သင်၏နိုင်ငံနှင့်မတူညီသောဂျပန်နိုင်ငံ၏အပြုမူmannerများနှင့်စည်းမျဥ်းများကြောင့်တွေဝေတာမျိုး
ဖြစ်ဖူးပါသလား?
အထူးသဖြင့်လုပ်ငန်းခွင်တွင်းအလုပ်လုပ်ကိုင်ရာတွင်ဂျပန်လူမျိုးတို့၏သီးသန့်mannerအပြုမူများနှင့်စည်းမျဉ်းများကိုမသိပါကဘာရယ်မဟုတ်သောအပြုမူလေးဖြင့်ပင်လုပ်ဖော်ကိုင်ဖက်များနှင့်ဆက်ဆံရေးမကောင်းပဲဖြစ်ကာအမှားကြီးကြီးမားမားဖြစ်သွားနိုင်သည်။
ဒါကြောင့်ယခုတစ်ခေါက်တွင်ဂျပန်၌အလုပ်လုပ်သည့်အခါအထူးအရေးကြီးသည့်” အချိန်ကိုလိုက်နာခြင်း” ဆိုသည့်mannerအကြောင်းပြောသွားပါမည်။
ဂျပန်လူမျိုးများသည် အချိန်နှင့် ပတ်သက်၍ အလွန်စည်းမျဥ်းစည်းကမ်းကြီးကြသည်။ အချိန်မလိုက်နာသူများကို” မတိကျသူ” ” မယုံကြည်ရသူ” ဆိုပြီးမကောင်းတဲ့အမြင်ဖြင့်ယူဆသတ်မှတ်လေ့ရှိသည်။
အလုပ်စတင်ချိန် ၉ နာရီဖြစ်ပါက အလုပ်သို့ ၁၀ မှ ၁၅ မိနစ်အလိုတွင် ရောက်ရှိရမည်ဖြစ်ပြီး ၉ နာရီ ကွက်တိတွင် အလုပ်ကိုစတင်နိုင်ရန် ပြင်ဆင်ထားသည်မှာပုံမှန်လုပ်ရိုးလုပ်စဥ်ဖြစ်ပါသည်။ ၉နာရီ ကွက်တိနှင့်၁မိနစ်နောက်ကျပြီးရောက်ပါကနောက်ကျသည်ဟုမှတ်ယူကာထို့အတွက်လစာဖြတ်ခြင်းခံရမည်ဖြစ်သည်။
ရထားလိုင်းများမတော်တဆမှု့ကြောင့်နောက်ကျသည့်အခါ၊မတက်သာသည့်အခြေနေအကြောင်းဖြင့်နောက်ကျမလိုဖြစ်သည့်အခါတွင်ချက်ချင်းကုမ္ပဏီကိုအကြောင်းကြားကြပါစို့။၅မိနစ်၁၀မိနစ်လောက်ပဲမို့ဆိုပြီးပေါ့ပေါ့လေးတွေးကာအကြောင်းမကြားပဲနောက်ကျမည်ဆိုပါကအလုပ်ခွင်ကလူကစိတ်ပူနေမည်ဖြစ်ပြီးသင်ကိုယ်တိုင်လည်းဒေါသထွက်ခံရပြီးစိတ်ကြည်ဖြူမှု့ရှိနိုင်မည်မဟုတ်ပါ။လုပ်ငန်းဆောင်တာများအတွက်လည်းဆုံးရှုံးနစ်နာမှု့ရှိစေပါသည်။
တဖန်၊လုပ်ငန်းခွင်ပေါ်မူတည်ပြီးအချိန်နောက်ကျခြင်းအတွက်သက်သေခံအထောက်ထားစာရွက်များတောင်းသည့်ကိစ္စရပ်များလည်းရှိတက်သည်။ယနေ့ခေတ်မှာတော့အွန်လိုင်းမှရထားချိန်နောက်ကျသည့်သက်သေအထောက်ထားစာရွက်များထုတ်ယူနိုင်သောကြောင့်မိမိအသုံးပြုနေသည့်ရထားလိုင်း၏
home-pageများကိုကြည့်ရှု့စစ်ဆေးထားဖို့အကြံပြုပါသည်။
JR West Japan: https://delay.trafficinfo.westjr.co.jp
JR East Japan: https://traininfo.jreast.co.jp/delay_certificate/
「〇အချိန်မှစပြီးmeetingတက်ပါ」ဆိုသည့်အခါတွင်သတ်မှတ်ထားသည့်အချိန်၏ ၅ မိနစ် အလိုတွင်သွားရောက်ပြီးသတ်မှတ်ချိန်အတိုင်းအတိအကျစနိုင်ရန်ပြင်ဆင်ရမည်ဖြစ်သည်။ထိုသို့မလုပ်နိုင်သည့်အခါတွင်တက်နိုင်သလောက်အမြန်ဆုံးတိုင်ပင်ပြီးအကြောင်းကြားရန်လိုအပ်သည်။
