အောက်တိုဘာနှင့် နိုဝင်ဘာသို့ရောက်လာပါက မနက်ခင်းနှင့် ညနေခင်းအချိန်များသည်အေးစိမ့်စိမ့်ဖြစ်လာပြီး၊Momijiရာသီစတင်လာပြီဖြစ်သည်။ ဂျပန်၏ ဆောင်းဦးရာသီအထင်ကရဓလေ့တစ်ခုဖြစ်သည့် “Momiji-gari” သည် နွေဦးရာသီ ပန်းကြည့်ပွဲဖြစ်သည့်Hanamiနှင့်တန်းတူ လူကြိုက်များသည့်ပွဲတော်တစ်ခုဖြစ်သည်။
Momiji ၊ Kaede ၊ Ginkgoအရွက်များသည် အနီနှင့် အဝါအရောင်အဖြစ်သို့ပြောင်းလာပြီး တောင်တန်းများကိုအရောင်သွေးစုံလင်စေသည့်မြင်ကွင်းသည်ဂျပန်နိုင်ငံ၏ထူးခြားလှပသည့်ရူ့ခင်းတစ်ခုဖြစ်သည်။Kyoto၊ Nara၊ Nikkou၊ Hakone အစရှိသည့် နေရာများတွင် ခရီးသွားများ ဖြင့်စည်ကားသော်လည်း၊ အနီးအနားရှိ ဘုရားကျောင်းများ၊ ပန်းခြံများတွင်လည်း လှပသည့်Momijiအရွက်များကိုခံစားနိုင်ပါသည်။ တိတ်ဆိတ်သည့် နေရာတွင် အေးဆေးစွာ ခံစားကြည့်ဖို့အကြံပြုပါသည်။
ကောက်ထားသည့် အရွက်များကို ပုံနှိပ်သိမ်းထားခြင်းသည်လုပ်ရလွယ်ကူသည့် အမှတ်တရ လက်ဆောင်တစ်ခု ဖြစ်စေသည်။ ပြုလုပ်နည်းမှာ အရွက်ကို သန့်စင်ပြီး သတင်းစာစာရွက်ကြား ညှပ်၍ အလေးဖိပြီး၊ ရက်အနည်းငယ် အသာယာ အခြောက်ခံရုံသာ ဖြစ်သည်။ ဓာတ်ပုံဘောင် သို့မဟုတ် စာရွက်ကြားတွင်အမှတ်သားအဖြစ် အသုံးပြုသည့်ကဒ်အဖြစ်ပြုလုပ်ပါက ဆောင်းဦးရာသီ၏ အမှတ်တရကို ကြာရှည်စွာ သိမ်းဆည်းထားနိုင်မည်။
(Momiji-gari) သည် ဂျပန်၏ လေးရာသီအပြောင်းအလဲကို ခံစားနိုင်သည့် အခမ်းအနားတစ်ခုဖြစ်သည်။ ဆောင်းဦးရာသီ၏ ရောင်စုံအလှတရားကို ခံစားကာ စိတ်၏ကြည်နူးရာအချိန်များကိုကျော်ဖြတ်ကြည်ပါ။
ဤဆောင်းပါးတွင်ဂျပန်၏ နေထိုင်ရာ၌ အသုံးဝင်မည့် အချက်အလက်များကို ရေးသားပေးထားပါသည်။
ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

