ဂျပန်နိုင်ငံ၏Business manner  အခြေခံချက်! “ Hōrensō” ကိုသိပါသလား?

ဂျပန်တွင်အလုပ်လုပ်ခြင်း

ဂျပန်တွင်အလုပ်လုပ်နေချိန်တွင်အထက်လူကြီးများသို့မဟုတ်လုပ်ဖော်ကိုင်ဖက်များမှ” အကျိုးကြောင်းတင်ပြပေးပါ” ၊ “ အကြောင်းကြားဖို့မမေ့ပါနဲ့” ၊ “ ဆွေးနွေးတိုင်ပင်ပါ” ဟု အကြိမ်ကြိမ် ပြောတာကိုကြုံဖူးပါသလား?

“ အကြိမ်ကြိမ်အပြောခံရတဲ့အခါယုံကြည်မှုမရှိလို့လား” ၊” ဘာကိုအကျိုးကြောင်းသတင်းတင်ပြရမှာလဲ?” ဆိုပြီးမကျေမနပ်ဖြစ်ဖူးတာမျိုးရှိကောင်းရှိပါလိမ့်မယ်။

သို့သော်၎င်းသည်” Hōrensō” ဆိုသည့်ဂျပန်Business mannerတစ်ခုဖြစ်သည်။” Houkokuအကျိုး

ကြောင်းတင်ပြခြင်း” ၊” Renrakuအကြောင်းကြားဆက်သွယ်ခြင်း” ၊” Sodanဆွေးနွေးတိုင်ပင်ခြင်း” ဆိုသည့်ထိပ်ဆုံးစကားလုံးများဖြစ်ပြီးအသီးအရွက်နာမည်ဖြစ်သည့်”Horenso”ဆိုသည့်ဟင်းနုနွယ်ရွက်နာမည်နှင့်အသံထွက်အတူတူပင်ဖြစ်သည်။

ဂျပန်လူမျိုးများသည် “ အလုပ်လုပ်သည့်အခါအဖွဲ့အစည်းနှင့်လုပ်ဆောင်ရမည်” ဆိုသည့်အသိစိတ်ပြင်းပြ

သည့်အတွက်၊Hōrensōကြောင့်အလုပ်ခွင်မှလုပ်ဖော်ကိုင်ဖက်အချင်းချင်းဆက်ဆံရေးမြန်ဆန်စေပြီး လုပ်ငန်းတွင်ကျယ်မှု့အတွက်အကျိုးရှိသည့်ဟုခံယူထားကြသည်။

“ Houkoku” ၊” Renraku” ၊” Sodan” အကုန်လုံးသည်အဓိပ္ပာယ်တူသလိုရှိသော်လည်းသုံးသည့်နေရာနှင့်အဓိပ္ပာယ်ဖော်ဆောင်ချက်များမှာကွဲပြားသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■Houkoku အကျိုးကြောင်းသတင်းတင်ပြခြင်း
မိမိအလုပ်၏တိုးတက်ပြောင်းလဲမှု့အခြေနေကိုအထက်လူကြီးကိုပြောကြားခြင်း။အမြဲတစဥ်အကျိုးကြောင်းသတင်းတင်ပြခြင်းဖြင့်လုပ်ငန်းဆောင်တာများ၏အခြေအနေကိုတိကျမှန်ကန်စွာအသိပေးနိုင်ခြင်း၊သင့်တော်တဲ့ညွှန်ကြားချက်များကိုလက်ခံရရှိနိုင်ပါသည်။

■Renraku အကြောင်းကြားဆက်သွယ်ခြင်း
လုပ်ငန်းဆောင်တာနှင့်ပတ်သတ်သည့်သတင်းအချက်လက်များနှင့်မိမိ၏အချိန်ဇယားများကိုလုပ်ငန်းခွင်မှလူများနှင့်ဖလှယ်ခြင်း။၄င်းသည်အမှားများနှင့်ပြဿနာအကြောင်းအရင်းများကို ကြိုတင်ကာကွယ်ရန် အထောက်အကူပြုပါသည်။

■Soudan စုံစမ်းခြင်း
ပြဿနာများဖြစ်ပေါ်လျှင်သို့မဟုတ်ဆုံးဖြတ်ရန်ခက်ခဲနေသည့်အခါများတွင်အထက်လူကြီးများနှင့်စီနီယာတို့ဆီမှအကြံဥာဏ်များရယူနိုင်သည်။ချက်ချင်းသတင်းတင်ပြခြင်းဖြင့်ပြဿနာကြီးမားမလာခင်သင့်တော်သည့်ဖြေရှင်းခြင်းများပြုလုပ်နိုင်မည်ဖြစ်သည်။

ယေဘုယျအားဖြင့်ဘယ်လိုမျိုးသတင်းတင်ပြမလဲ၊အကြောင်းကြားမလဲ၊ဆွေးနွေးတိုင်ပင်တာကိုလုပ်ရင်ကောင်းမလဲဆိုတာကိုခိုင်း‌ဂေါ့စောင့်ရှောက်ရေးအလုပ်ကိုဥပမာအနေဖြင့်ကြည့်ကြည့်ပါစို့။