လုပ်ငန်းစတင်မည့်အချိန်နှင့်အချိန်ကိုလိုက်နာခြင်း၊ချိန်းထားသည့်အချိန်ကိုနောက်ကျခြင်းစသည်တို့သည်ဂျပန်လူမျိုးတို့၏အမြင်အရအလွန်ရိုင်းပြလွန်းသောအပြုအမူဖြစ်သည်။ဂျပန်လူမျိုးဆီကယုံကြည်မှု့ရပြီးစိတ်ချမ်းသာစွာအလုပ်လုပ်နိုင်ဖို့အတွက်သတ်မှတ်ချိန်ထက်စောလျှင်စွာလှုပ်ရှားပြုမူခြင်းနှင့်အချိန်ကိုလိုက်နာခြင်းများကိုလုပ်ဆောင်ပါ။
သို့သော် ဂျပန်တွင် အလုပ်စတင်သည့်အချိန်ကို အလေးထားပြီး အလုပ်ပြီးဆုံးချိန်ကိုတော့ မလိုက်နာခြင်းများရှိသည်။
လုပ်ငန်းအမျိုးအစားပေါ်တွင်မူတည်သော်လည်းအချိန်ပိုအကြာကြီးလုပ်ရခြင်း၊လစာမရသည့်ဝန်ဆောင်မှု့ပေးရသည့်အချိန်ပိုအလုပ်များလည်းရှိသည့်အပြင်သတ်မှတ်ထားသည့်အချိန်တွင်တော်တော်နှင့်ပြန်လို့မရနိုင်သည့်လုပ်ငန်းခွင်များလည်းရှိသည်။လုပ်ငန်းပေါ်ထားရှိရသည့်တာဝန်ခံမှု့မှတဆင့်ပြင်းပြင်းထန်ထန်အချိန်ပိုလုပ်ကြသည့်ဂျပန်လူမျိုးများလည်းရှိပါသည်။အကယ်၍လုပ်ငန်းခွင်မှအတင်းအဓမ္မအချိန်ပိုဆင်းခိုင်းသည်များရှိပါကစီမံခန့်ခွဲရေးအဖွဲ့စည်းများနှင့်မှတ်ပုံတင်ထားသောထောက်ပံ့ရေးအဖွဲ့စည်းများအစရှိသည့်ယုံကြည်ရသည့်အဖွဲ့စည်းများနှင့်တိုင်ပင်ပါ။
ဂျပန်နိုင်ငံ၏အချိန်ပိုအလုပ်စည်းမျဥ်းများနှင့်ပတ်သတ်ပြီးအောက်ပါဆောင်းပါးလင့်တွင်အတည်ပြုစစ်ဆေးနိုင်သည်။
ဂျပန်လူမျိုးတို့၏ အချိန်စည်းမျဉ်းများပေါ်ထားသည့်စိတ်သဘောထားကို နားလည်ရန် ခက်ခဲမှုများ ရှိနိုင်ပါသည်။
ရထားဆိုက်ရောက်ချိန်အတိကျဆိုက်ရောက်ခြင်းနှင့်အိမ်အရောက်ပစ္စည်းပို့သည့်ဝန်ဆောင်မှု့များသည်လည်းသတ်မှတ်အချိန်အတွင်းပို့လာခြင်းများ၊အချိန်ကိုလိုက်နာခြင်းဖြင့်နေထိုင်မှု့အဆင်ပြေနေသည့်ဥပမာသာဓကများမြောက်များစွာရှိပေသည်။
သင်ကိုယ်တိုင်ကအချိန်ကိုလေးစားလိုက်နာခြင်းဖြင့်တခြားသူများအတွက်အကျိုးပြုခြင်းစိတ်ချမ်းသာမှု့ပေးနိုင်ခြင်းများလည်းရှိပါလိမ့်မည်။ဂျပန်တွင်အဆင်ပြေသက်သာစွာအလုပ်လုပ်နိုင်ရန်အတွက်「အချိန်ကိုလိုက်နာခြင်း」mannerကိုစိတ်ထဲနှစ်ပြီးလုပ်ကြည့်ပါ။
ယခုဆောင်းပါးသည်ဂျပန်တွင်တွင်နေထိုင်ရန်အတွက်အကျိုးပြုနိုင်သည့်ဗဟုသုတများနှင့်သတင်းအချက်လက်များကိုတင်ဆက်ပေးနေကာကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။