ အိမ်ထောင်ပြုနိုင်သည့်အရွယ်မှာလည်း အမျိုးသား၊ အမျိုးသမီး 18 နှစ်အရွယ်ဖြစ်သည်။ သို့သော် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လောင်းကစားများသည် အသက်20 မတိုင်မီ တားမြစ်ထားသည်။
成人の日အရွယ်ရောက်သူများနေ့ သည် လူငယ်များအတွက် တန်ဖိုးရှိသော အချိန်သို့အကူးပြောင်းဖြစ်ပါသည်။မြို့ထဲလမ်းပေါ်တွင်အဝတ်စားတောက်တောက်ပြောင်ပြောင်ပုံစံဝတ်ဆင်ထားသည်ကိုတွေ့ရှိပါကနွေးထွေးစွာကူညီစောင့်ရှောက်ပေးပါ။
ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