စောင့်ရှောက်‌ရေးအလုပ်တွင်အဓိကအားဖြင့်Hōrensōလိုအပ်သည့်နေရာများမှာအောက်ပါအတိုင်းဖြစ်သည်။

  • တာဝန်ကျသည့်နေ့ရှိအဘိုးဘွားများ၏ အခြေအနေများ
  • အဘိုးဘွားများ၏ အခြေအနေပြောင်းလဲမှု့များ
  • အဘိုးဘွားများ၏ မိသားစုဆီမှတောင်းဆိုချက်များ
  • စောင့်ရှောက်မှု့ဂေဟာအတွင်းဖြစ်ပွားသည့်မတော်တဆမှု့များနှင့်ပြဿနာများ

ခိုင်းဂေါ့အလုပ်တွင်မနက်ခင်းmeetingပြုလုပ်သည့်အခါထိုနေ့၏အချိန်ဇယားနှင့်အဘိုးဘွားများ၏အခြေအနေများသတိပြုနိုင်ရန်အချက်လက်များကိုတင်ပြခြင်း၊အကြောင်းကြားဖလှယ်ခြင်းများပြုလုပ်ကြသည်။၂၄-နာရီ စောင့်ရှောက်မှု့ပေးသည့်ခိုင်းဂေါ့ဂေဟာများတွင်လုပ်ငန်းစဥ်လူအပြောင်းလဲလုပ်

သည့်အခါကျိန်းသေပေါက်သတင်းတဆင့်ပေးပို့ခြင်းကိုလုပ်ပါသည်။ဝန်ထမ်းအားလုံးသတင်းအချက်အလက်များကိုမျှဝေခြင်းဖြင့်အသုံးပြုသူအဘိုးဘွားများကိုသင့်လျော်သည့်စောင့်ရှောက်မှု့အားလုပ်ပေးနိုင်ပါသည်။

အသုံးပြုသူအဘိုးဘွားများ၏အခြေအနေပုံမှန်နှင့်မတူပဲကွဲပြားနေပါက၊စိတ်ထဲမတင်မကျဖြစ်သည့်အရာရှိပါက၊ဒီတိုင်းမထားပဲအခြားဝန်ထမ်းများသူနာပြုများနှင့်တိုင်ပင်ပါ။ရောဂါအချိန်မှီသိရှိနိုင်ခြင်းနှင့်ဖြစ်ပေါ်လာနိုင်သောပြဿနာများကိုကြိုတင်ကာကွယ်နိုင်ခြင်းများနှင့်စပ်လျှဥ်းနေတက်သည်။

အသုံးပြုသူဘိုးဘွားများအားစောင့်ရှောက်ပေးမှု့နှင့်မိသားစုများထံမှမကျေနပ်ချက်များအစရှိသည့်ပြဿနာများရှိပါကချက်ချင်းအထက်လူကြီးကိုသတင်းအချက်လက်တင်ပြပါ။လမ်းညွှန်မှု့အတိုင်းဖြေရှင်းလုပ်‌ဆောင်ခဲ့ပြီးရရှိလာသည့်ရလဒ်ကိုလည်းသေချာပေါက်အကျိုးကြောင်းတင်ပြပါ။မှန်ကန်တိကျတဲ့တင်ပြမှု့ရှိမှသာအထက်လူကြီးကပြဿနာကိုကောင်းမွန်အောင်ပြုလုပ်ရမည့်အချက်နှင့်အလားတူထပ်မံမဖြစ်ပွားစေရန်ကြိုတင်ကာကွယ်ခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။

ဤကဲ့သို့Hōrensōသည်လုပ်ငန်းဆောင်တာလုပ်ဆောင်ရာတွင်အရေးကြီးပေသည်။၄င်းသည်ခိုင်းဂေါ့အလုပ်တစ်ခုတည်းမှာသာအရေးပါနေသည်မဟုတ်ပါ။

Hōrensō ပေါ်မူတည်ပြီးဂျပန်လိုcommunicationလုပ်သည့်အခွင့်အရေးများတိုးပွားလာမည်ဖြစ်ပြီး “ အမြဲတမ်းသေသေချာချာအခြေအနေတစ်ခုကိုပြောပြပေးတာပဲ” ဟူ၍အကောင်းမြင်သတ်မှတ်ခံရမည်ဖြစ်သည်။အစမှာတော့စိတ်ရှုပ်စရာကောင်းတယ်လို့ထင်ကောင်းထင်နိုင်ပေမဲ့Hōrensō ၏ အဓိပ္ပာယ်ကို နားလည်ပြီးလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပါက ဂျပန်တွင် အလုပ်လုပ်ရန် ပိုမိုလွယ်ကူလာပါလိမ့်မည်။

ယခုဆောင်းပါးသည်ဂျပန်တွင်တွင်နေထိုင်ရန်အတွက်အကျိုးပြုနိုင်သည့်ဗဟုသုတများနှင့်သတင်းအချက်လက်များကိုတင်ဆက်ပေးနေကာကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

お問い合わせはこちら