ဂျပန်နိုင်ငံ၏နှစ်သစ်ကူးသည်၁လပိုင်း၁ရက်နေ့ဖြစ်ပြီးနှစ်ကုန်နှစ်ကူးတွင်ကုမ္ပဏီအများစုသည်ပိတ်လေ့ရှိပါသည်။ပွဲတော်များကိုဖော်ပြရမည်ဆိုပါကအောက်ပါအတိုင်းဖြစ်ပါသည်။
■大晦日 အိုအိုမိဆိုက(ဒီဇင်ဘာ ၃၁)
အိမ်သန့်ရှင်းရေးသေချာလုပ်ပြီး၊ အလှဆင်ကာ「年越しそば」တိုရှိခိုရှိဆိုဘဆိုသည့်ခေါက်ဆွဲကို စားကြသည်။ ဘုရားကျောင်းတွင် 「除夜の鐘」jyoyanokaneဆိုသည့်ခေါင်းလောင်း တီး၍ အပြစ် ၁၀၈ ခု ဖယ်ရှားပေးသည်ဟု ယုံကြည်ကြသည်။
■初詣hatsumoude
နှစ်သစ်ကူးတွင်နတ် ဘုရားကျောင်းသို့ သွား၍ ရှိခိုးပူဇော်ကာကျန်းမာရေးနှင့် ကံကောင်းမှုအတွက် ဆုတောင်းကြသည်။ 三が日 (ဇန်နဝါရီ ၁-၃) တွင် လူအများစု သွားကြသဖြင့် အချိန်ကို အနည်းငယ် ပြောင်းသွားဖို့အကြံပြုပါသည်။
■おせち料理အိုဆဲချိဟင်းလျာ
重箱လို့ခေါ်သည့်ထပ်ဆင့်ဗူးထဲတွင်အပြည့်ထည့်ထားသော နှစ်သစ်ကူးတွင် စားသည့် ရိုးရာအစဉ်အလာအစားအစာဖြစ်ပြီး၊ မိသားစုကျန်းမာရေးနှင့် ကြီးပွားအောင်မြင်မှု အတွက်ဆုတောင်းကြသည့်အဓိပ္ပါယ်ပါရှိသည်။၄င်းကိုဝယ်ယူသည့်သူများလည်းအများပြားရှိပါသည်။
■お年玉နှစ်သစ်ကူးမုန့်ဖိုး
မိဘများနှင့် ဆွေမျိုးများက ကလေးများကို မုန့်ဖိုးပေးသည့်ဓလေ့ဖြစ်ကာ၊ကလေးများအတွက်ပျော်ရွှင်စရာကောင်းသောဓလေ့တစ်ခုပင်ဖြစ်သည်။
နှစ်သစ်ကူးနှုတ်ဆက်ခြင်း・年賀状နှစ်သစ်ကူးပို့စကတ်
「あけましておめでとうございます。今年もよろしくお願いします」 ဟု၍ မိတ်ဆက်ပြီး 年賀状ပို့စကတ် ရရှိပါက ကျေးဇူးတင်ကြောင်းပြောပေးပါ။
နှစ်သစ်ကာလတွင် ဇာတိသို့အလည်ပြန်ခြင်းများနှင့် ခရီးသွားခြင်းများကြောင့်လမ်းပန်းအခြေနေများရှုပ်ပြီး၊စရိတ်စခများလည်းကြီးနိုင်သည့်အတွက် သတိပြုဖို့တိုက်တွန်းချင်ပါသည်။
ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။


