မိသားစုထံသို့ငွေလွှဲချင်သူများ! ဘဏ်နှင့်နိုင်ငံခြားငွေလွှဲဝန်ဆောင်မှုများ၊ မည်သည်ကပိုတန်ပါသလဲ?

ဂျပန်တွင်နေထိုင်ခြင်း

ဂျပန်တွင်အလုပ်လုပ်နေသူအားလုံးလခရရှိသည့်ငွေကိုမည်သည့်နည်းလမ်းဖြင့်အမိနိုင်ငံသို့ငွေလွှဲပို့ပေးနေပါသလဲ။? 

ဂျပန်မှနိုင်ငံရပ်ခြားသို့ငွေလွှဲသည့်နည်းလမ်းနှစ်မျိုးရှိပါသည်။ငွေလွှဲနိုင်သည့်နည်းလမ်းအသီးသီးနှင့်ဝန်ဆောင်ခများ၊ သတိပြုစရာအချက်များကိုမျှဝေမိတ်ဆက်ပေးပါမည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

1. ဘဏ်မှ တဆင့် ငွေလွှဲခြင်း
ဂျပန်ရှိ ဘဏ်အများအပြားသည် နိုင်ငံရပ်ခြားသို့ ငွေလွှဲခြင်းများပြုလုပ်နိုင်ပါသည်။ ယုံကြည်စိတ်ချရမှု့ရှိသော်လည်း၊လွှဲပြီးတစ်ပတ်ကြာမှတစ်ဖက်သို့လွှဲငွေရောက်ရှိသည်ဖြစ်ပြီးငွေလွှဲဝန်ဆောင်ခလည်း တော်တော်များများ ကျသင့်နိုင်ပါသည်။

【ကိုးကားချက်】

・Yucho Bank (Japan Post Bank)
– ဘဏ်ကောင်တာတွင်ငွေလွှဲပါကဝန်ဆောင်ခပေးရငွေ 7,500 ယန်းဖြစ်သည်။
– အွန်လိုင်းဝန်ဆောင်မှု့ဖြစ်သည့် (Yuucho Direct International Remittance) ဖြင့်လွှဲသည့်အခါ 3,000 ယန်းသာကုန်ကျမည်ဖြစ်သည်။

・Rakuten Bank
– ငွေလွှဲခဝန်ဆောင်မှု့ မှာ750 ယန်းဖြစ်သည်။
– ငွေလဲလှယ်နှုန်းဝန်ဆောင်မှု့ (Exchange Rate Fee) နှင့် ကြားခံဘဏ်ဝန်ဆောင်မှု့ (Intermediary Bank Fee) – 1,000ယန်းကျသင့်မည်ဖြစ်သည်။

2. နိုင်ငံတကာ ငွေလွှဲ ဝန်ဆောင်မှု့များ အသုံးပြုခြင်း
ဖုန်းသို့မဟုတ် ကွန်ပျူတာမှ တဆင့် လွယ်ကူစွာ လုပ်ဆောင်နိုင်ပါသည်။ အမြန်ဆန်ဆုံး ၁၀ မိနစ်မှ ၂ ရက်အတွင်း ငွေလွှဲနိုင်ပြီး ဝန်ဆောင်ခလည်း သက်သာပါသည်။

【ကိုးကားချက်】

・SBI Remit
– ငွေလွှဲခ 460 ယန်းမှစရှိပြီး၊ ငွေပမာဏနှင့် ငွေလွှဲသည့်နိုင်ငံအပေါ်မူတည်၍ ကွဲပြားနိုင်သည်။ 

・Wise
– ဝန်ဆောင်ခသည် ငွေလွှဲပမာဏ၏ 0.33% မှစရှိသည်။ 
– ဥပမာ – ဗီယက်နမ်သို့ 50,000ယန်း ငွေလွှဲခြင်းအတွက် ဝန်ဆောင်ခသည်500 ယန်းခန့် ဖြစ်နိုင်သည်။ 


ထို့အပြင် DCOM, KYODAI Remittance, brastel REMIT ကဲ့သို့သော နိုင်ငံတကာ ငွေလွှဲ ဝန်ဆောင်မှု့များသည်လည်း စျေးသက်သာသော ဝန်ဆောင်ခဖြင့် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။ 

■ငွေလွှဲမှု့တွင် သတိပြုရမည့်အချက်များ
တရားမဝင်ဘဏ် (Chika Ginkou) ဟုခေါ်သည့် တရားမဝင် ငွေလွှဲနည်းလမ်းများရှိပါသည်။ 

လုံခြုံစိတ်ချရမှု့မရှိသောကြောင့် အလိမ်ခံရနိုင်ခြေများပါသည်။မိမိအတွက်အရေးပါသည့်

မိသားစုထံသို့ငွေလွှဲခြင်းပြုလုပ်သည့်အခါတရားဝင်နည်းလမ်းများနှင့်လွှဲခြင်းကိုသေချာပေါက်အသုံးပြုပါ။

ငွေလွှဲနည်းလမ်းရွေးချယ်ရာတွင် ဝန်ဆောင်ခ၊ ငွေလွှဲမှု့မြန်ဆန်နှုန်းနှင့် လုံခြုံစိတ်ချရမှု့ ကို ထည့်သွင်းစဥ်းစားပြီး မိမိနှင့်ကိုက်ညီသော ငွေလွှဲနည်းလမ်းကို ရွေးချယ်ရန်အရေးကြီးပါသည်။  ဤဆောင်းပါးသည် ဂျပန်တွင် နေထိုင်မှု့အတွက် အသုံးဝင်သည့် သတင်းအချက်အလက်များကို မျှဝေပေးပြီး သင့်အား ကူညီရန် ရည်ရွယ်ပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရှာဖွေနေသူများသည်ဖောင်မှတဆင့်ဆက်သွယ်မေးမြန်းနိုင်သည်။

စုံစမ်းရေးဖောင်