ဂျပန်တွင်ဆာကူရာပန်းကြည့်ဖူးပြီးပြီလား။
မြန်မာနိုင်ငံ၏နွေဦးရာသီဖြစ်သော၄လပိုင်းတွင်ကျင်းပသည့်သင်္ကြန်(ရေသဘင်ပွဲ)သည်နာမည်ကြီးအထင်ကရပွဲဖြစ်ပြီး၊ဂျပန်လူမျိုးများအတွက်မှာမူနွေဦးရာသီဆိုပါကsakuraပန်းသာလျှင်ဖြစ်သည်။ sakuraတွေပွင့်တဲ့၄လပိုင်းသည်ဂျပန်နိုင်ငံတွင်တက္ကသိုလ်ဝင်ခွင့်များ၊လုပ်ငန်းခွင်စဝင်မည့်ဝန်းထမ်းအသစ်များခန့်အပ်သည့်ရာသီနှင့်တိုက်ဆိုင်နေသည့်အတွက်နေထိုင်မှု့အသစ်စတင်သည့်ပုံရိပ် သင်္ကေတတစ်ခုအနေဖြင့်ရှိပါသည်။
အထူးသဖြင့် အထင်ရှားဆုံး sakuraပန်းအမျိုးအစားမှာ “ someiyoshino” အမျိုးစားပင် ဖြစ်သည်။ မျိုးစိတ်အသစ်ဖန်တီးမှု့မှမွေးဖွားလာတဲ့(clone)သည်ဂျပန်နိုင်ငံတစ်ဝှမ်းမှာတပြိုင်နက်တည်းပွင့်ပြီးတပြိုင်နက်တည်းကြွေကျသည့်ထင်ရှားတဲ့လက္ခဏာရှိပါသည်။
Sakuraပန်းများပင်လုံးကျွတ် ပွင့်သည့် ဧပြီလအစပိုင်းမှာ ပန်းခြံများနှင့် မြစ်ကမ်းတလျှောက်သည် ချယ်ရီရောင်များနှင့်လွှမ်းခြုံသွားပြီး လူအများအပြားက “ ပန်းကြည့်ပွဲ (Hanami)” ကို ခံစားကြပါသည်။ အရမ်းလှတဲ့sakuraပန်းတွေကိုငေးကြည့်ကြရင်းနဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့ အေးဆေးပျော်ရွှင်စွာ အချိန်ကုန်ဆုံးကြခြင်းသည်လည်းဂျပန်ရှိနွေဦးရာသီ၏ပြယုဂ်တစ်ခုပင်ဖြစ်သည်။လုပ်ငန်းခွင်ပေါ်မူတည်ပြီးကျင်းပပြုလုပ်တဲ့ပွဲများလုပ်ကာHanamiကိုအဖွင့်စတင်သည့်အခါများလည်းရှိသည်။
Hanamiကိုပျော်ရွှင်စွာ ခံစားနိုင်ဖို့ အောက်ပါကျင့်ဝတ်များကို လိုက်နာရန် လိုအပ်ပါသည်။
■နေရာဦးယူတာမျိုးမလုပ်ပါနှင့်
လူကြိုက်များတဲ့နေရာများတွင် နံနက်အစောပိုင်းတည်းကနေရာဦးတာမျိုးများ ရှိတက်ပါသည်။ သို့သော်၊ရက်အစောကြီးကတည်းကနေရာကိုဦးယူထားတာမျိုးနှင့်၊မလိုအပ်ပဲနေရာအကျယ်ကြီးဦးယူထားခြင်းများမကိုမပြုလုပ်ပါနှင့်။ ရှောင်ကြဉ်ပါ။
■ဆူညံသံ မဖြစ်စေရန် သတိပြုပါ
အသံကျယ်လွန်းတဲ့သီချင်းသံများနှင့်အသံအကျယ်ကြီးဖြင့်စကားပြောခြင်းများကိုထိန်းသိမ်းကာဘေးပတ်ဝန်းကျင်မှလူများကို မနှောင့်ယှက်မဖြစ်စေဖို့ ဂရုစိုက်ပါ။
■ချယ်ရီပန်းများကို တန်ဖိုးထားပါ
Sakuraပန်းအကိုင်းများကိုချိုးခြင်း၊အပင်ကိုလှုပ်ရမ်းခြင်းများလုပ်ခြင်းကိုပြင်းပြင်းထန်ထန်တားမြစ်ထားပါသည်။
Sakuraပန်းကြည့်ရသည့်ကြာလသည်တိုတောင်းပြီး၊ထိုကဲ့သို့တိုတောင်းလှသည့်အလှတရားသည်ဂျပန်လူမျိုးများ၏အနုပညာအလှတရားခံစားမှု့နှင့်ထပ်တူရှိကာ၊ထူးခြားလှသည့်ဖြစ်တည်မှု့အနေဖြင့်ရှိနေပါသည်။တဖန်၊ထိုကဲ့သို့သောအချိန်ခါတွင်sakuraပန်းကိုအသုံးပြုထားသည့်မုန့်များနှင့်သောက်စရာအဖျော်ရည်များ၊sakuraဒီဇိုင်းitemပစ္စည်းများအများအပြားပေါ်ပေါက်လာကာ၊နွေဦးရာသီ၏သရုပ်ကိုပိုမိုအသက်ဝင်လာစေသည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။