ဂျပန်တွင် အလုပ်လုပ်သည့်အခါ လစာလက်ခံရရှိရန် ဘဏ်အကောင့် လိုအပ်ပါသည်။ ဘဏ်အကောင့်ရှိပါက၊အထွေအထွေပေးချေရသည့်စရိတ်များအပြင်၊လစဥ်ဖုန်းဘေလ်ဖိုးများကိုအလိုလျောက်ဘဏ်အကောင့်ထဲမှဖြတ်ပြီးနုတ်ယူနိုင်သည်။မိမိနိုင်ငံသို့လည်းငွေလွှဲနိုင်ပါသည်။ ဘဏ်အကောင့် ထိန်းသိမ်းခသည် အခြေခံအားဖြင့်အခမဲ့ပင်ဖြစ်သည်။
■အကောင့်ဖွင့်ရန် လိုအပ်သော အရာများ
・နေထိုင်ခွင့်ကဒ်
နိုင်ငံသား၊ လိပ်စာ၊ နေထိုင်ခွင့်ဗီဇာအမျိုးအစားနှင့် နေထိုင်ခွင့်သက်တမ်းကို အတည်ပြုရန် လိုအပ်သည်။ My Number Card တောင်းဆိုလာခြင်းမျိုးလည်းရှိနိုင်သည်။
・ဖုန်းနံပါတ်
ဘဏ်နှင့်ဆက်သွယ်ရန်လိုအပ်သည်။ဖုန်းနံပါတ် မရှိပါက(Prepaid)ကြိုတင်ငွေချေစနစ် ရှိသည့်SIM ကတ်ကို ဝယ်ယူဖို့နည်းလမ်းလည်းရှိပါသည်။
ထို့အပြင် ဘဏ်ပေါ်မူတည်၍၊တံဆိပ်တုံး၊နေထိုင်နေသည့်သန်းခေါင်းစာရင်းစာရွက်လည်း လိုအပ်နိုင်ပါသည်။တဖန်၊လစာလက်ခံရန်ဘဏ်အကောင့်ဖွင့်အသုံးပြုမည်ဆိုပါကအလုပ်သဘောတူညီချက်စာချုပ် တင်ပြရန် တောင်းဆိုခြင်းမျိုးလည်းရှိပါသည်။
■အကောင့်ဖွင့်နည်း လမ်းစဉ်
1. လိုအပ်သောစာရွက်စာတမ်းများ ပြင်ဆင်ခြင်း
အထက်ဖော်ပြပါစာရွက်များကိုပြင်ဆင်ရပါမည်။
2. ဘဏ်ကောင်တာရှိ လုပ်ထုံးလုပ်နည်းများ
လမ်းညွှန်ချက်များအတိုင်း လိုက်နာလုပ်ဆောင်ပါ။ ATM ကတ်အတွက် လျှို့ဝှက်နံပါတ် (PIN) ၄ လုံးကို သတ်မှတ်ရန် လိုအပ်သည်။ နံပါတ်အားမေ့သွားမှု့ခြင်းများမဖြစ်စေရန်နှင့် မှတ်သားထားရန် လိုအပ်ပြီး တခြားသူများထံ မပြောရန် သတိပြုပါ။
3.ဘဏ်စာအုပ်နှင့် ATM ကတ် လက်ခံခြင်း
– ဘဏ်စာအုပ်ကို အကောင့်ဖွင့်သည့်နေ့ဘဏ်တွင်လက်ခံရရှိနိုင်မည်ဖြစ်သည်။
– ATM ကတ်ကို ၁~၂ ပတ်အတွင်း သင့်နေအိမ်သို့စာတိုက်မှတဆင့် ပို့ပေးမည်ဖြစ်သည်။
– မရရှိပါကမိမိအိမ်မှ စာတိုက်ပုံးကို စစ်ဆေးပါ။ မရှိလျှင် ဘဏ်သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းပါ။
ဘဏ်ပေါ်မူတည်ပြီးနိုင်ငံခြားဘာသာစကားပြောနိုင်သည့်ဝန်ထမ်းမရှိတာမျိုးဖြစ်နိုင်သည်။ထို့ကြောင့် ယုံကြည်စိတ်ချရသော ဂျပန်သူငယ်ချင်း သို့မဟုတ်လုပ်ဖော်ကိုင်ဖက်နှင့် အတူ ဘဏ်သို့သွားရန် အကြံပြုပါသည်။
တဖန်၊အင်တာနက်မှတဆင့်လျှောက်ထားပြီးလည်းအကောင့်ဖွင့်နိုင်သည်။ခန့်မှန်းခြေ ၂~၃ ပတ်အတွင်း အကောင့်ဖွင့်နိုင်ပါသည်။ အသေးစိတ်လျှောက်ထားနည်းကို ဘဏ်၏ ဝဘ်ဆိုဒ်တွင် အတည်ပြုကြည့်ရှုနိုင်ပါသည်။
အလုပ်သင်သင်တန်းသားနှင့်အထူးကျွမ်းကျင်လုပ်သားဗီဇာဖြင့်နေထိုင်မည့်သူများကိုတော့ အလုပ်သမားစီမံခန့်ခွဲရေးအဖွဲ့ သို့မဟုတ် ကုမ္ပဏီမှ အကောင့်ဖွင့်ရန်ကူညီပေးမည်ဖြစ်သည်။ သို့သော် ဘဏ်အကောင့်သည် ဂျပန်တွင် နေထိုင်ရန် အရေးကြီးသည့် အရာဖြစ်သောကြောင့်တခြားသူကိုအားလုံးပုံအပ်မထားပဲ သင်ကိုယ်တိုင်လည်း လုပ်နည်းများကို နားလည်ဖို့လုပ်ဆောင်ထားသင့်ပါသည်။
ဤဆောင်းပါးသည် ဂျပန်နိုင်ငံ နေထိုင်မှု့အတွက် အသုံးဝင်သော အချက်အလက်များကို တင်ဆက်ပေးလျက်ရှိပြီး၊ သင်၏ကြိုးစားမှု့ကိုအားပေးကူညီပံ့ပိုးပေးသွားပါမည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။