နေရာထိုင်ခင်းမှအစအသေးစိတ်သတိထားရန်လိုအပ်ပါသလား? ထင်တာထက်ပိုမိုတင်းကျပ်တဲ့ဂျပန်နိုင်ငံ၏အထက်အောက်ဆက်ဆံရေးကိုရှင်းလင်းခြင်း။

ဂျပန်တွင်အလုပ်လုပ်ခြင်း

ဂျပန်အလုပ်ခွင်တွင်အထက်အောက်ဆက်ဆံရေးတင်းကျပ်သည်ဟူ၍ ခံစားဖူးပါသလား။

ယခုတစ်ခေါက်တွင်အလုပ်ခွင်တွင်ထားရှိရမည့်အထက်အောက်ဆက်ဆံရေး၏စဥ်းစားပုံများနှင့်အပြုမူများနှင့်ပတ်သတ်ပြီးရှင်းပြပါမည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■အလုပ်ခွင်အတွင်းအထက်အောက်ဆက်ဆံရေး၏အခြေခံ
ဂျပန်လိုYakushokushaဟုခေါ်သည့်လူသည်အထက်လူကြီးဖြစ်ပြီး၊ကုမ္ပဏီဝင်သည့်အစဥ်လိုက်ပေါ်မူတည်ပြီးအထက်အောက်ဆက်ဆံရေးအားသတ်မှတ်သည်များလည်းရှိသည်။

စောစောအလုပ်ဝင်သည့်လူကိုsenpaiစီနီယာဟုသတ်မှတ်ပြီးနောက်ကျမှအလုပ်ဝင်သည့်လူ၏အထက်နေရာတွင်သတ်မှတ်ကြလေ့ရှိသည်။ဥပမာ၊နောက်မှအလုပ်ဝင်လာသည့်သူကအသက်ကြီးနေသောလူဖြစ်သော်လည်းအလုပ်ခွင်အားစောဝင်သည့်လူကိုလေးစားမှု့ထားကာ၊ဦးဆောင်ညွှန်ကြားချက်များကိုလိုက်နာရသည်မှာထုံးစံပင်ဖြစ်သည်။

သို့သော်လည်း၊နောက်မှအလုပ်ဝင်လာသူသည်အရင်အလုပ်ဝင်ထားသည့်သူထက်ရာထူးကြီးနေရာကိုလျှောက်ထားသူဖြစ်ပါကရာထူးအနေထားသတ်မှတ်ခြင်းသည်ပြောင်းပြန်ဖြစ်သွားနိုင်သည်။

ဂျပန်သည်အခြေခံအားဖြင့်အထက်လူကြီးကိုရိုသေလေးစားသည့်ယဥ်ကျေးမှု့ရှိသော်လည်းလုပ်ငန်းခွင်အတွင်းအထက်အောက်ဆင့်ရာထူးသတ်မှတ်ခြင်းမှာအစဥ်လိုက်အတိုင်း” အရာရှိ>အလုပ်စဝင်သည့်ရက် > အသက်အရွယ်” တို့ပင်ဖြစ်သည်။

■အထက်အောက်ဆက်ဆံရေး mannerအပြုမူများ
အထက်လူကြီးများစီနီယာများနှင့်စကား‌ပြောသည့်အခါယဥ်ကျေးစွာပြောသည့်စကားကိုသုံးရသည်မှာအခြေခံပင်ဖြစ်သည်။ဂျပန်လူမျိုးများသည်တစ်ဖက်လူ၏အနေအထားနှင့်အခြေနေပေါ်မူတည်ပြီးယဥ်ကျေးစွာမြှင့်တင်ပြောကြသည်။ ဂျပန်စာကို လေ့လာနေသူများအတွက် ဒါဟာ အခက်အခဲရှိနိုင်သည်။ တစ်ဖက်သူ၏ စကားကို သေချာနားထောင်ခြင်းနှင့် ညွှန်ကြားချက်များကို လိုက်နာရန် ကြိုးစားရုံဖြင့်ပင်လေးစားသည့်စိတ်ခံစားချက်ကိုဖော်ပြရာရောက်သည်။ရိုသေလေးစားစွာသုံးရမည့်အသုံးနှုန်းများကိုစကားစွမ်းရည်အနေထားတစ်ခုပြောတက်လာသည့်အခါဖြည်းဖြည်းချင်းမှတ်သားကြည့်ပါ။

တဖန် ဂျပန်လုပ်ငန်းခွင်တွင် တစ်ဦးချင်းစီကို ခေါ်သည့်အခါ၊ အမည်တွင် “ san” ကို ထည့်ခေါ်သည်မှာထုံးစံဖြစ်သော်လည်း၊ရာထူးအဆင့်ရှိသည့်သူများဖြစ်ပါက” အမည် + ရာထူးအဆင့်” ဖြင့်ခေါ်ဆိုပါသည်။ ဥပမာအားဖြင့်၊ Tanaka ၏ရာထူးအဆင့်သည် ‘buchou’ဆိုသည့် ဌာနမှူးဖြစ်ပါက “ Tanaka buchou” ဟု ခေါ်ပါသည်။

