ဂျပန်တွင်နေထိုင်ရန်မဖြစ်မနေလိုအပ်သည့်မှာဘဏ်အကောင့်ဖြစ်သည်။ သို့သော်၊ငွေကြေးနှင့်သက်ဆိုင်သောအရာကို မှန်ကန်စွာ အသုံးမပြုပါက၊ မထင်မှတ်ထားသော ပြဿနာများ ကြုံနိုင်ပါသည်။
ဂျပန်တွင် ဘဏ်အကောင့်ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် အောက်ပါ အချက်များကို သတိထားသင့်ပါသည်။
■လျှို့ဝှက်နံပါတ်စီမံထိန်းသိမ်းမှု့
ဘဏ်ကဒ်၏လျှို့ဝှက်နံပါတ်ကို တခြားသူများအား မပြောပါနှင့်။ မွေးသက္ကရာဇ်၊ ဆက်တိုက်ဂဏန်းများကဲ့သို့ လွယ်ကူစွာ ခန့်မှန်းနိုင်သော နံပါတ်များ သုံးခြင်းကို ရှောင်ရှားပါ။ လျှို့ဝှက်နံပါတ်ကို တစ်ခါတည်း ၃ ကြိမ်ဆက်တိုက် မှားလျှင် ဘဏ်အကောင့် Logကျသွားနိုင်ပြီး Log ပြန်ဖြေရန်နှင့်ပြန်လည်အသုံးပြုနိုင်အတွက်လုပ်ဆောင်ချက်များရှိသည့်အတွက်အလုပ်ရှုပ်စေနိုင်ပါသည်။
■ Personal information ပုဂ္ဂိုလ်ရေးအချက်အလက် ပြောင်းလဲမှု
နေရပ်လိပ်စာ၊ ဖုန်းနံပါတ် သို့မဟုတ် ဗီဇာအမျိုးအစားများ ပြောင်းလဲပါက အချိန်မှီ ဘဏ်သို့ တင်ပြအကြောင်းကြားပါ။ အချက်အလက်မမှန်ကန်လျှင် ဘဏ်ဝန်ဆောင်မှု အချို့ကို အသုံးမပြုနိုင်သည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်နိုင်သည်။
■ဘဏ်အကောင့် ငှားခြင်းနှင့် ရောင်းချခြင်း ကိုတားမြစ်ခြင်း
မိမိ၏ ဘဏ်အကောင့်ကို တခြားသူအား ငှားရမ်းပေးခြင်း သို့မဟုတ် ရောင်းချခြင်းသည် ဥပဒေအရတားမြစ်ထားသည်။လူလိမ်များထံတွင်မကောင်းတဲ့ဘက်မှအသုံးချခြင်းများ၊ များပြားစွာဖြစ်ပေါ်နေပြီးငှားရမ်းခြင်းများပြုသည့်အခါအပြစ်ပေးခံရနိုင်ပါသည်။ SNS (Facebook, Twitter စသည့် လူမှုကွန်ရက်များ) မှတဆင့် တောင်းဆိုလာမှု့များ ရှိပါက တုံ့ပြန်ပြောဆိုခြင်းလုံးဝမပြုပါနှင့်။
■ နိုင်ငံသို့အပြီးပြန်သည့်အခါ ဘဏ်အကောင့်ဖျက်သိမ်းရန်
မိမိနိုင်ငံသို့ ပြန်သည့်အခါဘဏ်အကောင့်ကိုသေချာပေါက်ဖျက်သိမ်းပြီးမှပြန်ပါ။အကောင့်ဖျက်သိမ်းမှု့ မပြုပဲ၊ပစ်ထားပါကမမှန်မကန်အသုံးပြုခံရနိုင်ချေရာခိုင်နှုန်းများပါသည်။ ထို့အပြင် အသုံးမပြုသည့် ဘဏ်အကောင့်ကို တခြားသူထံ ရောင်းချခြင်းသည် ပြစ်မှု့မြောက်ပါသည်။ နောက်တစ်ခေါက် ဂျပန်သို့ ပြန်လာမည့်အစီစဥ်ရှိပြီးအကောင့်ကိုထိုအတိုင်းဆက်လက်ထိန်းသိမ်းထားချင်ပါကဘဏ်ဖြင့်ဆွေးနွေးကြည့်ပါ။
ဂျပန်နိုင်ငံ ငွေကြေးဆိုင်ရာဌာန အဖွဲ့ (Financial Services Agency) ၏pageတွင် “ ဂျပန်တွင်နေထိုင်မှု့အတွက်ဘဏ်အကောင့်ဖွင့်ခြင်းနှင့် ငွေလွှဲမှု့အသုံးပြုပုံ” နှင့် ပတ်သက်သော လမ်းညွှန်စာအုပ်များရှိပါသည်။နိုင်ငံခြားဘာသာဖြင့်ပြန်ဆိုထားသည်များလည်းရှိသောကြောင့်သေချာပေါက်ကြည့်ကြည့်ပါ။
https://www.fsa.go.jp/user/livinginjapan.html
အထက်ပါ သတိထားရမည့်အချက်များကို လိုက်နာ၍ ဘဏ်အကောင့်ကို လုံခြုံစိတ်ချစွာ အသုံးပြုကြပါစို့။
ဤဆောင်းပါးသည် ဂျပန်တွင် နေထိုင်မှုအတွက် အသုံးဝင်သည့် သတင်းအချက်အလက်များကို မျှဝေပေးပြီး သင်၏ကြိုးစားမှု့ကိုအားပေးကူညီပံ့ပိုးပေးသွားပါမည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။