ဂျပန်နိုင်ငံရှိခရစ်စမတ်ပွဲ‌တော်အကြောင်းအရာများကိုမိတ်ဆက်ခြင်း။illuminationမီးအလှများနှင့်ခရစ်စမတ်cakeများဖြင့်ပျော်ရွှင်စရာကောင်းသောDecember

ဂျပန်တွင်နေထိုင်ခြင်း

ခရစ်စမတ်လို့ ကြားလိုက်တာနဲ့ ဘယ်အရာတွေကို သတိရလာပါသလဲ။ ဘာသာရေးအယူအဆနောက်ခံကြောင့်ပွဲတော်မကျင်းပသည့်နိုင်ငံများလည်းရှိပေမဲ့၊ ဂျပန်မှာတော့ ခရစ်စမတ်သည်ဘာသာရေးအဓိပ္ပာယ်သိပ်မရှိပဲ၊လူကြီးလူငယ်မရွေးပျော်ရွှင်စွာဆင်နွှဲကြသည့်ဆောင်းရာသီ၏အကြီးမားဆုံးပွဲတော်ပင်ဖြစ်သည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

ဂျပန်မှာ ခရစ်စမတ်နေ့သည် အလုပ်ပိတ်ရက်မဟုတ်တဲ့အတွက် မိသားစုနှင့်ကျော်ဖြတ်ခြင်းထက် အလုပ်ကအပြန်ချစ်သူရည်းစား၊သူငယ်ချင်းများနှင့်ပျော်ရွှင်စွာညစာအတူတူစားခြင်းများပြုလုပ်လေ့ရှိကြပါသည်။ အထူးသဖြင့် ၂၄ ရက်နေ eve နေ့သည်အစည်ကားဆုံးနေ့ဖြစ်ပါသည်။

အစားအစာအနေဖြင့် ဥရောပနိုင်ငံများလိုမီးကင်ထားသည့်roast Turkey မဟုတ်ဘဲ၊ ဂျပန်မှာတော့ fried chickenများကိုသာစားသုံးသည့်ဓလေ့ဖြစ်ပြီး ရေပန်းစားပါသည်။ ၁၉၇၀ ခုနှစ်က ကြော်ငြာတစ်ခုကြောင့် ကြက်ကြောစားသည့်အလေ့အထဖြစ်လာခြင်းဖြစ်ပါသည်။စူပါမားကတ်နှင့်ကြက်ကြော်အဓိကရောင်းတဲ့ဆိုင်များတွင်လည်းကြက်ကြော်အများအပြားကိုရောင်းချခြင်းဖြင့်စည်းကားသိုက်မြိုက်နေသည်ကိုတွေ့မြင်နိုင်ပါသည်။

ကိတ်မုန့်သည်လည်းခရစ်စမတ်အတွက်မပါမဖြစ်အစားစာပင်ဖြစ်သည်။သတ်မှတ်ထားသည့်စားနေကျပုံစံသည်ခရင်မ်နဲ့စတော်ဘယ်ရီသီးပါတဲ့ Shortcake ဆိုပေမဲ့၊Chocolate Cake၊ Cheesecake၊ Bûche de Noëlစတဲ့အမျိုးအစားတွေလည်းလူကြိုက်များပါသည်။အနောက်တိုင်းမုန့်များရောင်းသည့်ဆိုင်များတွင်ကိတ်မုန့်လက်ခံယူဖို့တန်းစီနေသည့်လူတန်းကြီးများမြင်တွေ့နိုင်ပြီး၊cutcakeဝယ်စားပြီးပျော်ရွှင်ဆင်နွှဲကြသည့်သူများလည်းရှိပါသည်။

ဂျပန်မှာတော့ကလေးများကိုလက်ဆောင်ပေးသည့်အခါ၊ခေါင်းအုံးအောက်ကိုမသိအောင်ထားပေးထားသည့်ဓလေ့ရှိပါသည်။မနက်မိုးလင်းလို့လက်ဆောင်တွေ့ရသည့်အခါကလေးများပျော်ရွှင်မြူးတူးနေသည့်ပုံစံသည်လူကြီးများကိုလည်းပြုံးပျော်စေပါသည်။အရွယ်ရောက်သူများသည်eveနေ့ညစာစားသည့်အချိန်တွင် လက်ဆောင်ဖလှယ်လေ့ရှိကြပါသည်။

တစ်မြို့လုံးကိုလည်း လှပတဲ့ illuminationများဖြင့်မီးအလှဆင်ထားပြီး၊ Tokyo ရဲ့ Omotesandoနှင့် Osaka ရဲ့ Midosuji အစရှိသည့်နာမည်ကြီးသည့်နေရာတွင်သာမက ၊ Shopping Mallကုန်တိုက်များနှင့်Theme Park များတွင်လည်း ခမ်းနားထည်ဝါသည့်မြင်ကွင်းများဖြင့်ပြည့်နှက်နေပါသည်။အခမဲ့ပျော်ရွှင်ခံစားလို့ရသည့်နေရာများရှိပြီး၊ Decemberလတွင် illuminationများကိုလှည့်ပတ်ကြည့်ရှူ့ဖို့အကြံပြုတိုက်တွန်းပါသည်။

ထို့နောက်၊ခရစ်စမတ်ပြီးလျှင်ချက်ချင်းနှစ်သစ်ကူးအတွက်ပြင်ဆင်ခြင်းကိုစတင်သည်ဖြစ်သောကြောင့်၊မြို့၏ပုံပန်းသဏ္ဏာန်သည်ရုတ်ချည်းဆိုသလို၊အနောက်တိုင်းစတိုင်မှဂျပန်စတိုင်သို့ပြောင်းလဲသွားပါသည်။အလုပ်များသည့်နှစ်ကုန်နှစ်သစ်ဖြစ်သော်လည်း၊ဂျပန်၏တမူထူးခြားသောခရစ်စမတ်ကိုပျော်ရွှင်ခံစားကြည့်ပါ။

ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စုံစမ်းရေးဖောင်