ဩဂုတ်လတွင်ခရီးသွားမည်ဆိုပါက သတိပြုရန်လိုအပ်ပါသည်။! ဂျပန်၏ “ Obon” အချိန်နှင့် အခမ်းအနားများကိုရှင်းပြပါမည်။

ဂျပန်တွင်နေထိုင်ခြင်း

ဂျပန်နိုင်ငံတွင် နွေရာသီတွင် အိုဘွန် (Obon) ဟုခေါ်သော ဘိုးဘွားများကို ပူဇော်ပသသည့် ဓလေ့ရှိသည်။ Obon ဆိုသည်မှာ ဩဂုတ်လ 15 ရက်နေ့ ဝန်းကျင်တွင် ဘိုးဘေးများ၏ ဝိညာဉ်များ အိမ်သို့ ပြန်လာမည်ဟု ယုံကြည်ကြပြီး ၎င်းတို့အား ကြိုဆိုရန်နှင့် ပြန်ပို့ပေးသည့် အခမ်းအနားများ ကျင်းပကြသည်။ မြန်မာနိုင်ငံတွင် သီတင်းကျွတ်ပွဲတော်နှင့် ဆင်တူနေနိုင်သည်။

အိုးဘွန်းတွင် ပန်းများနှင့် သစ်သီးဝလံများကို ကမ္မည်းတိုင်များနှင့်အုတ်ဂူများတွင် ပူဇော်ကြသည်။ Shoryo-umaဆိုသည့် (သခွားသီးကို မြင်းအဖြစ်၊ ခရမ်းသီးကို နွားအဖြစ်) ပြင်ဆင်ပြီး၁၃ ရက်နေ့တွင် Mukaebiဆိုသည့်ကြိုဆိုပွဲ မီးများထွန်းညှိကာ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင်Okuribiပြန်လည်ပို့ဆောင်ပေးသည့်မီးများထွန်းညှိထားကာအကြိုအပို့လုပ်ဆောင်ကြသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

“ BonOdori” ဟုခေါ်သောပွဲကိုလည်းဂျပန်နိုင်ငံတစ်ဝှမ်းတွင်ကျင်းပကြသည်။yukataကိုဝတ်ဆင်ပြီးကသည့်ဓလေ့သည် နွေရာသီ၏ပြယုဂ်တစ်ခုဖြစ်သည်။

Obon ရာသီအတွင်း ကုမ္ပဏီများသည် နွေရာသီပိတ်ရက်ရှည်အနားယူလေ့ရှိကြပြီး၊ဇာတိသို့အလည်ပြန်သည့်သူများခရီးသွားသည့်သူများနှင့်များပြားသည့်အတွက် ကျည်ဆန်ရထားများ၊ လေယာဉ်များနှင့် အဝေးပြေးလမ်းများ သည်လူအမြောက်အမြားနှင့်ပြည့်နှက်နေတက်သည်။ တည်းခိုခနှင့် အပန်းဖြေခ ဈေးနှုန်းများလည်း မြင့်တက်လာနိုင်သောကြောင့် သတိပြုဖို့လိုအပ်သည့်ကာလဖြစ်သည်။

မည်သူမဆို အဝေးကြီးသွားစရာမလိုဘဲ ဒေသဆိုင်ရာပွဲများတွင် ပါဝင်ခြင်းဖြင့် ဂျပန်နွေရာသီယဉ်ကျေးမှု့ကို အလွယ်တကူခံစားရင်းဂျပန်၏နွေရာသီယဥ်ကျေးမှု့ဓလေ့ကိုလေ့လာနိုင်မည်ဖြစ်သည်။

Obon သည် ဘာသာရေးအရ အရေးပါရုံသာမက မိသားစုများနှင့်ဒေသဆိုင်ရာ အသိုင်းအဝိုင်းများနှင့် ဆက်လျဥ်းမှု့ရှိနေသည့်ဂျပန်နိုင်ငံ၏အရေးကြီးသောနွေရာသီဓလေ့ထုံးတမ်းတစ်ခုအဖြစ်ပျော်ရွှင်စွာကျင်းပကြသည့်အချိန်ခါပင်ဖြစ်သည်။သင်ကိုယ်တိုင်လည်းပါဝင်ဆင်နွှဲကြည့်ဖို့တိုက်တွန်းအကြုံပြုပါသည်။

ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စုံစမ်းရေးဖောင်