Credit Cardပြုလုပ်ချင်သူ နိုင်ငံခြားသားများအတွက် လိုအပ်ချက်များနှင့် ပြုလုပ်ဖို့အကြံပြုနိုင်သော ကတ်များကို မိတ်ဆက်ပေးပါမည်။
■Credit ကတ် ရရှိရန် လိုအပ်သော အဓိကအချက်များ
・ဂျပန်တွင် ဘဏ်အကောင့် တစ်ခုရှိရမည်။
・ဆက်သွယ်နိုင်သော ဖုန်းနံပါတ် တစ်ခုရှိရမည်။
・ဂျပန်တွင် လိပ်စာရှိရမည်။
・ဂျပန်တွင်နေထိုင်ခွင့် သုံးလ (၃) လအထက်ရှိရမည်။
・ဂျပန်စာ ဖတ်နိုင်/ရေးနိုင်ရမည်။
“ Tokuteiginouဗီဇာဖြင့်အလုပ်လုပ်သူများနှင့်” ” ဂျစ်ရှူးဆေးTrainingဖြင့်အလုပ်လုပ်သူများ” ဖြစ်ပါက စီမံခန့်ခွဲပေးသည့်အဖွဲ့စည်းနှင့်ကုမ္ပဏီ၏အကူညီဖြင့်Creditကတ်ပြုလုပ်ရန်လွယ်ကူနိုင်ပါသည်။
ကတ်လျှောက်ထားသည့်အခါ လိုအပ်သော အချက်အလက်များမှာ ဘဏ်အကောင့် ဖွင့်သည့်အခါ လိုအပ်သည့် အချက်အလက်များနှင့် အတူတူပင် ဖြစ်ပါသည်။ (ဥပမာ – နေထိုင်ခွင့်ဇိုင်းယူးကတ်၊ my numberကတ်၊ ဖုန်းနံပါတ် စသည်တို့ဖြစ်သည်)။ အသေးစိတ်အချက်အလက်များကို အောက်ပါ ဆောင်းပါးတွင် ကြည့်ရှုနိုင်ပါသည်။
→「လစာလက်ခံရရှိရန် မရှိမဖြစ်လိုအပ်ပါသည်။ နိုင်ငံခြားများအတွက်ဂျပန်တွင်ဘဏ်အကောင့်ကို ဘယ်လိုဖွင့်ရမလဲ? 」
■ပြုလုပ်ရန်အကြံပြုလိုသည့် Creditကတ် ကုမ္ပဏီများ
・Rakuten Card
အင်တာနက်မှ တိုက်ရိုက်လျှောက်ထားနိုင်ပြီး လွယ်ကူမြန်ဆန်သည်။ နှစ်စဉ်ကြေး (Annual Fee) အခမဲ့ဖြစ်သည်။
・Saison Card Digital
ကတ်တွင် နံပါတ်နှင့် လက်မှတ်ထိုးရာ မပါရှိသောကြောင့် ပိုမိုလုံခြုံစိတ်ချရသည်။ QuickPay အသုံးပြု၍ Touch Payment ပြုလုပ်နိုင်သည်။ အနည်းဆုံး ၅ မိနစ်အတွင်းပြုလုပ်ပေးနိုင်သည်။ နှစ်စဉ်ကြေး အခမဲ့ဖြစ်သည်။
・Mitsui Sumitomo Card (NL)
ကတ်တွင် နံပါတ်နှင့် လက်မှတ် မပါရှိသော ပုံစံဖြစ်သည်။ နှစ်စဉ်ကြေး အခမဲ့ဖြစ်သည်။
အကယ်၍Creditကတ်ပြုလုပ်ရန်စစ်ဆေးမှု့မအောင်မြင်ခဲ့ပါက၊Debitကတ်ပြုလုပ်ရန်စဉ်းစားကြည့်ပါ။စစ်ဆေးမှု့မရှိပဲထုတ်ပေးလို့ရနိုင်သည့်ကတ်ဖြစ်ပြီး၊Creditကတ်နှင့်တော်တော်များများတူညီစွာအသုံးပြုနိုင်သည်။
“ ゆうちょ銀行 (Japan Post Bank)” Yuchoဘဏ် ကိုအစပြု၍၊ ဂျပန်ရှိ ဘဏ်အသီးသီးတွင် Debit Card များပြုလုပ်ပေးနေပါသည်။
ဘဏ်အကောင့် ဖွင့်ရာတွင် တစ်ပြိုင်နက်တည်းDebit Card ကိုလည်းအတူတူ လျှောက်ထားနိုင်သည်။
Credit Cardနှင့်Debit Card ကို ကျွမ်းကျင်စွာအသုံးပြုတက်လျှင် ငွေပေးချေမှု လွယ်ကူသလို၊ ငွေကြေးကဲ့သို့အသုံးပြုနိုင်သည့်Pointsနှင့် အခွင့်ရေးများကိုလည်း အသုံးချနိုင်မည်ဖြစ်ပြီး ဂျပန်တွင် နေထိုင်မှု့ပိုမို အဆင်ပြေစေမည်ဖြစ်သည်။
ဤဆောင်းပါးသည် ဂျပန်တွင် နေထိုင်မှု့အတွက် အသုံးဝင်သည့် သတင်းအချက်အလက်များကို မျှဝေပေးပြီး သင့်အား ကူညီရန် ရည်ရွယ်ပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရှာဖွေနေသူများသည်ဖောင်မှတဆင့်ဆက်သွယ်မေးမြန်းနိုင်သည်။