ဂျပန်လုပ်ငန်းခွင်တွင်  အထက်အောက်ဆက်ဆံရေးသည်ထိုင်ခုံနေရာအစဥ်လိုက်ဖြင့်လည်းကြည့်နိုင်သည်။အစည်းဝေးများ၊စုဝေးစားသောက်ပွဲများတွင်၊ရာထူးကြီးသည့်လူသည်’kamiza’ဟု‌ခေါ်သည့်အခန်းဝင်ပေါက်မှဝေးသည့်နေရာ၊မြင်ကွင်းကောင်းကောင်းမြင်နိုင်သည့်နေရာများတွင်ထိုင်ကြသည်မှာထုံးစံပင်ဖြစ်သည်။ပြောင်းပြန်အားဖြင့်အခန်းဝင်ပေါက်နှင့်အနီးဆုံးဖြစ်သည့်’shimoza’ဟုခေါ်သည့်နေရာသည်ရာထူးအနိမ့်ဆုံးလက်အောက်ငယ်သားထိုင်သည့်နေရာဖြစ်သည်။

ကားစီးသည့်အခါတွင်လည်း၄င်းနည်းတူဖြစ်ပါသည်။ ယာဥ်မောင်းသူ၏ အနောက်မှထိုင်ခုံသည် ရာထူးအမြင့်ဆုံးလူထိုင်သည့်နေရာဖြစ်ပြီး၊အစဥ်လိုက်အားဖြင့်ယာဥ်မောင်းသူဘေးမှထိုင်ခုံ၏အနောက်ခုံ၊နောက်အလယ်ခုံဖြစ်ပြီးယာဥ်မောင်းသူဘေးမှထိုင်ခုံတွင်ရာထူးအနိမ့်ဆုံးသူကထိုင်လေ့ရှိသည်။ ဓာတ်လှေကားစီးသည့်အခါတွင်လည်းဓာတ်လှေကားခလုတ်မှဝေးသည့်အတွင်းပိုင်းသည်ရာထူးအမြင့်ဆုံးလူ၏နေရာဖြစ်ပြီး၊ရာထူးနိမ့်သည့်လူသည်ခလုတ်ရှေ့တည့်တည့်တွင်နေရာယူပြီးခလုတ်နှိပ်ပေးရလေ့ရှိသည်။

အခြေခံအားဖြင့်ရာထူးကြီးသည့်သူသည်အရင်ဆုံးပြုမူလှုပ်ရှားလေ့ရှိပြီး၊ရာထူးနိမ့်သည့်လူသည်နောက်မှလိုက်လံဆောင်ရွက်ရသည်။

ဤကဲ့သို့သောအသေးစိတ်ကျသည့်ဂျပန်နိုင်ငံ၏mannerအပြုမူများသည်အထက်အောက်ဆက်ဆံရေးမရှိသည့်နိုင်ငံမှလာသည့်သူများအတွက်ပျင်းစရာကောင်းသည်ဟုခံစားကောင်းခံစားရနိုင်သည်။

သို့သော်လည်း၊ဂျပန်နိုင်ငံ၏အထက်အောက်ဆက်ဆံရေးများတွင်လည်းအကျိုးကျေးဇူးများရှိသည်။ အလုပ်ခွင်၏စည်းမျဥ်းစည်းကမ်းများအားလိုက်နာရလွယ်သလို၊ညွှန်ကြားချက်စနစ်များကိုသေချာပြတ်သားစွာသိနိုင်သည့်အတွက်လုပ်ငန်းဆောင်တာ၏စီးဆင်းသွားလာမှု့သည်ချောမွေ့လာနိုင်သည်။အထက်အောက်ဆက်ဆံရေးmannerများကိုလိုက်နာပြီးအထက်လူကြီး၊စီနီယာတို့နှင့်ဆက်ဆံခြင်းဖြင့်ယုံကြည်မှု့ရရှိပြီး၊တန်ဖိုးထားခံရမည်ဖြစ်သည်။ထိုသို့ဖြစ်ပါကဂျပန်တွင်အလုပ်လုပ်ခြင်းသည်ပိုမိုလွယ်ကူလာပေမည်။

စိတ်မကောင်းစရာတစ်ခုအနေနဲ့တစ်ဖက်မှာလည်း၊နိုင်ငံခြားလုပ်သားများကိုအကြမ်းဖက်ပြုမူသည့်အထက်လူကြီးများနှင့်စီနီယာများလည်းရှိနေပြန်ပါသည်။ဂျပန်တွင်၊ရာထူးကြီးသည့်သူထံမှထိုကဲ့သို့အကျိုးကြောင်းညီညွှတ်မှု့မရှိသည့်အရာများပြုမူခံရခြင်းကို【パワーハラスメント】အာဏာပြခြင်းလို့ခေါ်ပြီးကြီးမားသည့်ပြဿနာတစ်ခုအနေဖြင့်ရှိနေပါသည်။

အကယ်၍သင်သည်အလုပ်ခွင်အတွင်းအာဏာပြခံရသည်ဟုခံစားမိပါက၊သည်းခံရန်မလိုပဲယုံကြည်အားကိုးရသည့်သူများ၊အဖွဲ့အစည်းများနှင့်တိုင်ပင်ဆွေးနွေးပါ။

ယခုဆောင်းပါးသည်ဂျပန်တွင်နေထိုင်ရန်အတွက်အကျိုးပြုနိုင်သည့်ဗဟုသုတများနှင့်သတင်းအချက်လက်များကိုတင်ဆက်ပေးနေကာကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်